CI စာအုပ်ထုတ်ပေးရေး စခန်းများ ပြန်ဖွင့်မည်
Dawei Watch
June 30, 2023ထိုင်းနိုင်ငံရှိ CI စာအုပ်(မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံလက်မှတ်) ထုတ်ပေးရေးစခန်းများကို အချိန်မမီလိုက်သော ရွှေ့ပြောင်းမြန်မာအလုပ်သမားများအတွက် ပြန်လည်ဖွင့်လှစ်ပေးသွားမည်ဖြစ်ကြောင်း ဘန်ကောက်ရှိ မြန်မာအလုပ်သမားသံအရာရှိရုံးထံမှ သိရသည်။ CI စာအုပ် ထုတ်ပေးသော စခန်းများကို မေလလယ်တွင် နောက်ဆုံးထားဖွင့်လှစ်ခဲ့ပြီးနောက် ပြုလုပ်ရန် အချိန်မမီလိုက်သော မြန်မာအလုပ်သမားများ ရှိနေသည့်အတွက် ပြန်လည်ဖွင့်လှစ်ပေးနိုင်ရန် စီစဉ်ဆောင်ရွက်နေခြင်းဖြစ်ကြောင်း သံအရာရှိရုံးမှ သိရသည်။ သို့သော်လည်း ပြန်လည်ဖွင့်လှစ်ပေးမည့် နေ့ရက်၊ နေရာ၊ လုပ်ငန်းစဉ် အသေးစိတ်အချက်အလက်များကို မသိရှိရသေးဘဲ မကြာမီ ထုတ်ပြန်ပေးသွားမည်ဟုသာ သံအရာရှိရုံးထံမှ သိရသည်။ “ကျွန်တော်တို့ ဖွင့်ဖို့ အစီအစဉ်ရှိပါတယ်။ အလုပ်သမားတွေ ကျန်နေတဲ့ဟာ ဆက်လုပ်ပေးဖို့လေ။ ကျွန်တော်ပြောနိုင်တာ အဲဒါလေးပါပဲနော်။ ဘယ်ရက်ဆိုတာကလည်း ကျွန်တော်တို့တိတိကျကျ ပြန်ထုတ်ပြန်ပါ့မယ်နော်” ဟု ဘန်ကောက်မြို့ မြန်မာအလုပ်သမားသံအရာရှိက ဖြေကြားသည်။ အလုပ်လုပ်ခွင့်လက်မှတ် သက်တမ်းတိုးနိုင်ရန် လျှောက်ထားသော မြန်မာအလုပ်သမားများကို ကနဦးတွင် မေလ ၁၅ […]


