BREAKING
November 3, 2025

သတင်း

ထားဝယ်ဒေသထွက် ဝါးပိုးဝါးများကို ကျားဖောင်ရာသီအတွက် စတင်ဝယ်ယူ

Dawei Watch

July 9, 2023

ထားဝယ်ဒေသထွက် ဝါးပိုးဝါးများကို ယခုနှစ် ကျားဖောင်ရာသီအတွက် မွန်ပြည်နယ်သို့ တင်ပို့ရောင်းချရန် စတင်ဝယ်ယူနေပြီဖြစ်ကြောင်း ထားဝယ်ဒေသရှိ ဝါးအရောင်းဝယ်ပြုလုပ်သူများထံမှ သိရသည်။ ကျားဖောင်ရာသီမှာ စက်တင်ဘာလတွင် စတင်ပြီး ဧပြီလအထိလုပ်ကိုင်ကြသည်။ ကျားဖောင်ပြုလုပ်ရန် ဝါးပိုးဝါးများကို ဇွန်လဆန်းပိုင်းကတည်းက စတင်ဝယ်ယူနေခြင်းဖြစ်ပြီး ယခုနှစ်အတွက် ဩဂုတ်လကုန်အထိ မွန်ပြည်နယ် ရေးမြို့သို့ အခေါက်နှစ်ဆယ်ခန့် ပို့နိုင်ရန် ရည်မှန်းထားကြောင်း ဝါးကုန်သည် တစ်ဦးက ပြောသည်။ “မနှစ်က ခေါက်ရေ နှစ်ဆယ်လောက်ရတယ်။ အခုကတော့ ရှစ်ခေါက်လောက်ပဲ ရသေးတယ်” ဟု ၎င်းက ဆိုသည်။ ဝါးတစ်ခေါက်တွင် ၁၂ဘီးကားတစ်စီးစာဖြင့် ဝါးအလုံးရေ ၁၈ဝခန့်မှ နှစ်ရာဝန်းကျင်အထိ တင်ပို့ရခြင်းဖြစ်သည်။ ယခုနှစ်ထားဝယ်ဒေသတွင် ဝါးပိုးဝါးတစ်လုံးကို ခြောက်ထောင်ကျပ်ဖြင့် လိုက်လံဝယ်ယူနေကြကြောင်း သိရသည်။ “မနှစ်က တစ်လုံးကို ငါးထောင်အများဆုံးပဲ” ဟု အထက်ပါ ဝါးကုန်သည်က ပြောသည်။ […]

ICC စုံစမ်းစစ်ဆေးရေးမှုး လာရောက်မှူးအပြီး ရိုဟင်ဂျာဒုက္ခသည်စခန်းများတွင် လူခြောက်ဦး သေဆုံး

Dawei Watch

July 9, 2023

သက်သေထွက်ဆိုချက်များ ကို စုဆောင်းရန် ရည်ရွယ်ကာ ဘင်္ဂလားဒေ့ရှ်ရှိ ရိုဟင်ဂျာ ဒုက္ခသည်စခန်းများကို နိုင်ငံတကာ ရာဇ၀တ်ခုံရုံး (ICC) ကိုယ်စားပြု စုံစမ်းစစ်ဆေးရေးမှုးတစ်ဦး၏ သွားရောက်မှုအပြီး နာရီပိုင်းအကြာ အဆိုပါ စခန်းတွင်း ရုန်းရင်းဆန်ခတ်မှု ဖြစ်ပွားကာ ရိုဟင်ဂျာ ခြောက်ဦး သေဆုံးခဲ့ကြောင်း သက်ဆိုင်ရာ ရဲတပ်ဖွဲ့က ဇူလိုင် ၇ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။ ၂၀၁၇ ခုနှစ် မြန်မာစစ်တပ်၏ ဖြိုခွင်းမှုအတွင်း မြန်မာနိုင်ငံမှ ထွက်ပြေးတိမ်းရှောင်လာသူ ရိုဟင်ဂျာ အများစုမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ခိုလှုံခဲ့ကြသည်။ မြန်မာနိုင်ငံသည် ယခုအခါ ကုလသမဂ္ဂ တရားရုံးတွင် အဆိုပါ လူမျိုးတုံးသတ်ဖြတ်မှုနှင့် စပ်လျဉ်းပြီး စုံစမ်း စစ်ဆေးခံနေရဆဲ ဖြစ်သည်။ ယခုသီတင်းပတ်အတွင်း ဖြစ်ပွားခဲ့သော အဆိုပါ အကြမ်းဖက်မှု သည် ယင်း ဒုက္ခသည် စခန်းများအတွင်း အားပြိုင်လှုပ်ရှားနေကြသည့် […]

ထားဝယ်တွင် အိမ်အမိုးဝရိန်ဆော်ရာမှ အမျိုးသားတစ်ဦးဓာတ်လိုက်

Dawei Watch

July 9, 2023

ထားဝယ်မြို့၊ကျောက်မော်ရပ်ကွက်ရှိ နေအိမ်တစ်ဆောင်တွင် အိမ်အမိုးဝရိန်ဆော်ရာမှ အမျိုးသားတစ်ဦး ဓာတ်လိုက်မှုဖြစ်ပွားခဲ့ကြောင်း ဂရုဏာမေတ္တာရှင်သွေးလှူရှင်များအဖွဲ့ထံမှသိရသည်။ ယနေနံနက် ၈ နာရီခွဲခန့်တွင် ကျောက်မော်ရပ်ကွက်ရှိ အိမ်အမှတ် ၆/ခ နှစ်ထပ်တိုက်အိမ် အမိုးမိုးရန်အတွက် သံချောင်းများကို ဝရိန်ဆက်ရမှ ဓာတ်လိုက်မှုဖြစ်ပွားခဲ့သည်ဟုသိရကြောင်း ဂရုဏာမေတ္တာရှင် အဖွဲ့မှတာဝန်ရှိသူတစ်ဦးကပြောသည်။ “ပြုတ်ကျသလားတော့ မပြောတတ်ဘူး။ လူကတော့ အပေါ်ဆုံးထပ်ရဲ့ တမံသလင်းပေါ်မှာ အဲဒီနားမှာပဲ ထားဝယ်လျှပ်စစ်ဌာနက ကရိန်းတင်ယာဉ်လည်းရှိနေတော့ လူနာကို ကရိန်းနဲ့ အောက်ချပြီး ဆေးရုံပို့ပေးထားရတယ်”ဟု ၎င်းတာဝန်ရှိသူကပြောသည်။ အဆိုပါဓာတ်လိုက်မှုဖြစ်ပွားသည့်နေအိမ်၏ အပေါ်ဆုံးထပ် အမိုးမိုးသည့်နေရာအနီးတွင် ၁၁၀၀၀ ဗို့ (၁၁ကေဗွီ)အားရှိ လျှစ်စစ်ဓာတ်အား လိုင်းကြိုးရှိသည်ဟုဆိုသည်။ ဓာတ်လိုက်သည့်အတွက်ကြောင့် အသက် ၄၉ နှစ်အရွယ်ရှိ အမျိုးသားဖြစ်သူမှာ နောက်ကျော စုတ်ပြဲသွားပြီး ခန္ဓာကိုယ်အောက်ပိုင်း လှုပ်ရှားမရတော့ကြောင်း အထက်ပါအဖွဲ့ထံမှသိရသည်။ လူနာကို ဇမ္ဗူသီရိအရေးပေါ် လူနာကူညီသယ်ဆောင်ရေးအဖွဲ့နှင့် ဂရုဏာမေတ္တာရှင် သွေးလှူရှင်အဖွဲ့တို့ပူးပေါင်း၍ […]

တစ်ပတ်အတွင်း မြန်မာ့ရေးရာ

Dawei Watch

July 8, 2023

မြန်မာနိုင်ငံတစ်ဝန်း ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်များထဲမှ ထူးခြားဖြစ်စဉ်များကို ကောက်နုတ်ကာ အပတ်စဉ် တနင်္ဂနွေနေ့တိုင်းတွင် စုစည်းဖော်ပြပေးသွားမည်ဖြစ်ပါသည်။ ဇူလိုင်လ ၂ ရက်နေ့မှ ၈ ရက်နေ့အထိ အရှေ့တီမော အစိုးရကျမ်းကျိန်ပွဲ NUG တက်ခွင့်ရ၊ စစ်ကောင်စီကန့်ကွက် တီမောလက်စ်တေးနိုင်ငံ ဝန်ကြီးချုပ်သစ်နဲ့ အစိုးရအဖွဲ့ဝင်တွေ ကျမ်းသစ္စာကျိန်ဆိုပွဲကို တရားဝင် ဖိတ်ကြားချက်အရ အမျိုးသားညီညွတ်ရေးအစိုးရ NUG တက်ရောက်ခွင့် ရရှိခဲ့ပါတယ်။ ကျမ်းသစ္စာကျိန်ဆိုပွဲအခမ်းအနားကို ဇူလိုင်လ ၁ရက်နေ့က ကျင်းပတာဖြစ်ပါတယ်။ တီမောလက်စ်တေးနိုင်ငံ သမ္မတ ဟိုဆေးရာမို့စ်ဟော်တာရဲ့ ဖိတ်ကြားချက်အရ NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်နဲ့ ချက်သမ္မတနိုင်ငံဆိုင်ရာကိုယ်စားလှယ် ဦးလင်းသန့်တို့ မြန်မာနိုင်ငံကိုယ်စားပြုအနေနဲ့ သွားရောက်ခဲ့တာဖြစ်ပါတယ်။ ခရီးစဉ်မှာ သမ္မတနဲ့လည်း သီးသန့်တွေ့ဆုံပြီး မြန်မာ့အရေးဆွေးနွေးခဲ့တယ်လို့ NUG က ထုတ်ပြန်ထားပါတယ်။ အခုလိုတက်ရောက်ဖို့ အသိအမှတ်ပြုဖိတ်ကြားခံရတာဟာ NUG အနေနဲ့ နိုင်ငံတစ်နိုင်ငံရဲ့ […]

သထုံတွင် လက်နက်ကြီးကျည်စထိမှန်ပြီး ကလေးငယ်နှစ်ဦးအပါအဝင် ခြောက်ဦး ဒဏ်ရာရ

Dawei Watch

July 8, 2023

မွန်ပြည်နယ်၊ သထုံမြို့နယ်၊ ရွှေရောင်ပြကျေးရွာအတွင်း လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် ကလေး နှစ်ဦးအပါအဝင် ဒေသခံ ခြောက်ဦး ထိခိုက်ဒဏ်ရာရရှိကြောင်း ဒေသခံများထံမှ သိရသည်။ ဇူလိုင်လ ၇ ရက်နေ့ နံနက် ၁၁ နာရီခန့်က သထုံမြို့နယ်အခြေစိုက် စစ်ကောင်စီအမြောက်တပ် (၃၁၄) တပ်ရင်းက ရွှေရောင်ပြကျေးရွာအုပ်စုအတွင်း လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ကြောင်း ကေအဲန်ယူက ယနေ့ ဇူလိုင်လ ၈ ရက်နေ့တွင် ထုတ်ပြန်ထားသည်။ အဆိုပါတပ်ရင်းက ပစ်ခတ်လိုက်သည့် လက်နက်ကြီးကျည်တစ်လုံးသည် ရွှေရောင်ပြကျေးရွာအတွင်း ကျရောက်ပေါက်ကွဲခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြသည်။ ကျည်စထိမှန်ကာ အသက် ၅ နှစ်နှင့် ၉ နှစ်အရွယ် ကလေးငယ်နှစ်ဦး၊ အသက် ၅၆ နှစ်အရွယ် နော်မုလားဖေ၊ အသက် ၁၈ နှစ်အရွယ် နော်မိထူး၊ အသက် ၅၇ နှစ်အရွယ် […]

ပုရစ်များကို ပရိုတင်းဓာတ်အတွက် အစားထိုးစားသုံးနိုင်ဟုဆို

Dawei Watch

July 8, 2023

ထိုင်းနိုင်ငံ မြောက်ပိုင်း ဖစ်ဆာနူလုပ် ခရိုင်ရှိ နရဲစွမ် တက္ကသိုလ်သည် ပုရစ်များကို ပရိုတင်း အစားထိုး စားသုံးနိုင်သည့် အရင်းအမြစ်တစ်ခုအဖြစ် သုတေသနပြုနေလျက် ရှိကာ အဆိုပါ အင်းဆက်သည် အနာဂတ်တွင် ပရိုတင်းပြတ်လပ်မှုပြဿနာကို ကိုင်တွယ်ဖြေရှင်းနိုင်မည်ဟု မျှော်မှန်းထားကြောင်း သိရသည်။ အဆိုပါ တက္ကသိုလ်၏ စိုက်ပျိုးရေး၊ သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဌာနမှ တွဲဖက်ပါမောက္ခ ၊ ဒေါက်တာ ကာနစ်သာ ရုထရာသနာမုန်ကိုး (Kanittha Rutrattanamongkol) ၏ သုတေသနစာတမ်းအရ ၎င်း၏အဖွဲ့သည် ပရိုတင်းဓာတ် အစားထိုးနိုင်သည့် အရင်းအမြစ်များအဖြစ် အခြေခံ ထုတ်လုပ်ထားသည့် ကြက်သား ၊ ဝက်အူချောင်းများအပြင်  အင်းဆက်များ စသည်တို့ထံမှ ရနိုင်သည့် ပရိုတင်းဓာတ်များကို လေ့လာနေကြောင်း သိရသည်။ ၎င်းသုတေသန ပြုချက်တွင်း အဆိုပြုထားသော ဟင်းပွဲများထဲမှ တစ်ခုသည် […]

Coldplay နှင့် Blackpink ရှိုးပွဲများကြောင့် အင်ဒိုနီးရှားတွင် အွန်လိုင်းပေါ်မှ ချေးငွေရယူနှုန်းမြင့်တက် 

Dawei Watch

July 8, 2023

ကိုဗစ်-၁၉ ကပ်ရောဂါကာလအလွန် ကမ္ဘာတဝှမ်းမှာ တေးဂီတဖျော်ဖြေပွဲများ ပြန်လည်လုပ်လာကြသည့် အတောတွင်း အင်ဒိုနီးရှားနိုင်ငံမှာလည်း Coldplay နှင့် Blackpink စသည့် အဖွဲ့များ၏ ဖျော်ဖြေပွဲများ အတွက် ငွေ အလျင်လိုလာသောကြောင့် အွန်လိုင်းပေါ်မှ တစ်ဆင့် ချေးငွေ ရယူမှုနှုန်း မြင့်တက်လာကြောင်း သိရသည်။ အင်ဒိုနီးရှားနိုင်ငံတွင်း ဒစ်ဂျစ်တယ် ပလက်ဖောင်းများပေါ်မှတစ်ဆင့် ရယူထားပြီး ပေးချေရန် ကျန်ရှိနေသေးသော ချေးငွေများသည် ယခုနှစ် ၊ မေလတွင် ၅၁ ဒသမ ၅ ထရီလီယံ ရူပီယာ ပမာဏ အထိ ရောက်ရှိခဲ့ပြီး အဆိုပါ ပမာဏသည် လွန်ခဲ့သည့် တစ်နှစ်ကျော်ကထက် ၂၈ ရာခိုင်နှုန်း တိုးလာသည်ဟု ဘဏ္ဍာရေး ဝန်ဆောင်မှု အာဏာပိုင်အဖွဲ့ OJK မှပြောကြားခဲ့သည်။ ယခုအခါ သက်ဆိုင်ရာ စည်းကမ်း […]

တစ်ပတ်အတွင်း ကမ္ဘာ့ရေးရာ

Dawei Watch

July 7, 2023

ကမ္ဘာ့တစ်ဝန်း ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်များထဲမှ ထူးခြားဖြစ်စဉ်များကို ကောက်နုတ်ကာ အပတ်စဉ် စနေနေ့တိုင်းတွင် စုစည်းဖော်ပြပေးသွားမည်ဖြစ်ပါသည်။ ဇူလိုင်လ ၁ ရက်နေ့မှ ၇ ရက်နေ့အထိ ပြင်သစ်ဆန္ဒပြပွဲ ငါးရက်မြောက်နေ့တွင် လူ ၇၀၀ ကျော်ဖမ်းဆီးခံရ ပြင်သစ်နိုင်ငံ ဆူပူဆန္ဒပြမှုတွေဖြစ်ပေါ်လာပြီး ၅ ရက်မြောက်နေ့မှာ ဖမ်းဆီးခံရသူ ၇၀၀ ကျော် ရှိတယ်လို့ ပြည်ထဲရေး ဝန်ကြီးဌာနက ဇူလိုင်လ ၂ ရက်နေ့က ပြောကြားလိုက်ပါတယ်။   ဆယ်ကျော်သက် လူငယ်တဦးဖြစ်တဲ့ နာဟဲလ်အမ်ကို ရဲတပ်ဖွဲ့ကနေ ဖမ်းဆီးစစ်ဆေးနေချိန် ပစ်သတ်ခဲ့လို့ မကျေနပ်မှုတွေနဲ့ ဆူပူဆန္ဒပြမှုတွေ ဖြစ်ပေါ်လာခဲ့တာပါ။ ဇူလိုင်လ ၁ ရက်နေ့က ဖမ်းဆီးခဲ့သူ အရေအတွက် ၇၁၉ ဦး ရှိခဲ့တယ်လို့ ရဲတပ်ဖွဲ့က အတည်ပြုခဲ့ပါတယ်။ ဒီအရေအတွက်က ပြီးခဲ့တဲ့ရက်က ၁၃၀၀ […]