BREAKING
November 3, 2025

သတင်း

ပုလောတွင် စိတ်ကြွဆေးဖြန့်ဖြူးသူကို ပြည်သူ့ကာကွယ်ရေးတပ်က ဖမ်းဆီး

Dawei Watch

July 12, 2023

မြိတ်ခရိုင်၊ ပုလောမြို့နယ်၊ လက္ကူးရွာတွင် စိတ်ကြွဆေး ဖြန့်ဖြူးရောင်းချနေသူကို ပြည်သူ့ကာကွယ်ရေးတပ်က လာရောက်ဖမ်းဆီးသွားကြောင်း ဒေသခံများ ထံမှသိရသည်။ လက္ကူးရွာနေ စိတ်ကြွဆေး ဖြန့်ဖြူးရောင်းချနေသည့် ညီအကိုနှစ်ဦး၏ နေအိမ်ကို ပြည်သူ့ကာကွယ်ရေးတပ်က ဇူလိုင် ၁၀ ရက်ညတွင် လာရောက်ဖမ်းဆီးခဲ့ရာ စိတ်ကြွဆေး(မြင်းဆေး) အမြောက်အများနှင့် ငွေကျပ်သိန်းလေးရာနီးပါးကို သိမ်းဆည်းရမိသည်ဟု ဒေသခံများ ကပြောသည်။ ယင်းသို့ဖမ်းဆီးရာတွင် အကိုဖြစ်သူကိုဖမ်းမိခဲ့သော်လည်း ညီဖြစ်သူ ကိုသိန်းကြီး ဆိုသူမှာ ထွက်ပြေးလွတ်မြောက်သွားသည်ဟု ဒေသခံများ ကပြောသည်။ “သူတို့က ပင်လယ်ငါးဖမ်းလှေတွေကို အကြီးအကျယ် ဖြန့်ဖြူးနေတဲ့သူတွေပါ။ (စိတ်ကြွဆေး)အလုံးအရေအတွက်တော့ တိကျမသိဘူး။ဆေးတန်ဖိုးက သိန်းတစ်ထောင်နီးပါးလောက် ရှိတယ်လို့ပြောတယ်။ ကြေးပြား(ပိုက်ဆံ)က သိန်းလေးရာနီးပါး အသိမ်းခံရတယ်လို့သိရတယ်”ဟု ဒေသခံအမျိုးသား ကပြောသည်။ ဖမ်းဆီးခဲ့မှုနှင့် ပတ်သက်ပြီး အချက်အလက်များကိုတော့ သက်ဆိုင်ရာ ပြည်သူ့ကာကွယ်ရေးတပ်က လတ်တလော သတင်းထုတ်ပြန်ထားခြင်းမရှိသေးပေ။ လက္ကူးရွာတွင် မူးယစ်ဆေးရောင်းချနေမှုကို […]

လောင်းလုံးတွင် စစ်ကောင်စီက လက်နက်ကြီးဖြင့်ပစ်ခတ်သဖြင့် ခမောင်းတောင်ရွာသူတစ်ဦးဒဏ်ရာရ

Dawei Watch

July 12, 2023

လောင်းလုံးမြို့နယ် နခံတောကျေးရွာဘက်မှ စစ်ကောင်စီတပ်သည် ယနေ့ ဇူလိုင်လ ၁၂ရက် နံနက် ၉နာရီခန့်မှ စတင်ကာ လက်နက်ကြီးဖြင့်ပစ်ခတ်နေပြီး ခမောင်းတောင်ရွာသူတစ်ဦး လက်နက်ကြီးကျည်စ ထိမှန်ဒဏ်ရာရကြောင်း ဒေသခံများက ပြောသည်။ ယနေ့ နံနက်ပိုင်းတွင် ထားဝယ် ကမြောကင်းတံတားဘက်မှ နခံတောကျေးရွာဘက်သို့ စစ်ကောင်စီတပ်ကား ၄ စီးခန့် ဖြင့် ဝင်ရောက်လာပြီး ယင်းကျေးရွာတောင်ထိပ်မှ လက်နက်ကြီးဖြင့် ပစ်ခတ်နေခြင်းဖြစ်ကြောင်း ၎င်းတို့က ဆိုသည်။ ယင်းသို့ပစ်ခတ်သည့် လက်နက်ကြီးကျည်မှာ နခံတောနှင့် တစ်ဆက်တစ်စပ်တည်း တည်ရှိသည့် ခမောင်းတောင်ရွာတွင် ကျရောက်ပေါက်ကွဲမှုကြောင့် ဒေသခံအမျိုးသမီးတစ်ဦး ဒဏ်ရာရထားကြောင်း ဒေသခံတို့က ပြောဆိုသည်။ စစ်ကောင်စီတပ်ဖွဲ့သည် နခံတောကျေးရွာ၊ ခမောင်းတောင်ကျေးရွာ လမ်းပိုင်းတစ်လျှောက်တွင် နေရာယူထားပြီး နခံတောတောင်ထိပ်မှ လက်နက်ကြီးဖြင့် ပစ်ခတ်နေခြင်းဖြစ်ကြောင်း ဒေသခံတို့ထံမှ သိရသည်။ နံနက် ၁၀ နာရီခန့်တွင် မိနစ်အနည်းငယ်ကြာ […]

ထားဝယ်ထောင် ဝန်ထမ်းအချို့ဆီမှ မူးယစ်ဆေးဝါးများတွေ့ဟုဆို

Dawei Watch

July 12, 2023

ထားဝယ်အကျဉ်းထောင်ကို စစ်ကောင်စီ နယ်လုံဝန်ကြီးနှင့် စစ်ကောင်စီတပ်သားများ ဇူလိုင်လ ၁၁ ရက်နေ့က ဝင်ရောက်စစ်ဆေးမှုအပြီး ထောင်ဝန်ထမ်းအချို့ဆီမှ မူးယစ်ဆေးဝါးများတွေ့ရှိကြောင်း ထောင်နှင့် နီးစပ်သူအချို့ထံက သိရသည်။ စစ်ကောင်စီ၏ တနင်္သာရီတိုင်း နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး သိန်းလင်းကိုယ်တိုင် ဝင်စစ်ခြင်းဖြစ်သည်ဟု အကျဉ်းထောင်နှင့် နီးစပ်သူတစ်ဦးက ပြောသည်။ “ထောင်ဝန်ထမ်းတွေမှာ ကိုယ်တိုင် မူးယစ်ဆေးတွေတွေ့လို့ပြောတယ်” ဟု အထက်ပါအမျိုးသားက ဆိုသည်။ ထားဝယ်အကျဉ်းထောင်တွင် ထောင်ဝန်ထမ်းများကိုယ်တိုင် မူးယစ်ဆေးဝါးရောင်းချနေတာရှိသည်ဟု နိုင်ငံရေးအကျဉ်းသားဟောင်းများ၏ ပြောဆိုချက်များအရ သိရသည်။ “ထောင်ထဲမှာကတော့ အဲ့လိုပဲ၊ ထောင်ထဲမှာလည်း စစ်တာရှိသလို လူကြီးတွေလာတဲ့အခါ အဖွဲ့စုံနဲ့ စစ်ဆေးတာလည်းရှိတယ်။ ထောင်ဝန်ထမ်းတွေကိုယ်တိုင် မူးယစ်ဆေးရောင်းတာရှိတယ်” ဟု နိုင်ငံရေးအကျဉ်းသား‌ဟောင်း တစ်ဦးကဆိုသည်။ မနေ့နေ့လယ်ပိုင်းက ထားဝယ်အကျဉ်းထောင်အတွင်းနှင့် အပြင်တွင် စစ်ကောင်စီတပ်သားများကို အင်အားအလုံးအရင်းနှင့်တွေ့ရပြီး ကား ၇ စီးခန့်ရှိသည်ဟုလည်း မျက်မြင်‌တွေ့သူအချို့၏ […]

ရန်ကုန်-မော်လမြိုင်လမ်းတွင် မိုင်းပေါက်ကွဲပြီး အမျိုးသားတစ်ဦး ပြင်းထန်ဒဏ်ရာရ

Dawei Watch

July 12, 2023

မွန်ပြည်နယ်၊ သထုံမြို့နယ်၊ မြေနီကုန်းကျေးရွာအနီး ရန်ကုန်-မော်လမြိုင်ကားလမ်းတွင် မိုင်းပေါက်ကွဲပြီး ဘေးတွဲဆိုင်ကယ်မောင်းနှင်လာသည့် အမျိုးသားတစ်ဦး ပြင်းထန်ဒဏ်ရာရရှိကြောင်း ဒေသခံတို့ထံမှ သိရသည်။ ဇူလိုင်လ ၁၁ ရက်နေ့ နံနက်ပိုင်းက ၇ နာရီခွဲဝန်းကျင်က မိုင်းပေါက်ကွဲမှုဖြစ်ပွားစဉ် နောင်ကုလားကျေးရွာဘက်မှ သထုံမြို့ဘက်သို့ မောင်းနှင်လာသည့် ဘေးတွဲဆိုင်ကယ်တစ်စီးအား ထိမှန်သွားကြောင်း ၎င်းတို့က ပြောသည်။ မိုင်းထိမှန်မှုကြောင့် ဘေးတွဲဆိုင်ကယ်မောင်းနှင်သူ နောင်ကုလားကျေးရွာသား အသက် ၄၅နှစ်အရွယ် ဦးအောင်မြင့်ကြည် (ခေါ်) ကိုမောင်စီးဆိုသူသည် ဝမ်းဗိုက်၊ ပေါင်နှင့် ခြေထောက်တို့တွင် ပြင်းထန်ဒဏ်ရာရကြောင်း ဒေသခံတို့က ဆိုသည်။ မိုင်းစထိမှန် ဒဏ်ရာရရှိသူကို လူမှုကယ်ဆယ်ရေးအဖွဲ့အကူအညီဖြင့် သထုံခရိုင်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ပြီး ထိုမှတစ်ဆင့် ရန်ကုန်ဆေးရုံသို့ လွှဲပြောင်းပို့ဆောင်ပေးခဲ့ကြောင်း လူမှုကယ်ဆယ်ရေးအဖွဲ့တို့ထံမှ သိရသည်။ “ဒီလမ်းပိုင်းမှာ ပစ်ခတ်မှုတွေလည်း ခဏခဏဖြစ်နေတယ်။ ကားတွေ ဆိုင်ကယ်တွေ မိုင်းထိတဲ့ဖြစ်စဉ်ကလည်း ခပ်စိပ်စိပ်ပါပဲ။ […]

ဝန်ကြီးချုပ်ရွေးရန် နာရီပိုင်းအလိုတွင် ပီထာကို ထိုင်းရွေးကော်က ခုံရုံးတင်ရန် ဆုံးဖြတ်

Dawei Watch

July 12, 2023

ထိုင်းဝန်ကြီးချုပ်ရွေးချယ်ရန် နာရီပိုင်းသာ လိုတော့သည့်အချိန်တွင် ထိုင်းနိုင်ငံ ဝန်ကြီးချုပ်လောင်း ပီထာ လင်မ်ဂျာဂျွန်ရတ်ကို မီဒီယာကုမ္ပဏီတစ်ခု၏ ရှယ်ယာပိုင်ဆိုင်မှုများနှင့်ပက်သက်၍ ရွေးကောက်ပွဲကော်မရှင်က ဖွဲ့စည်းပုံ အခြေခံဥပဒေခုံရုံးတင် စစ်ဆေးရန်ဆုံးဖြတ်လိုက်ပြီဖြစ်ကြောင်း ယနေ့ (ဇူလိုင် ၁၂) တွင် ကြေညာလိုက်သည်။ ယင်းဆုံးဖြတ်ချက်ကို ရွေးကောက်ပွဲကော်မရှင်က သုံးရက်ကြာ လက်ခံစဉ်းစားပြီးနောက် ထုတ်ပြန်လိုက်ခြင်းဖြစ်ပြီး ထိုင်းလွှတ်တော်က မနက်ဖြန် ဇူလိုင် ၁၃ ရက်နေ့ နံနက် ၉ နာရီခွဲအချိန်တွင် ထိုင်းဝန်ကြီးချုပ်အသစ်ကို ရွေးကောက်တင်မြှောက်တော့မည်ဖြစ်သည်။ ဝန်ကြီးချုပ်လောင်းကို စုံစမ်းစစ်ဆေးရေးအတွက် ရွေးကောက်ပွဲကော်မရှင်၏ အချက်အလက် စိစစ်ရေးကော်မတီကလည်း သက်သေအလုံအလောက်ကို ရရှိထားပြီဖြစ်ကြောင်း ဆိုထားသည်။ ရွေးကောက်ပွဲကော်မရှင်က ပီတာကို မီဒီယာကုမ္ပဏီတစ်ခုဖြစ်သော iTV ၏ ရှယ်ယာ ၄၂၀၀၀ ပိုင်ဆိုင်ထားမှုကြောင့် လွှတ်တော်အမတ်အနေဖြင့် ရွေးကောက်ခံခွင့်မရှိဆိုသော စွပ်စွဲချက်ကို စုံစမ်းစစ်ဆေးနေခဲ့ခြင်းဖြစ်သည်။ ပီထာက အဆိုပါရှယ်ယာများသည် ၂၀၀၇ ခုနှစ်ကတည်းက လုပ်ကိုင်ခဲ့ခြင်းမရှိတော့ပဲ […]

ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ခဲ့ဟု ထိုင်းနိုင်ငံခြားရေး ဝန်ကြီးပြော

Dawei Watch

July 12, 2023

အကျဉ်းချခံထားရသော ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခဲ့ကြောင်း ထိုင်းနိုင်ငံခြားရေး ဝန်ကြီးက အာဆီယံ အစည်းအဝေးတွင် ပြောဆိုခဲ့ကြောင်း ကျိုဒို သတင်းဌာနတွင် ဖော်ပြထားသည်။ စက်ရပ်အထူးသတင်းအဖြစ် ဖော်ပြထားခြင်းဖြစ်ပြီး အသေးစိတ်ကို တင်ပြထားခြင်း မရှိသေးပေ။ ထိုင်းနိုင်ငံခြားရေး ဝန်ကြီးသည် မြန်မာစစ်ကောင်စီနှင့် ထိတွေ့ဆက်ဆံခြင်း၊ အခြားနိုင်ငံများနှင့် အစည်းအဝေးများ ဖိတ်ကြားစီစဉ်ခြင်းတို့ကြောင့် မကြာခဏ ဝေဖန်ခံရသည်။ ၎င်း၏ သက်တမ်း မကုန်မီ မကြာသေးမီက မြန်မာနိုင်ငံသို့ ရုတ်တရက်သွားရောက်ခဲ့ခြင်း အတွက်လည်း အကြီးအကျယ်ဝေဖန်ခံခဲ့ရသည်။ အာဆီယံနိုင်ငံခြားရေး ဝန်ကြီးများ အစည်းအဝေးကို အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာမြို့တွင် ကျင်းပလျက်ရှိသည်။ ကုလသမဂ္ဂအပါအဝင် အထူးသံတမန်များ၊ စေ့စပ်ညှိနှိုင်းလိုသူများက ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံရန် အကြိမ်ကြိမ်တောင်းဆိုသော်လည်း တွေ့ခွင့်မရခဲ့ပေ။ နောက်ဆက်တွဲ — PanOrient သတင်းတွင်မူ ထိုင်းနိုင်ငံခြားရေး ဝန်ကြီး နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ ဇူလိုင် […]

ထိုင်းဝန်ကြီးချုပ်သစ်ကို မနက်ဖြန် ရွေးကောက်တင်မြှောက်မည်

Dawei Watch

July 12, 2023

ထိုင်းလွှတ်တော်က မနက်ဖြန် ဇူလိုင် ၁၃ ရက်နေ့ နံနက် ၉ နာရီခွဲအချိန်တွင် ထိုင်းဝန်ကြီးချုပ်အသစ်ကို ရွေးကောက်တင်မြှောက်တော့မည်ဖြစ်သည်။ ဖိထာ ခေါင်းဆောင်သော Move Forward ပါတီသည် ပြီးခဲ့သည့် မေလ ၁၄ ရက် အထွေထွေရွေးကောက်ပွဲတွင် အမတ်နေရာ ၁၅၁ နေရာဖြင့် အနိုင်ရရှိခဲ့သည်။ သို့သော်လည်း အစိုးရဖွဲ့နိုင်မည့် အမတ်အရေအတွက်ကို မရရှိသဖြင့် ပီထာ ဝန်ကြီးချုပ်ဖြစ်ရေး အာမခံချက်မရှိသေးဘဲ ဖြစ်နေခဲ့သည်။ ရွေးကောက်ပွဲပြီးနောက် အနိုင်ရ Move Forward ပါတီက ဦးဆောင်၍ Pheu Thai ပါတီအပါအဝင် ပါတီ ၈ ခုနှင့် ညွန့်ပေါင်းမဟာမိတ်အဖြင့် ဖွဲ့စည်းခဲ့သည်။ ညွန့်ပေါင်းမဟာမိတ်ဖွဲ့တွင် အောက်လွှတ်တော်အမတ်နေရာ ၃၁၂ နေရာကို ရရှိထားပြီးဖြစ်သည်။ သို့သော် ဖိထာ ဝန်ကြီးချုပ်ဖြစ်ရန်အတွက် အထက်လွှတ်တော်နှင့် အောက်လွှတ်တော်အမတ် စုစုပေါင်း ၇၅၀ ၏ ထက်ဝက်ထောက်ခံမဲ ၃၇၆ […]

ထားဝယ်တွင် Facebook အကောင့်ခိုးပြီး ငွေလိမ်မှု အဖြစ်များလာ

Dawei Watch

July 12, 2023

လူမှုကွန်ရက်မီဒီယာတစ်ခုဖြစ်သည့် Facebook အကောင့်ကို ခိုး(ဟက်)ယူပြီး ငွေလိမ်မှုများ ထားဝယ်ဒေသတွင် ခပ်စိပ်စိပ်ဖြစ်လာနေကြောင်း စုံစမ်းသိရှိရသည်။ လတ်တလောတွင် ထားဝယ်ဒေသမှ စီးပွားရေးလုပ်ငန်းရှင်တစ်ဦး၏ Facebook အကောင့်ကိုခိုးယူပြီး အသိမိတ်ဆွေများထံမှ ငွေလိမ်သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့သည်။ အဆိုပါစီးပွားရေးလုပ်ငန်းရှင်၏ မိတ်ဆွေက Facebook မက်စင်ဂျာမှပို့လာသည့် စာနှင့်အတူပါရှိသည့် လင့်ခ်ကို နှိပ်မိရာမှ အကောင့်ခိုးခံရပြီး ငွေလိမ်သွားခြင်းဖြစ်သည်။ ထားဝယ်မြို့မှ စီးပွားရေးလုပ်ငန်းရှင်ထံ “လူလိမ်ဆိုပြီး Post တင်ခံထားရတာတွေ့တယ်။ တော်တော်တူတယ်။ ဟုတ်မဟုတ်တော့ သေချာမသိဘူး။ တွေ့ပြီးပြီလား။ တွေ့လို့သတိလာပေးတာပါ။ အောက်က Post မှာပါ” ဟုရေးသားထားသည့် စာနှင့်တွဲဖက်၍ အကောင့်လင်ခ်တစ်ခုကို ပေးပို့ခဲ့သည်။ ယင်းလင့်ခ်ကို နှိပ်မိရာမှ Facebook အကောင့်ခိုးယူခံရပြီး စီးပွားရေးလုပ်ငန်းရှင်အကောင့် အပါအဝင် စီးပွားရေးပါတနာငါးဦးခန့်၏ အကောင့်များကိုပါဟက်ကာ အကောင့်ခိုးယူထားသူက အပြန်အလှန် ငွေချေးခဲ့ခြင်းဖြစ်သည်။ ထူးခြားချက်မှာ အကောင့်ဟက်ခံထားရသည့် […]