ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

ထားဝယ်အထူးစီးပွားရေးဇုန်အတွင်း ထိတွေ့ပစ်ခတ်မှုဖြစ်

Dawei Watch

October 25, 2025

ရေဖြူမြို့နယ်၊ ထားဝယ်အထူးစီးပွာရေးဇုန်ဧရိယာအတွင်း စစ်အာဏာရှင်တပ်နှင့် တော်လှန်ရေးပူးပေါင်းတပ်တို့ကြား ယနေ့ အောက်တိုဘာလ ၂၅ ရက် နံနက်ပိုင်းတွင် နှစ်ဖက်ထိတွေ့ပစ်ခတ်မှုဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။ အောက်တိုဘာလ ၁၈ ရက်က ရေဖြူဘက်မှ ခမောင်းချောင်းကျေးရွာဘက်သို့ စစ်ကြောင်းထိုးလာသည့် စစ်အာဏာရှင်တပ်နှင့် တော်လှန်ရေးပူးပေါင်းတပ်တို့ ခမောင်းချောင်းနှင့် ဝက်ချောင်းကျေးရွာကြား ထိတွေ့ပစ်ခတ်မှု ဖြစ်ပွားခဲ့ပြီးနောက် သီတင်းပတ် တစ်ပတ်ခန့်အကြာတွင် ထိတွေ့ပစ်ခတ်မှုထပ်မံ ဖြစ်ပွားခြင်းဖြစ်သည်။ ထားဝယ်အထူးစီးပွားရေးဇုန်နှင့် ထိုင်းနိုင်ငံသို့ ချိတ်ဆက်ဖောက်လုပ်ထားသည့် လမ်းမကြီးပေါ်တွင် ယနေ့ ၂၅ရက် နံနက် ၇နာရီခွဲမှ ၈နာရီဝန်းကျင်အထိ နာရီဝက်ခန့်ကြာ နှစ်ဖက်ထိတွေ့ပစ်ခတ်မှုဖြစ်ပွားကြောင်း ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။ “စစ်ကြောင်းကတော့ ဟိုနေ့က တိုက်ပွဲဖြစ်တဲ့ စစ်ကြောင်းပဲ။ အဲဒီနားတစ်ဝိုက်ပဲ ပတ်သွားနေတာ။ အခုမနက်ပစ်ကြတာ နာရီဝက်လောက်ရှိမယ်” ဟု ၎င်းက ဆိုသည်။ နှစ်ဖက် ထိတွေ့ပစ်ခတ်မှုကြောင့် နဘုလယ်ဒေသက […]

တနင်္သာရီနှင့် မြိတ်တွင် စစ်အာဏာရှင်တပ်ပစ်သည့် လက်နက်ကြီးနှင့် ဒရုန်းကြောင့် ကလေးတစ်ဦးအပါ ဒေသခံသုံးဦး ဒဏ်ရာရ

Dawei Watch

October 25, 2025

မြိတ်နှင့် တနင်္သာရီမြို့နယ်တို့တွင် စစ်အာဏာရှင်တပ်က လက်နက်ကြီးဖြင့်ပစ်ခတ်ခြင်း၊ ဒရုန်းဖြင့် ဗုံးချတိုက်ခိုက်ခြင်း တို့ကြောင့် ကလေးတစ်ဦးအပါအဝင် အရပ်သား သုံးဦးဒဏ်ရာရကြောင်း ဒေသခံများထံမှ သိရသည်။ အောက်တိုဘာလ ၂၄ရက် မွန်းလွဲ ၁နာရီဝန်းကျင်တွင် တနင်္သာရီမြို့နယ်၊ မော်တုန်းရွာအခြေစိုက် အမှတ် ၃၀၆ စစ်အာဏာရှင် အမြောက်တပ်ရင်းက တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ အနောက်မော်တုန်းရွာကို ဒရုန်းဖြင့် ဗုံးနှစ်လုံးကြဲချပြီး လက်နက်ကြီးဖြင့် လည်း ပစ်ခတ်ကြောင်း ဒေသခံတစ်ဦးက ပြောသည်။ ယင်းသို့ ပစ်ခတ်တိုက်ခိုက်ရာတွင် အသက် ၅၀ ဝန်းကျင် အမျိုးသားတစ်ဦးပေါင်တွင် လက်နက်ကြီးကျည်စထိမှန် ဒဏ်ရာရကြောင်း ၎င်းက ဆိုသည်။ “ဒရုန်းနဲ့ ပစ်ခတ်တုန်းက နေအိမ်သုံးလေးဆောင်ထိတယ်။ ပြီးမှ လက်နက်ကြီးပစ်တယ်။ ထိတဲ့လူကြီးက လက်နက်ကြီး အစထိသွားတယ်” ဟု အထက်ပါဒေသခံက ပြောဆိုသည်။ အောက်တိုဘာလ ၂၄ရက် နံနက် […]

ပုလောမြို့အဝင်တွင် ရပ်ကွက်အုပ်ချုပ်ရေးမှူးတစ်ဦးနှင့် စစ်အာဏာရှင်တပ်သားတစ်ဦး ပစ်ခတ်ခံရပြီးသေဆုံး

Dawei Watch

October 25, 2025

ပုလောမြို့ ကျောက်စုရပ်ကွက်ရှိ စစ်အာဏာရှင်တပ် စစ်ဆေး‌ရေးဂိတ်တွင် စစ်ကော်မရှင်ခန့် ရပ်ကွက်အုပ်ချုပ်ရေးမှူးတစ်ဦးနှင့် စစ်အာဏာရှင်တပ်သားတစ်ဦး ပစ်ခတ်ခံရပြီး သေဆုံးကြောင်း ဒေသခံအချို့နှင့် တော်လှန်ရေးတပ်ဖွဲ့ဝင်အချို့ထံမှ သိရသည်။ အောက်တိုဘာလ ၂၃ရက် နံနက်တွင် လက်နက်ကိုင်အဖွဲ့တစ်ခုက ဝင်ရောက်ပစ်ခတ်သဖြင့် ပုလောမြို့ အမှတ် (၄) ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးစိုးဝင်းနှင့် စစ်အာဏာရှင်တပ်သားတစ်ဦး သေဆုံးသည်ဟု ကြားသိရကြောင်း ဒေသခံတစ်ဦးက ပြောသည်။ အဆိုပါပစ်ခတ်မှုကို မည်သည့်အဖွဲ့က လုပ်ဆောင်ခဲ့သည်ကိုမူ မသိရသေးကြောင်း ၎င်းက ဆိုသည်။ ကျောက်စုရပ်ကွက် စစ်အာဏာရှင်စစ်ဆေးရေးဂိတ်သည် လက္ကူးရွာမှ ပုလောမြို့သို့အဝင်လမ်းပေါ်တွင် တည်ရှိပြီး စစ်အာဏာရှင်တပ်၏ အမှတ် (၂၈၅) တပ်ရင်းအနီးတွင် ရှိကြောင်း ဒေသခံများထံမှ သိရသည်။ ပြည်တွင်း သတင်းဌာနတစ်ခုတွင်မူ အမှတ် (၄) ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် စစ်အာဏာရှင်တပ်သားတစ်ဦး ကျောက်စုဂိတ်မှ ပြန်လာချိန် အ.မ.က […]

အမေရိကန်လေဆိပ်များတွင် မျက်နှာမှတ်မိနိုင်သည့် နည်းပညာ တိုးချဲ့အသုံးပြုသွားမည်

Dawei Watch

October 25, 2025

အမေရိကန်ပြည်ထောင်စုသို့ ဝင်ရောက်သူများနှင့် ထွက်ခွာသူများကို ခြေရာခံမှတ်တမ်းတင်နိုင်ရန် အမေရိကန်လေဆိပ်များနှင့် အခြားနယ်စပ်ထွက်ပေါက်များတွင် မျက်နှာမှတ်မိနိုင်သည့် နည်းပညာစနစ်ကို ပိုမိုကျယ်ကျယ်ပြန့်ပြန့် အသုံးပြုသွားတော့မည် ဖြစ်သည်။ ယင်းမှာ ဗီဇာသက်တမ်းကျော်လွန်နေထိုင်မှုနှင့် နိုင်ငံကူးလက်မှတ်အတုအသုံးပြုခြင်းတို့ကို တားဆီးရန် ဖြစ်ကြောင်း အမေရိကန်အစိုးရက အောက်တိုဘာလ ၂၄ ရက်နေ့တွင် ထုတ်ပြန်လိုက်သည်။ ဒီဇင်ဘာလ ၂၆ ရက်နေ့တွင် စတင်အသက်ဝင်မည့် စည်းမျဉ်းအသစ်တစ်ရပ်အရ အမေရိကန်နယ်စပ် အာဏာပိုင်များအနေဖြင့် လေဆိပ်နှင့် အခြားနယ်စပ်ထွက်ပေါက်ဝင်ပေါက်များ၌ အမေရိကန်နိုင်ငံသားမဟုတ်သူများ၏ ဓာတ်ပုံကို ရိုက်ယူထားခွင့် ရှိလာမည် ဖြစ်သည်။ အဆိုပါ စည်းမျဉ်းအသစ်အရ အမေရိကန်နိုင်ငံသားမဟုတ်သည့် ခရီးသွားများ၏ လက်ဗွေရာ သို့မဟုတ် DNA ကဲ့သို့သော အခြားဇီဝအချက်အလက်များကိုပါ အာဏာပိုင်များက တောင်းခံနိုင်ခွင့်ရှိကြောင်း သိရသည်။ အဆိုပါ စည်းမျဉ်းအရ ယခင်က ချန်လှပ်ထားခဲ့သည့် အသက် ၁၄ နှစ်အောက် ကလေးငယ်များနှင့် […]

ပလမြို့အနီး သင်္ကန်းတောရွာရှိ နေအိမ်အချို့ကို စစ်အာဏာရှင်တပ်မီးရှို့

Dawei Watch

October 24, 2025

စစ်ကြောင်းထိုးလာသည့် စစ်အာဏာရှင်တပ်က ပုလောမြို့နယ် ပလမြို့အနီး သင်္ကန်းတောရွာရှိ နေအိမ်များကို မီးရှို့နေကြောင်း ဒေသခံများထံမှ သိရသည်။ ယနေ့ (အောက်တိုဘာလ ၂၄ရက်) ညနေ ၃ နာရီခွဲခန့်တွင် စစ်အာဏာရှင်တပ်သားများက သင်္ကန်းတောရွာရှိ နေအိမ်များကို မီးရှို့နေခြင်းဖြစ်ကြောင်း ‌ဒေသခံအချို့က ဆိုသည်။ နေအိမ်များကို မီးမရှို့မီ သင်္ကန်းတောရွာဝန်းကျင်တွင် စစ်အာဏာရှင်တပ်နဲ့ တော်လှန်ရေးတပ်များအကြား တိုက်ပွဲပြင်းထန်လျက်ရှိပြီး စစ်အာဏာတပ်ဘက်မှ လက်နက်ကြီးဖြင့် ယနေ့ ညနေ ၆ နာရီဝန်းကျင်အထိ ပစ်ခတ်နေကြောင်း ၎င်းတို့ကဆိုသည်။ “ရွာကို မီးရှို့နေတာ အဝေးကနေ မြင်နေရတယ်။ အရေအတွက်တော့ အတိအကျ မသိရသေးဘူး။ မီးခိုးတွေ အလုံးလိုက်တက်နေတာ တွေ့ရတယ်”ဟု ဒေသခံတစ်ဦးက ပြောသည်။ အဆိုပါကျေးရွာအနီးဝန်းကျင်တွင် စစ်အာဏာရှင်တပ်နှင့် တော်လှန်ရေးတပ်တို့ တိုက်ပွဲရက်ရှည် ဖြစ်ပွားနေခြင်းဖြစ်ကြောင်း ဒေသခံနောက်တစ်ဦးက ဆိုသည်။ “အရင်ကတည်းက […]

စစ်ရေးအခြေအနေကြောင့် မွန်ဒေသအချို့တွင် ရော်ဘာလုပ်ငန်း မလုပ်ကိုင်နိုင်

Dawei Watch

October 24, 2025

မွန်ပြည်နယ်၊ မြို့နယ်အချို့တို့တွင် စစ်ရေးပဋိပက္ခ ပြင်းထန်နေသည့်အတွက် ရော်ဘာထုတ်လုပ်ရာသီ ရောက်သော်လည်း လုပ်ငန်းများလုပ်ကိုင်နိုင်ခြင်းမရှိဟု ရော်ဘာလုပ်ငန်းရှင်တို့ထံမှ သိရသည်။ တော်လှန်ရေးအင်အားစုများ အားကောင်းပြီး စစ်ရေးပြင်းထန်သည့် ရေး၊ သံဖြူဇရပ်၊ မုဒုံ၊ ကျိုက်ထို၊ ဘီးလင်း၊ သထုံ၊ ပေါင်ဘက်တွင် တိုက်ပွဲမကြာခဏဖြစ်ပွားနေသည့်အပြင် စစ်အာဏာရှင်တပ် အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းထိုး ဝင်ရောက်လာနေသည်လည်း ရှိသည်။ ဒေသတွင်း ဝင်ရောက်လာသည့် စစ်ကြောင်းများသည် ဒေသခံများ လုပ်ကိုင်စားသောက်နေကြသည့် ရော်ဘာခြံများအတွင်း ဝင်ရောက် တပ်စွဲထားသလို အချို့ကလည်း ရော်ဘာခြံထဲတွင် ကင်းပုန်းဝပ်ပြီး နေနေကြသည်လည်း ရှိသည်ဟု မုဒုံမြို့နယ်အတွင်းက ရော်ဘာခြံပိုင်ရှင်တစ်ဦးက ပြောသည်။ “ရွာတွေမှာ စစ်ကြောင်းတွေ လာလာချထားတာရှိတယ်။ သူတို့က တောထဲထိတော့ မဝင်ရဲကြဘူး။ ကားလမ်းဘေးက ရော်ဘာခြံတွေထဲမှာ ဝင်နေနေကြတယ်။ အဲလိုမျိုး နေနေတော့ ဘယ်သူမှလည်း တောထဲ မသွားရဲဘူး။ […]

ဇာဒီရွာတွင် စစ်အာဏာရှင်တပ် တပ်စွဲပြီး လျှပ်စစ်မီးပြန်ပေးကာ ရွာသားများကို ပြန်ခေါ်၊ ရွာမပြန်ရဲဟု ရွာသားများပြော

Dawei Watch

October 24, 2025

ရေဖြူမြို့နယ်၊ ကံပေါက်တိုက်နယ်၊ ဇာဒီရွာတွင် စစ်အာဏာရှင်တပ် ဝင်ရောက်တပ်စွဲကာ လျှပ်စစ်မီး ပြန်ပေးပြီး ရွာသားများကို ရွာတွင်ပြန်လည်လာရောက်နေထိုင်ရန် ပြောဆိုနေကြောင်း ရွာသားများထံမှ သိရသည်။ စစ်အာဏာရှင်တပ်သည် ၂၀၂၄ ခုနှစ် ဒီဇင်ဘာလတွင် ဇာဒီရွာကို လျှပ်စစ်မီး ဖြတ်တောက်ခဲ့ပြီး အောက်တိုဘာလ ၂၃ ရက်တွင် လျှပ်စစ်မီး ပြန်ပေးကြောင်း ရွာသားများက ပြောသည်။ စစ်အာဏာရှင်တပ်သား အင်အားတစ်ရာခန့်သည် အောက်တိုဘာလ ၂၀ရက်တွင် စစ်ကြောင်းထိုး ရောက်ရှိလာပြီး ဇာဒီရွာအတွင်းရှိ နေအိမ်အချို့နှင့် ဘုန်းကြီးကျောင်းတွင် ယနေ့ အောက်တိုဘာလ ၂၄ရက်အထိ တပ်စွဲနေထိုင်နေကြောင်း မျက်မြင်တွေ့ရှိသည့် ဒေသခံများက ဆိုသည်။ လျှပ်စီးမီး ပြန်ရပြီးနောက် လျှပ်စစ်နှင့် လည်ပတ်ရသည့် ဖုန်းဆက်သွယ်ရေး တာဝါတိုင်အချို့ ပြန်လည် လည်ပတ်နိုင်ပြီး ဆက်သွယ်ရေးလည်း ပြန်လည်ရရှိနေကြောင်း ၎င်းတို့က ပြောဆိုသည်။ “စစ်သားတွေက […]

တောင်ကိုရီးယားတွင် သန်းခေါင်စာရင်း၌ လိင်တူချစ်သူကို အိမ်ထောင်ဖက်အဖြစ် ဖော်ပြခွင့်စတင်ရရှိ

Dawei Watch

October 24, 2025

တောင်ကိုရီးယားနိုင်ငံတွင် သန်းခေါင်စာရင်း၌ လိင်တူချစ်သူ အိမ်ထောင်ဖက်ကို ထည့်သွင်းဖော်ပြခွင့် စတင်ရရှိပြီ ဖြစ်သည်။ ယင်းမှာ လိင်တူချစ်သူများ ဥပဒေအရ တရားဝင်လက်ထပ်ခွင့် ငြင်းပယ်ခံထားရဆဲ တောင်ကိုရီးယားနိုင်ငံတွင် လိင်တူချစ်သူများအဖို့ အချိန်ကြာမြင့်စွာကတည်းက စောင့်မျှော်လာခဲ့ရသည့် အသိအမှတ်ပြုမှုတစ်ရပ် ဖြစ်သည်။ တောင်ကိုရီးယားနိုင်ငံတွင် လူဦးရေနှင့် အိမ်ထောင်စုသန်းခေါင်စာရင်းကို ငါးနှစ်တစ်ကြိမ် ကောက်ခံလေ့ ရှိသည်။ ယခုနှစ် အောက်တိုဘာလ ၂၂ ရက်နေ့မှ စတင်၍ တောင်ကိုရီးယား ဒစ်ဂျစ်တယ်သန်းခေါင်စာရင်း ကောက်ယူမှုစနစ်တွင် လိင်တူစုံတွဲများအနေဖြင့် “အိမ်ထောင်ဖက်” သို့မဟုတ် “အတူနေလက်တွဲဖော်” ဟူ၍ ဖြေဆိုထည့်သွင်းနိုင်ပြီဖြစ်သည်။ ယခင်နှစ်များတွင် ယင်းသို့ ဖြေဆိုထည့်သွင်းမှုများကို ဒစ်ဂျစ်တယ်သန်းခေါင်စာရင်း ကောက်ယူမှုစနစ်က အမှားအယွင်းအဖြစ် အလိုအလျောက် ပယ်ချလေ့ရှိသည်။ အဆိုပါ အပြောင်းအလဲကို တောင်ကိုရီးယား သတင်းအချက်အလက်နှင့် စာရင်းအင်းဝန်ကြီးဌာနက အောက်တိုဘာလ ၂၁ ရက်နေ့က အတည်ပြုလိုက်သည်။ […]