ထိုင်းတောင်ပိုင်းတွင် မြန်မာလုပ်သား ၃ ဦးနှင့် ထိုင်းအလုပ်ရှင် ပစ်သတ်ခံရ
Dawei Watch
July 17, 2023ထိုင်းနိုင်ငံတောင်ပိုင်း ချွန်ဖော်ခရိုင် တောင်ခြေရှိ ရော်ဘာခြံထဲတွင် မြန်မာအလုပ်သမား ၃ ဦးနှင့် ထိုင်းနိုင်ငံသား အလုပ်ရှင်တစ်ဦးတို့ မနေ့(ဇူလိုင် ၁၆)က သေနတ်ဖြင့် ပစ်သတ်ခံရကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြထားသည်။ အခင်းဖြစ်ပွားမှုသည် ချွန်ဖော်ခရိုင် ဆဝီဒေသရှိ လူသူအရောက်အပေါက်နည်းသော အာရှလမ်းမကြီးနှင့် ၁၅ ကီလိုမီတာခန့်အကွာ ရော်ဘာခြံရှိ အလုပ်သမားအဆောင်အနီးတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ ထိုင်းနိုင်ငံသား ရော်ဘာခြံပိုင်ရှင်တစ်ဦး သေနတ်ဖြင့် ပစ်သတ်ခံထားရပြီး သေဆုံးနေသည်ကို သားဖြစ်သူက တွေ့ရှိခဲ့ရပြီးနောက် ရဲစခန်းကို အကြောင်းကြားခဲ့ခြင်းဖြစ်သည်။ ခြံပိုင်ရှင်မှာ သေနတ်ဖြင့် အချက် ၂၀ ခန့်ပစ်ခတ်ခံထားရပြီး သေဆုံးချိန် အနည်းဆုံး ၁၀ နာရီခန့် ရှိနေပြီဖြစ်ကြောင်း ဖော်ပြထားသည်။ ခြံအတွင်းအနီးအနားများကို စစ်ဆေးခဲ့သောအခါ မြန်မာအလုပ်သမားတစ်ဦးမှာ ဆိုင်ကယ်နှင့်အတူ မီးရှို့ခံထားရသည့် ပုံစံမျိုးတွေ့ရကြောင်း သတင်းများကဆိုသည်။ ကျန်အလုပ်သမားနှစ်ဦးကို အလုပ်သမားအဆောင်အရှေ့နှင့် အခန်းအတွင်းတွင် […]


