တနင်္သာရီတိုင်းတွင် မိုးသက်လေပြင်းကျရောက်၊ လူတစ်ဦးသေဆုံး
Dawei Watch
July 18, 2023တနင်္သာရီတိုင်းအတွင်း နေရာအချို့တွင် ယခုရက်ပိုင်းအတွင်း မိုးသက်လေပြင်းများကျရောက်ပြီး သစ်ပင်လဲခြင်း၊ မြေပြိုခြင်း၊ ရေကြီးရေလျှံခြင်းတို့ ဖြစ်ပွားလျက်ရှိသည်။ ယနေ့(ဇူလိုင် ၁၈) မနက်ပိုင်းတွင် တနင်္သာရီတိုင်းအတွင်း မိုးသက်လေပြင်းများ ထပ်မံကျရောက်ခဲ့ပြီး မြိတ်မြို ကလွင်ကျွေးရွာအုပ်စု ရှားတော၀ရပ်ကွက်တွင် အမျိုးသားတစ်ဦး အုန်းပင်ပိ၍ သေဆုံးခဲ့သည်။ လတ်တလော မြေနိမ့်ရပ်ကွက်အချို့၊ မြို့တွင်းလမ်းအချို့နှင့် ကမ်းနားလမ်းတို့တွင်လည်း ရေကြီးရေလျှံနေသည်။ ယင်းအပြင် ကော့သောင်းမြို့ရှိ အေးရိပ်ငြိမ်နှင့် သီရိမြိုင်ရပ်ကွက်တို့တွင် လမ်းပေါ်ရေလျှံခြင်း၊ နေအိမ်ထဲ ရေစီးဝင်းခြင်းတို့ဖြစ်ပေါ်နေပြီး ရွှေဟင်္သာရပ်ကွက်တွင်မူ မြေပြိုမှုအနည်းငယ်ဖြစ်ပွားခဲ့ကြောင်း ဒေသခံအချို့ကပြောဆိုသည်။ “ကြီးကြီးမားမားတော့ မဟုတ်သေးပါဘူး။ ရွှေဟင်္သာရပ်ကွက်ကျတော့ ပင်လယ်ကမ်းစပ်ဆိုတော့ သူကတော့ပြောလို့မရဘူး” ကော့သောင်းမြို့ရှိ ပရဟိအဖွဲ့တာဝန်ရှိသူတစ်ဦးကဆိုသည်။ ညောင်ရမ်းတောင်ရပ်ကွက် မျှော်အင်းလမ်းသွယ်ထဲရှိ နေအိမ်တစ်ဆောင်ပေါ်သို့လည်း သစ်ပင်လဲကျခဲ့သည်။ ထားဝယ်ခရိုင်ရှိ အခြားမြို့နယ်တို့တွင်လည်း လေပြင်းကြောင့် သစ်ပင်လဲကျခြင်း၊ အိမ်ခေါင်မိုး လန်ခြင်းတို့ ဖြစ်ပွားနေသည်။ “အခုလည်း မိုရောလေပါ […]

                    
                    
                    
                    
                    
                    
                    
                    
