BREAKING
November 5, 2025

သတင်း

ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးဝင်းမြင့်ကို ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြုကြောင်း ကြေညာ

Dawei Watch

August 1, 2023

စစ်ကောင်စီက ဖမ်းဆီးထားသည့် နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်‌ ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတ ဦးဝင်းမြင့်တို့ကို တရားစီရင်ပြီး ပြစ်ဒဏ်များမှ လွတ်ငြိမ်းသက်သာခွင့်ပြုကြောင်း စစ်ကောင်စီက ထုတ်ပြန်ကြေညာလိုက်သည်။ အသေးစိတ်ကိုမူ မသိရှိရသေးပေ။

ဝါဆိုလပြည့်နေ့ ထားဝယ်မြို့ လောကမာရဇိန် ဘုရားကြီးမြင်ကွင်း

Dawei Watch

August 1, 2023

ထားဝယ်မြို့ လောကမာရဇိန် ဘုရားကြီးကို လာရောက်ကြသည့် ဘုရားဖူးများကို ဝါဆိုလပြည့်နေ့ (သြဂုတ်လ ၁ ရက်နေ့)တွင် မြင်တွေ့ရစဉ်။

ပရီးမီးယားလိဂ်သမိုင်းတွင် စံချိန်တင် စပွန်ဆာကြေးရရှိသည့် ဝတ်စုံစာချုပ်ကို မန်ယူချုပ်ဆို

Dawei Watch

August 1, 2023

အက်ဒီးဒတ်စ် အားကစားအသုံးအဆောင်ပစ္စည်းများ ထုတ်လုပ်ရေးလုပ်ငန်းစုသည် မန်ယူအသင်းကို ပရီးမီးယားလိဂ်သမိုင်းတွင် စံချိန်တင်စပွန်ဆာကြေးပေးအပ်ကာ ဝတ်စုံစာချုပ် ချုပ်ဆိုလိုက်ကြောင်း သိရှိရသည်။ အက်ဒီးဒတ်စ်သည် မန်ယူကို ၁၀ နှစ်သက်တမ်းရှိ ဝတ်စုံစပွန်ဆာစာချုပ်သစ်ကို လက်မှတ်ရေးထိုးလိုက်ခြင်းဖြစ်ပြီး ယင်းစာချုပ်ကတစ်ဆင့် မန်ယူမှာ စပွန်ဆာကြေးပမာဏ ပေါင်သန်း ၉၀၀ အထိ ရရှိသွားတော့မည်ဖြစ်သည်။ အက်ဒီးဒတ်စ်နှင့် မန်ယူတို့သည် ၂၀၁၅-၁၆ ဘောလုံးရာသီကစတင်ကာ လက်တွဲခဲ့ခြင်းဖြစ်ပြီး ပုံရိပ်ကြီးမားသော မန်ယူနှင့် ဆက်လက် အလုပ်လုပ်ခွင့်ရရှိသည့်အတွက် အားရကျေနပ်မိပါကြောင်း အက်ဒီးဒတ်စ်က သတင်းထုတ်ပြန်ထားသည်။ ယခုချုပ်ဆိုလိုက်သော စာချုပ်သစ်အရ အက်ဒီးဒတ်စ်သည် မန်ယူ၏ဝတ်စုံစပွန်ဆာမိတ်ဖက်အဖြစ် ၂၀၃၅ ခုနှစ်ထိတိုင် ရပ်တည်သွားနိုင်တော့မည်ဖြစ်ပြီး မန်ယူမှာ ဆုဖလားရရှိမှု၌ အားရကျေနပ်စရာ မရှိတော့သော်လည်း ကွင်းပြင်ပ ဈေးကွက်တွင်မူ ပုံရိပ်ကြီးမားစွာ ထင်ကျန်နေဆဲဖြစ်ကြောင်း ယခုစပွန်ဆာစာချုပ်က သက်သေခံလျက်ရှိသည်။ မန်ယူသည် အက်ဒီးဒတ်စ်နှင့် ချုပ်ဆိုခဲ့သော စာချုပ်ဟောင်း၌ […]

လောင်းလုံး တောင်မင်းပြောင်ရွာသားတစ်ဦး ပစ်သတ်ခံရ

Dawei Watch

July 31, 2023

လောင်းလုံးမြို့နယ်၊ တောင်မင်းပြောင်ရွာတွင် အသက် ၃၀ ကျော်အရွယ်ရှိ အမျိုးသားတစ်ဦး ပစ်သတ်ခံရကြောင်း ဒေသခံများက ပြောသည်။ ပစ်သတ်ခံရသူမှာ ကိုပိုင်သူဆိုသူဖြစ်ပြီး ဇူလိုင်လ ၃ဝရက်နေ့ မွန်းလွဲပိုင်းတွင် လက်နက်ကိုင်လူတစ်စုက ၎င်း၏ နေအိမ်အနီးသို့ လာရောက်ပစ်ခတ်သွားခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးက ဆိုသည်။ “သူ့အလောင်းက ဒီနေ့ (ဇူလိုင်လ ၃၁) မွန်းတည့်ပိုင်းမှာပဲ ရတယ်။ သူတို့အိမ်နဲ့ မနီးမဝေးပါပဲ” ၎င်းဒေသခံက ပြောသည်။ သေဆုံးသူသည် ယခင်က မူးယစ်ဆေးဝါးအမှုဖြင့် ထောင်နှစ်ရှည်ကျခဲ့ဖူးပြီး ၂ နှစ်ကြာပြီးနောက် လွတ်ငြိမ်း ချမ်းသာ ခွင်ဖြင့် ပြန်လွတ်လာကာ တောင်မင်းပြောင်ရွာတွင် မော်တော်ဆိုင်ကယ်ပြင်သည့် လုပ်ငန်းဖြင့် အသက်မွေးနေကြောင်း ဒေသခံတို့ထံမှ သိရသည်။ ကိုပိုင်သူအား မည်သူတို့က မည်သည့်အကြောင်းအရင်းကြောင့် လာရောက်ပစ်သတ်သွားသည်ကို အသေးစိတ် မသိရသေးပေ။ ဇူလိုင်လ ၂၂ ရက်နေ့ […]

ရှင်ကိုးရှင်စာရင်းဝင် ကလိန်အောင်ဆံတော်ရှင် တောင်တက်လမ်းမြေပြို

Dawei Watch

July 31, 2023

တနင်္သာရီတိုင်းတွင် ထင်ရှားသည့် ရှင်ကိုးရှင်စာရင်းဝင် ကလိန်အောင်ဆံတော်ရှင်ဘုရား တောင်တက်လမ်း ဇူလိုင်လ ၃၀ ရက် နံနက်ပိုင်းက မြေပြိုကျကြောင်း ဘုရားဂေါပကအဖွဲ့ထံမှ သိရသည်။ မိုးသည်းထန်စွာရွာသွန်းသဖြင့် မြေသားပြိုကျပြီး ကိုးနာရီကြာ လမ်းပိတ်ဆို့ခဲ့ကြောင်း ဂေါပကအဖွဲ့တာဝန်ရှိသူတစ်ဦးက ပြောသည်။ “ကျွန်တော်တို့ သတင်းရ ရချင်း မနက် ၈နာရီလောက်ကစပြီး ရှင်းလင်းရေးစလုပ်တယ်။ လူအင်အားနဲ့မနိုင်လို့ ဘက်ဟိုးတစ်စင်းခေါ်ပြီး ထပ်ရှင်းတယ်။ ညနေ ၄ နာရီလောက်မှာ အကုန်ရှင်းပြီးလို့ လမ်းရှင်းသွားတယ်။ သွားလို့ရသွားပါပြီ” ဟု ၎င်းက ဆိုသည်။ ယနေ့ ဇူလိုင်လ ၃၁ ရက် နံနက်ပိုင်းက ကလိန်အောင်မြို့၊ အမှတ် ၄ ရပ်ကွက်တွင် ကားလမ်းမပေါ် ရေ သုံးပေခန့်ကျော်နေသဖြင့် ဆိုက်ကယ်စီးသွားရန် အဆင်မပြေကြောင်း ဒေသခံတို့ကထံမှ သိရသည်။ ဇူလိုင်လ ၂၈ ရက်ကစပြီး […]

ထိုင်းနိုင်ငံတွင် မီးရှူးမီးပန်းဂိုဒေါင် ပေါက်ကွဲမှုကြောင့် လူကိုးဦးသေဆုံး

Dawei Watch

July 31, 2023

ထိုင်းနိုင်ငံ ၊ နာရာသီဝပ် ပြည်နယ်တွင် ဇူလိုင်လ ၂၉ရက်နေ့က မီးရှုးမီးပန်းများ သိုလှောင်ထားရာ ဂိုဒေါင်တစ်ခု ပေါက်ကွဲမှုကြောင့် လူ ကိုးဦး သေဆုံးကာ အယောက် ၁၀၀ ကျော် ထိခိုက်ဒဏ်ရာရခဲ့ကြကြောင်း ဒေသဆိုင်ရာ အကြီးတန်းအရာရှိတစ်ဦးက ထုတ်ပြန်ပြောကြားခဲ့သည်။ အဆိုပါ ပြည်နယ်၏ တောင်ပိုင်း ၊ ဆွန်ဂိုင်ကိုလော့ မြို့တွင် ဖြစ်ပွားခဲ့သည့် ယင်းပေါက်ကွဲမှုသည် ဂိုဒေါင်တွင်း ဆောက်လုပ်ရေးလိုအပ်ချက်ကြောင့် ဂဟေဆော်ရာမှ  ဖြစ်ပွားနိုင်ချေ ရှိသည် ဟု ယူဆရသည်။ နောက်ဆုံးရ အချက်အလက်များအရ ၎င်းပေါက်ကွဲမှု ဖြစ်စဉ်ကြောင့် လူ ကိုးဦး သေဆုံးခဲ့ကာ ထိခိုက်သူ ဦးရေ ၁၁၅ ဦး အထိ ရှိကြောင်း နာရာသီဝပ် ပြည်နယ် အုပ်ချုပ်ရေးမှုး ဆနန် ပုန်ဂတ်ဆွန် က ထုတ်ပြန်ခဲ့သည်။ “ပဏာမစုံစမ်းစစ်ဆေးမှုအရ […]

ရေကြီးမှုကြောင့် လမ်းနှစ်ပိုင်းပြတ်သွားသဖြင့် ခမောင်းသွယ်တိုက်နယ်က အရေးပေါ်ကား ယာယီရပ်နား

Dawei Watch

July 30, 2023

ရေကြီး၊ ရေလျှံမှုကြောင့် လမ်းနှစ်ပိုင်းပြတ်တောက်သွားသဖြင့် ခမောင်းသွယ်တိုက်နယ်က အရေးပေါ်လူနာတင်ကား ပြေးဆွဲခြင်းကို ယာယီရပ်နားထားရကြောင်း စုံစမ်းသိရှိရသည်။ ထားဝယ် မြေးခံဘော်သွားလမ်းပေါ်ရှိ ညောင်တုန်းကျေးရွာတံတားထိပ်တွင် လမ်းနှစ်ပိုင်းပြတ်တောက်နေခြင်းဖြစ်ကြောင်း ဒေသခံအချို့ကပြောသည်။ ယင်းအတွက်ကြောင့် မြေးခံဘော်တိုက်နယ်အတွင်း အားထားနေရသည့် အရေးပေါ်လူနာတင်ကားပြေးဆွဲခြင်းကိုယနေ့ ဇူလိုင်လ ၃၀ ရက်မှစပြီး ယာယီရပ်နားထားခြင်းဖြစ်ကြောင်း ဆိုသည်။ မိုးသည်ထန်စွာ ရွာသွန်းနေခြင်းကြောင့် မြေးခံဘော်တိုက်နယ်အတွင်း ‌ဇူလိုင်လ ၂၉ ရက်မှစပြီး ရေကြီး၊ ရေလျှံနေသည်။ ညောင်တုန်းချောင်းမှာလည်း ရေကြီး‌၊ ရေကြီးလျှံနေပြီး အရှိန်ဖြင့်တိုက်စားသောကြောင့် တံတားထိပ်ရှိ ကားလမ်းမ နှစ်ပိုင်းပြတ်သွားကြောင်း ခမောင်းသွယ် အရေးပေါ်လူနာကူညီသယ်ဆောင်ရေးအဖွဲ့တာဝန်ရှိသူတစ်ဦးကဆိုသည်။ “(အရေးပေါ်လူနာတင်) ကားကတော့ လုံးဝသွားလို့မရတော့ဘူး။ လမ်းကနှစ်ပိုင်းပြတ်နေတာ။ တံတားကတော့ဘာမှမဖြစ်ဘူး” ဟု ၎င်းက ဆိုသည်။ ခမောင်းသွယ်အရေးပေါ်လူနာကူညီသယ်ဆောင်ရေးအဖွဲ့သည် ငွေကြေးမတတ်နိုင်သူများကို အခမဲ့ လူနာသယ်ဆောင်ပေးနေသည့် အဖွဲ့ဖြစ်ပြီး ငွေးကြေးတတ်နိုင်သူတို့ထံတွင်မူ စက်သုံးဆီဖိုးအလှူခံကြောင်း ယင်းအဖွဲ့ထံမှသိရသည်။ […]

ကျွန်းစုတွင် ခရီးသည်တင် စက်လှေတစ်စီးကို စစ်ကောင်စီ ဖမ်းဆီး

Dawei Watch

July 30, 2023

ကျွန်းစုမြို့နယ် ဘန္ဒနဲကျေးရွာအုပ်စု မြိုင်သာရွာရှိ ခရီးသည်စက်တင်လှေတစ်စီးကို ပြည်သူ့ကာကွယ်ရေးဖွဲ့ကို ထောက်ပံ့နေသည်ဆိုကာ ဇူလိုင်လ ၂၈ ရက်နေ့က ဖမ်းဆီးသွားကြောင်း ယင်းရွာနေသူအချို့ထံမှ သိရသည်။ အဆိုပါ စက်လှေသည် ကျေးရွာမှထွက်ရှိသည့် မီးသွေးနှင့် အခြားရေထွက်ကုန်အချို့ကို မြိတ်မြို့ပေါ်တွင် သွားရောက်ရောင်းချပြီး၊ လိုအပ်သည့် စားသောက်ကုန်စည်များ ဝယ်ယူကာ ရွာသို့ပြန်ဆင်းစဉ် သဇင်ကျေးရွာ ချောင်းဝအရောက်တွင် စစ်ကောင်စီတပ်ဖွဲ့က ဖမ်းဆီးသွားခြင်းဖြစ်ကြောင်း မြိုင်သာရွာသားတစ်ဦးက ပြောပြသည်။ “PDF ကို ငွေထောက်ပံ့တယ်ဆိုပြီး လှေရော ကုန်ပစ္စည်းတွေပါ သိမ်းထားတယ်။ လူတွေက အစစ်ဆေးခံရနေတုန်းပဲ” ဟု မြိုင်သာရွာသားက ပြောသည်။ ယင်းစက်လှေပေါ်တွင် လိုက်ပါလာသည့် အမျိုးသား ၂ ဦး၊ အမျိုးသမီး ၁၅ ဦး၊ စုစုပေါင်း ၁၇ ဦးတို့ကိုလည်း ဖမ်းဆီးထားကြောင်း ယင်းလှေနဲ့ နီးစပ်သူအချို့က ဆိုသည်။ “တ‌စ်နေ့ကပဲ မြိတ်မှာ မီးသွေးအိတ်‌တွေ […]