လောင်းလုံးတွင် ပျူစောထီးဆိုသူတစ်ဦး ပစ်သတ်ခံရ
Dawei Watch
August 11, 2023လောင်းလုံးမြို့နှင့် စမ်းလှမ်းရွာကြားရှိ နောက်ပြင်လမ်းတွင် ဩဂုတ်လ ၁၀ ရက် မွန်းလွဲပိုင်းက အသက် ၃၄ နှစ်အရွယ်ရှိ အမျိုးသားတစ်ဦးပစ်သတ်ခံရသည်ဟု ဒေသခံခရီးသွားများ၏ ပြောကြားချက်အရသိရသည်။ ပစ်သတ်ခံရသူမှာ လောင်းလုံးမြို့နယ် စမ်းလှမ်းရွာသား ကိုဂွမ်မိုးဆိုသူဖြစ်ကြောင်းသိရသည်။ လောင်းလုံးနှင့်စမ်းလှမ်းရွာကြား ရှိ လမ်းပိုင်းတစ်နေရာတွင် ဦးခေါင်းပွင့်ပြီး သေဆုံးနေသည်ကို တွေ့ရသည်ဟု ဒေသခံခရီးသွားတစ်ဦးကပြောသည်။ “လူကပက်လက် အနေအထား ဘောင်းဘီတိုနဲ့ သူ့ဘေးမှာလည်း ဆိုင်ကယ် တစ်စီးလဲနေတာတွေ့ရတယ်။ ဒဏ်ရာကတော့ အသေးစိတ်သွားမကြည့်ရဲလို့ မသိရဘူး”ဟု ၎င်းကပြောသည်။ ကိုဂွမ်းမိုးဆိုသူမှာ ပျူစောထီးအဖွဲ့ဝင်တစ်ဦးဖြစ်ပြီး လောင်းလုံး အထက ကျောင်းရှေ့၌ စစ်ကောင်စီတပ်ဖွဲ့နှင့်ပူးပေါင်း၍ ဒေသခံခရီးသွားများကို စစ်ဆေးအပြီး နေအိမ်ပြန်ချိန်တွင် Dawei Defense Team -DDT တပ်ခွဲ(၃) ထားဝယ်ပကဖ နှင့် Guerrilla Dawei – ထားဝယ်မြို့ပြပြောက်ကျားတပ်ဖွဲ့တို့ ပူးပေါင်း၍ […]


