BREAKING
November 5, 2025

သတင်း

ထားဝယ် ဒုထောင်မှူးအိမ်တွင် မူးယစ်ဆေးဖမ်းမိဟုဆို

Dawei Watch

August 15, 2023

ထားဝယ်အကျဉ်းထောင် ဒုထောင်မှူး၏နေအိမ်တွင် စိတ်ကြွဆေးပြား အပါအဝင် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိကြောင်း ထောင်နှင့် နီးစပ်သူအချို့ထံမှ သိရသည်။ ဩဂုတ်လ ၁၄ ရက်နေ့က စစ်ကောင်စီတပ်နှင့် ရဲတပ်ဖွဲ့က ထားဝယ်ထောင်ဝင်းအတွင်းရှိ ဒုထောင်မှူး၏နေအိမ်ကို ဝင်ရောက်ရှာဖွေခဲ့ကြောင်း ထောင်နှင့် နီးစပ်သူတစ်ဦးက ပြောသည်။ ထိုသို့ဝင်ရောက်ရှာဖွေရာတွင် WY စိတ်ကြွဆေး၊ ICE အပါအဝင် မူးယစ်ဆေးများ ဖမ်းမိသည်ဟု သိရကြောင်း ၎င်းက ဆိုသည်။ “(ဒုထောင်မှူး) သူ့အိမ်မျက်နှာကျက်မှာ အဲဒီပစ္စည်းတွေထားတာကိုသိလို့ ဝင်ဖမ်းတဲ့သူတွေက လှေကားတွေပါ ယူလာကြတာတဲ့” ဟု အထက်ပါထောင်နှင့်နီးစပ်သူက ပြောဆိုသည်။ ထောင်ဝင်စာပို့သူများနှင့် လူစည်နေချိန်တွင် ယင်းသို့ ဝင်ဖမ်းခြင်းဖြစ်ကြောင်း ထောင်နှင့် နီးစပ်သူအချို့ထံမှ သိရသည်။ ယင်းကိစ္စနှင့် ပတ်သတ်၍ Dawei Watch အနေဖြင့် သီးခြားအတည်ပြုနေဆဲဖြစ်ပြီး နောက်ထပ် သိရသည့်အချက်များကို ထပ်မံဖော်ပြသွားမည်ဖြစ်သည်။ […]

မော်တုန်းရွာနေ ပရဟိတသမားတစ်ဦး ဖမ်းဆီးခံရ

Dawei Watch

August 14, 2023

မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်၊ အရှေ့မော်တုန်းရွာတွင် နေထိုင်သည့် ပရဟိတသမားတစ်ဦး ဖမ်းဆီးခံရကြောင်း ဒေသခံများထံမှ သိရသည်။ စစ်ကောင်စီတပ်က အင်အားတရာခန့်ဖြင့် ဩဂုတ်လ ၁၂ ရက် နံနက်က အရှေ့မော်တုန်းကျေးရွာသို့ အုပ်စုခွဲ စစ်ကြောင်းထိုး ဝင်ရောက်လာကြောင်း ဒေသခံများက ပြောသည်။ ဩဂုတ်လ ၁၃ ရက်နေ့ မွန်းလွဲက အရှေ့မော်တုန်းကျေးရွာ၊ အနောက်စုရပ်တွင် နေထိုင်သည့် အသက် ၄၀ ဝန်းကျင်အရွယ် ပရဟိတလုပ်နေသူ ဦးဇော်မင်းဦး (ခေါ်) ယာငယ်ကို စရဖ အပါအဝင် စစ်ကောင်စီတပ်က နေအိမ်တွင် ဖမ်းဆီးသွားကြောင်း ဒေသခံတို့က ဆိုသည်။ အဖမ်းခံရသူသည် ချစ်ကြည်ရေး ပရဟိတအသင်းတွင် လုပ်ကိုင်နေကြောင်း ရွာသားများက ပြောဆိုသည်။ စစ်ကောင်စီတပ်သည် ရွာသားငါးဦးကို ဖမ်းဆီးစစ်ဆေးခဲ့ခြင်းဖြစ်ပြီး ယင်းအနက် လေးဦးကို ပြန်လွှတ်ခဲ့ပြီးနောက် ဦးဇော်မင်းဦးကို ဆက်လက်ဖမ်းဆီးထားခြင်းဖြစ်ကြောင်း […]

ရေဖြူ ဧကနိရွာကို စစ်ကောင်စီတပ်က မီးရှို့

Dawei Watch

August 14, 2023

ရေဖြူမြို့နယ်၊ ထားဝယ်အထူးစီးပွားရေးဇုန်ဧရိယာထဲရှိ ဧကနိရွာကို စစ်ကောင်စီတပ်က ယနေ့ ဩဂုတ်လ ၁၄ ရက် နံနက် ၁၀ နာရီခန့်ကစပြီး မီးရှို့နေကြောင်း ဒေသခံများက ပြောသည်။ လက်နက်ကြီး၊ လက်နယ်ငယ်များဖြင့် ပစ်ခတ်၍ မီးရှို့နေခြင်းဖြစ်ကြောင်း ၎င်းတို့က ဆိုသည်။ “နေအိမ် ၃၀ လောက်ရှိပြီလို့ သိရတယ်။ အဝေးကမြင်တာကတော့ တော်တော်များတယ်” ဟု ဒေသခံတစ်ဦးက ပြောဆိုသည်။ ယနေ့ နံနက် ၁ဝနာရီခန့်ကစပြီး ဧကနိရွာအနီးတွင် ပစ်ခတ်သံများ မိနစ်အနည်းငယ်ကြာ ကြားရပြီးနောက် မီးခိုးလုံးများ တက်လာခြင်းဖြစ်ကြောင်း ၎င်းဒေသခံတို့ထံမှ သိရသည်။ စစ်ကောင်စီတပ်သည် နဘုလယ်ဒေသကို ဩဂုတ်လ ၈ရက်တွင် စစ်ကြောင်းထိုးဝင်ရောက်လာပြီး ဧကနိကျေးရွာ အုပ်စုဖြစ်သော ဧကနိ၊ ရငဲ၊ ဝါးဇွမ်းတော၊ ကုန်းသာယာအင်းစသော ကျေးရွာလေးရွာကိုမူ ဩဂုတ်လ ၉ ရက်တွင် […]

ထားဝယ်ခရိုင် သပိတ်ကော်မတီဝင် ကိုမင်းလွင်ဦး၏ ဖခင်ကို စစ်ကောင်စီကအမှုဖွင့်

Dawei Watch

August 14, 2023

ထားဝယ်ခရိုင်၊ ဒီမိုကရေစီအရေးလှုပ်ရှားမှု သပိတ်ကော်မတီမှ စည်းရုံးလှုံ့ဆော်ရေး ဆပ်ကော်မတီတာဝန်ခံ ကိုမင်းလွင်ဦး၏ ဖခင်ဖြစ်သူ ဦးအောင်ဖေကို စစ်ကောင်စီက နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅(က) ဖြင့် တရားစွဲဆိုလိုက်သည်။ ဖမ်းဆီးထားခံရပြီး မိသားစုနှင့် ၅၅ ရက်ကြာ တွေ့ခွင့်မပေးခဲ့သည့် ဦးအောင်ဖေကို ဩဂုတ်လ ၁၃ ရက်တွင် မိသားစုနှင့် တွေ့ခွင့်ပေးမည်ဖြစ်ကြောင်း နှင့် ၅၀၅(က) ဖြင့်တရားစွဲထားပြီဖြစ်ကြောင်း စစ်ကောင်စီက ဩဂုတ်လ ၁၂ ရက်တွင် မိသားစုအား အကြောင်းကြားခဲ့သည်။ ဇွန်လ ၁၉ ရက်တွင် လောင်းလုံးမြို့နယ်၊ ပြင်းထိန်ကျေးရွာရှိ ကိုမင်းလွင်ဦး၏ မိဘများနေအိမ်ကို စစ်ကောင်စီတပ်က ကား ၄ စီးဖြင့် လာရောက်ရှာဖွေခဲ့ပြီး ဦးအောင်ဖေကို အနီနားရှိ နေအိမ်တစ်အိမ်မှ လူငယ်တစ်ဦးနှင့်အတူ ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။ “ဇွန် ၁၉ ရက် အိမ်ကိုဝင်ရှာတုန်းက […]

ပါရာဂွေးခရီးစဉ်အတွင်း ထိုင်ဝမ်ဒုသမ္မတ အမေရိကတွင် တစ်ထောက်နားမှုအပေါ် တရုတ်အစိုးရ ရှုတ်ချ

Dawei Watch

August 14, 2023

ထိုင်ဝမ် ဒုသမ္မတ ဝီလျံလိုင်သည် ဩဂုတ်လ ၁၂ ရက်နေ့တွင်စတင်သည့် ပါရာဂွေးနိုင်ငံ ခရီးစဉ်ထွက်ခွာရာ လမ်းကြောင်းတွင် အမေရိက၌ ခေတ္တရပ်နားမည် ဖြစ်သည်။ အဆိုပါ အခြေအနေကို အကဲဆတ်သော ခရီးစဉ်အဖြစ် တရုတ်အစိုးရက ရှုတ်ချထားကာ ထိုင်ဝမ်ကျွန်းတဝိုက်တွင် တရုတ်စစ်တပ်၏ စစ်ရေးပြလှုပ်ရှားမှုများ ပိုမိုတိုးမြင့်လုပ်ဆောင်လာမည် ကို ထိုင်ဝမ်အရာရှိများက စိုးရိမ်ပူပန်နေကြသည်။ ဒုသမ္မတ ဝီလျံလိုင် သည် ၂၀၂၄ ခုနှစ် ဇန်နဝါရီလ တွင် ကျင်းပသွားမည့် ထိုင်ဝမ် ရွေးကောက်ပွဲတွင် သမ္မတဖြစ်လာရန် တစ်ပြေးနေသူ လည်း ဖြစ်သည်။ ပါရာဂွေး ၏ သမ္မတသစ် အဖြစ် မစ္စတာ ဆန်တီယာဂို ပီနာ ၏ ကျမ်းသစ္စာ ကျိန်ဆိုပွဲအတွက် ပါရာဂွေးနိုင်ငံသို့ ယခုလို သွားရောက်ခြင်း ဖြစ်သည်။ ထိုင်ဝမ်နှင့်အမေရိကန်တို့၏ သက်ဆိုင်ရာ အစိုးရများကမူ လေယာဉ်ခရီးစဉ်တွင်း ယင်းကဲ့သို့ […]

ပေါင်တွင် နယ်ထိန်းရဲတစ်ဦး ထပ်မံပစ်သတ်ခံရ

Dawei Watch

August 13, 2023

မွန်ပြည်နယ်၊ ပေါင်မြို့နယ် ရန်‌ကုန်-မော်လမြိုင်ကားလမ်းမတွင် နယ်ထိန်းရဲတစ်ဦး ပစ်သတ်ခံရကြောင်း ဒေသခံတို့ထံမှ သိရသည်။ ဩဂုတ်လ ၁၂ ရက် ည‌နေ ၄ နာရီခန့်က ပန်းကုန်းကျေးရွာနှင့် ကတွန်ကျေးရွာအပိုင် နယ်ထိန်းရဲ ထွန်းနိုင်လင်း ဆိုသူသည် သထုံဘက်မှ ဇင်းကျိုက်နယ်မြေရဲစခန်းဘက်သို့ ဆိုင်ကယ်မောင်းနှင်လာစဉ် အမည်မသိ သေနတ်သမား တို့က သေနတ်ဖြင့် ပစ်ခတ်သွားကြောင်း ၎င်းတို့က ပြောသည်။ နယ်ထိန်းရဲ ရင်ဘတ်၊ လက်မောင်းကျည်ဖောက်ဝင်ဒဏ်ရာများဖြင့် အခင်းဖြစ်ပွားနေရာတွင်ပင် သေဆုံးသွားကြောင်း ု ဒေသခံတို့က ဆိုသည်။   “သေနတ်သမားက နှစ်ယောက် ဆိုင်ကယ်နဲ့ အနောက်ကနေ လိုက်လာပြီးတော့ ပစ်တာ။ လေး ငါးချက်လောက် ပစ်တော့ အဲဒီရဲက လမ်းပေါ်မှာပဲ လဲကျသွားတယ်” ဟု ပန်းကုန်းကျေးရွာခံတစ်ဦးက ပြောသည်။ သေနတ်ပစ်ခတ်ခံရပြီး သေဆုံးသွားသည့် နယ်ထိန်းရဲ […]

မော်တုန်းရွာသားအချို့ကို စစ်ကောင်စီတပ်က ဖမ်းဆီးစစ်ဆေးနေ

Dawei Watch

August 13, 2023

မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်၊ အရှေ့မော်တုန်းရွာသို့ စစ်ကြောင်းထိုးဝင်ရောက်လာသည့် စစ်ကောင်စီတပ်က ဒေသခံရွာသားအချို့ကို ဖမ်းဆီးစစ်ဆေးနေကြောင်း ဒေသခံများက ပြောသည်။ ဘန်းလမွတ်ကျေးရွာအုပ်စုရှိ စစ်ကောင်စီတပ်သားများသည် အရှေ့မော်တုန်းကျေးရွာအုပ်စုသို့ ဩဂုတ်လ ၁၂ရက်နေ့က စစ်ကြောင်းထိုး ဝင်ရောက်လာခြင်းဖြစ်သည်။ ယင်းနောက် အရှေ့မော်တုန်းကျေးရွာအုပ်စုရှိ အန်းနာပြင်ရွာက ဒေသခံအမျိုးသားငါးကိုကို ဖမ်းဆီးစစ်ဆေးခဲ့ခြင်းဖြစ်ကြောင်း ဒေသခံများက ဆိုသည်။ “အန်းနာပြင်က အမျိုးသားငါးဦးကို ဖမ်းထားပြီး စစ်ဆေးတယ်။ သုံးဦးကိုတော့ ပြန်လွှတ်ပြီး ကောင်လေး နှစ်ယောက် ကိုတော့ ပြန်လွှတ်တာ မကြားရသေးဘူး။ဘာကြောင့် ဖမ်းတယ်ဆိုတာ ရေရေရာရာ မသိရသေးဘူး” ဟု မော်တုန်းအနောက်ကမ်းနေ အမျိုးသမီးတစ်ဦးက ယနေ့ ဩဂုတ်လ ၁၃ရက် နံနက်တွင် ပြောဆိုသည်။ ဩဂုတ်လ ၁၂ရက် နံနက်က အင်အားတစ်ရာနီးပါးရှိ စစ်ကောင်စီတပ်သားများ အုပ်စုခွဲကာ စစ်ကြောင်းထိုး ဝင်ရောက်လာမှုကြောင့် အရှေ့မော်တုန်းကျေးရွာအုပ်စုရှိ ထုံနွယ်၊ ရွာမ၊ […]

တစ်ပတ်အတွင်း မြန်မာ့ရေးရာ

Dawei Watch

August 12, 2023

မြန်မာနိုင်ငံတစ်ဝန်း ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်များထဲမှ ထူးခြားဖြစ်စဉ်များကို ကောက်နုတ်ကာ အပတ်စဉ် တနင်္ဂနွေနေ့တိုင်းတွင် စုစည်းဖော်ပြပေးသွားမည်ဖြစ်ပါသည်။ ဩဂုတ်လ ၆ ရက်နေ့မှ ဩဂုတ်လ ၁၂ ရက်နေ့အထိ NCA မရှိတော့ဘူးလို့ KNU ပြော တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု သဘောတူစာချုပ် NCA ကို လိုက်နာစရာ အကြောင်းမရှိတော့ဘူးလို့ ကရင်အမျိုးသားအစည်းအရုံး KNU ဘက်က ပြောဆိုလိုက်ပါတယ်။ NCA စာချုပ်ရဲ့ နှလုံးသားလို့ ပြောလို့ရတဲ့ အခန်း (၁) အခြေခံမူတွေကို စစ်ကောင်စီတပ်က နင်းခြေဖျက်ဆီး ပစ်တာကြောင့် NCA မရှိတော့ဘူးလို့ KNU အထွေထွေအတွင်းရေးမှူး ပဒိုစောတာဒိုမူးက ပြောပါတယ်။ KNU ၁၇ ကြိမ်မြောက်ကွန်ဂရက်အပြီး ရက်တစ်ရာပြည့်ဖြစ်တဲ့ ဩဂုတ်လ ၁၀ ရက်နေ့မှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ အခုလို ပြောဆိုလိုက်တာပါ။ […]