BREAKING
November 5, 2025

သတင်း

အခြေခံပညာကျောင်းသားများ သပိတ်ကော်မတီ တစ်နှစ်ပြည့် အထိမ်းအမှတ် လောင်းလုံးတွင် ဆန္ဒပြ

Dawei Watch

August 18, 2023

အခြေခံပညာကျောင်းသားများ သပိတ်ကော်မတီ(BESSC)မှ ဦးဆောင်ပြီး ယနေ့ နေ့လယ်တွင် ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်၌ လူထုသပိတ်လှုပ်ရှားမှု ပြုလုပ်ခဲ့သည်။ ယင်းလူထုသပိတ်လှုပ်ရှားမှုကို BESSC ဖွဲ့စည်းထူထောင်ခြင်း တစ်နှစ်ပြည့် အထိမ်းအမှတ်အဖြစ် ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး “‌ကျောင်းသားပြည်သူ လက်တွဲ၊ အဆုံးသတ်တိုက်ပွဲ ဆင်နွှဲ” စာသားပါ ဘန်နာကိုင်ဆွဲ ချီတက်ခဲ့ကြသည်။

ကျိုက်ထိုတော်လှန်ရေးအင်အားစု တပ်ဖွဲ့ဝင်တစ်ဦး၏ ယောက္ခမနေအိမ် ချိပ်ပိတ်ခံရ

Dawei Watch

August 18, 2023

ကျိုက်ထိုတော်လှန်ရေးအင်အားစု KRF တပ်ဖွဲ့ဝင် ကိုရဲသွေးညီ၏ ယောက္ခမ နေအိမ်ကို စစ်ကောင်စီက လာရောက်ချိပ်ပိတ်သွားကြောင်း မြို့ခံတို့ထံမှ သိရသည်။ မွန်ပြည်နယ်၊ ကျိုက်ထိုမြို့၊ မြောက်ပိုင်းရပ်ကွက်၊ မင်္ဂလာလမ်းရှိ အဆိုပါနေအိမ်ကို စစ်ကောင်စီတပ်ဖွဲ့ဝင်၊ ရဲတပ်ဖွဲ့ဝင်နှင့် အုပ်ချုပ်ရေးအဖွဲ့တို့က ဩဂုတ် ၁၇ ရက်နေ့က လာရောက်ချိပ်ပိတ်ခဲ့ခြင်းဖြစ်ကြောင်း မြို့ခံတို့က ပြောသည်။ အဆိုပါနေအိမ်တွင် နေထိုင်နေသူများကို နေအိမ်မှ ဖယ်ရှားပေးရန် စစ်ကောင်စီတပ်က အိမ်ကို ချိပ်မပိတ်မီ ရက်ပိုင်းအလိုက လာရောက်သတိပေးခဲ့သေးကြောင်း မြို့ခံတစ်ဦးက ပြောသည်။ “အိမ်ကို လာချိပ်ပိတ်တဲ့အချိန်မှာ အဲဒီအိမ်မှာ လူတော့ မရှိနေကြတော့ဘူး။ သိရသလောက်က အဲဒီမတိုင်ခင် ရက်ပိုင်းမှာကတည်းက သူတို့ နေအိမ်ကနေ ဖယ်ပေးထားရတယ်” ဟု ၎င်းက ပြောဆိုသည်။ ကိုရဲသွေးညီသည် အာဏာမသိမ်းခင်က သံပန်းသံတံခါးလုပ်ငန်း လုပ်ကိုင်နေသူဖြစ်ပြီး ယင်းအချိန်က ယောက္ခမ၏ […]

ပရာယွတ်ပါဝင်ခဲ့သည့် စစ်တပ်ပါတီနှင့် Pheu Thai ပါတီ ပူးပေါင်းမည်ဟု ကြေညာ

Dawei Watch

August 18, 2023

ထိုင်းနိုင်ငံ၏ အာဏာသိမ်းစစ်ခေါင်းဆောင် ပရာယွတ်ရာချာအိုချာပါဝင်ခဲ့သည့် United Thai Nation ပါတီနှင့် သက်ဆင်သမီး၏ Pheu Thai ညွန့်ပေါင်းအဖွဲ့တို့ ပူးပေါင်းသွားမည်ဖြစ်ကြောင်း ယမန်နေ့ (ဩဂုတ် ၁၇) ညနေပိုင်းတွင် ကြေညာခဲ့သည်။ ထိုင်းနိုင်ငံ၏ ပထမဆုံး အမျိုးသမီးဝန်ကြီးချုပ်ဖြစ်သော သက်ဆင်ညီမ ယင်းလတ်လက်ထက်၂၀၁၄ ခုနှစ်တွင် ပရာယွတ်ချာအိုချာက အာဏာသိမ်းခဲ့ခြင်းဖြစ်သည်။ Pheu Thai ပါတီက ရွေးကောက်ပွဲမတိုင်မီကာလအတွင်း စစ်တပ်နောက်ခံပါတီများဖြစ်သော United Thai Nation ပါတီနှင့် Palang Pracharath ပါတီများနှင့် ပူးပေါင်းမည်မဟုတ်ကြောင်း ပါတီခေါင်းဆောင် Chonlanan Srikaew က ဆိုထားခဲ့သည်။ အကယ်၍ ပူးပေါင်းပါက ပါတီခေါင်းဆောင်နေရာက ဆင်းပေးမည်ဟုလည်း ကတိပေးခဲ့သူဖြစ်သည်။ သို့သော်လည်း ညွန့်ပေါင်းအစိုးရဖွဲ့စည်းနိုင်ရန် နှစ်ပါတီ သဘောတူညီချက်ရရှိထားကြောင်း United Thai Nation […]

ထားဝယ်အရှေ့တောနယ်ကို ဆန်သယ်ယူခွင့်လုံးဝပိတ်လိုက်ပြီ

Dawei Watch

August 18, 2023

ထားဝယ်မြို့နယ်၊ အရှေ့တောနယ်မြေကို စစ်ကောင်စီတပ်ဂိတ်များက ဆန်သယ်ယူခွင့်လုံးဝ ပိတ်ပင်ထားကြောင်း ဒေသခံများနှင့် ကားသမားအချို့က ပြောသည်။ ပြီးခဲ့သည့်နှစ်ကတည်းက စစ်ကောင်စီတပ်ဂိတ်က ဆန်အိတ် အများအပြားသယ်ယူခွင့်ကို ကန့်သတ်ပိတ်ပင် ထားသည်။ သို့သော် ဒေသတွင်း စားရေးသောက်ရေးအတွက် စစ်ဆေးရေးဂိတ်တွင် တာဝန်ကျနေသူတို့အား အကျိုးအကြောင်း ပြောပြ နားလည်မှုယူကာ ဂိတ်ကြေးပေး၍ ဆန်အိတ်အနည်းငယ် သယ်ယူခွင့်ရခဲ့ကြောင်း ဒေသခံများနှင့် ကားသမားအချို့ထံမှ သိရသည်။ ၎င်းတို့ခွင့်ပြုချက်မရဘဲ ဆန်အိတ်အများအပြားသယ်ယူလာပါက လူကိုဖမ်းပြီး ကားပေါ်တွင် ပါလာသည့် ဆန်အိတ်များကိုလည်း သိမ်းဆည်းလေ့ရှိကြောင်း ၎င်းတို့က ဆိုသည်။ သို့သော် ယခုဩဂုတ်လ ဒုတိယအပတ်ကစပြီး ဆန်သယ်ယူခွင့် လုံးဝ မရတော့ခြင်းဖြစ်ကြောင်း ဒေသခံများနှင့် ကားသမားအချို့က ပြောသည်။ “လုံးဝ မတင်ခိုင်းဘူး။ အခုတော့ ဆန်တစ်ပြည်တောင် ယူဆောင်လို့မရဘူး။ အခုဆိုဆန်တွေ ပြတ်နေကြပြီ” ဟု ထားဝယ်အရှေ့တောဒေသကို […]

ပလတွင် စစ်ကောင်စီတပ်ကင်းလှည့်စဉ် မိုင်းဆွဲခံရ

Dawei Watch

August 17, 2023

မြိတ်ခရိုင်၊ ပုလောမြို့နယ်၊ ပလမြို့တွင် ယနေ့ ညပိုင်းက စစ်ကောင်စီတပ် ကင်းလှည့်လာစဉ် မိုင်းဆွဲခံရကြောင်း ဒေသခံများက ပြောသည်။ စစ်ကောင်စီတပ်သည် ပလမြို့မှထွက်လာပြီး ဇာဒီတောင်လမ်းဆုံ၌ လှည့်ကင်းတွင် ထပ်မံပူးပေါင်းလာမည့်သူများကို စောင့်ဆိုင်းနေချိန် မိုင်းနှစ်လုံးပေါက်ကွဲကြောင်း ဒေသခံများက ဆိုသည်။ ယနေ့ ဩဂုတ်လ ၁၇ရက် ည ၇နာရီဝန်းကျင်တွင် မိုင်းဆွဲတိုက်ခိုက်ခံရခြင်းဖြစ်ပြီး ဒဏ်ရာရသူများကိုလည်း တွေ့ရကြောင်း မျက်မြင်တွေ့ရှိသူအချို့က ပြောဆိုသည်။   ထိခိုက်ဒဏ်ရာရသူ မည်မျှရှိသည်ကိုမူ အတိအကျ မသိရသေးကြောင်း ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။ မိုင်းဆွဲခံရပြီးနောက် ယင်းနေရာ၏ တောင်ဘက်တွင် ရှိသည့် တန်းရှင်းကျေးရွာဖက်သို့ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်နေပြီး ပစ်ခတ်သံများကို ည ၇ နာရီခွဲအထိ ဆက်တိုက်ကြားကြောင်း ဒေသခံများက ဆိုသည်။ “လက်နက်ငယ်တွေနဲ့ ပစ်နေကြတာ ဗြောင်းဗြောင်းညံပဲ။ လက်နက်ကြီးတွေနဲ့လည်း […]

ရေးတွင် ခရီးသည်တင်ကားပစ်ခတ်ခံရပြီး အမျိုးသမီးတစ်ဦးဒဏ်ရာရ

Dawei Watch

August 17, 2023

Dawei Watch၊ ဩဂုတ် ၁၇ မွန်ပြည်နယ် ရေး-သံဖြူဇရပ်ကားလမ်းပိုင်းတွင် ခရီးသည်တင်ကားတစ်စီး ပစ်ခတ်ခံရပြီး အမျိုးသမီးတစ်ဦး ကျည်ထိမှန်ဒဏ်ရာရကြောင်း ဒေသခံတို့ထံမှ သိရသည်။ ဩဂုတ်လ ၁၆ ရက် နေ့လယ် ၁၂ နာရီခန့်က ရေးမြို့ဖက်မှ သံဖြူဇရပ်မြို့ဖက်သို့ မောင်းနှင်လာသည့် ခရီးသည်တင် ကားသည် နှစ်ကရင်ကျေးရွာ အောင်သုခဆီဆိုင်အနီးအရောက်တွင် သေနတ်ဖြင့် ပစ်ခတ်ခံရခြင်းဖြစ်ကြောင်း ဒေသခံတို့က ပြောသည်။ ပစ်ခတ်ခံရသောကြောင့် ခရီးသည်တင်ကားပေါ် လိုက်ပါစီးနင်းလာသည့် အမျိုးသမီးတစ်ဦးတွင် ဝဲဘက်ရင်အုံ ကျည်ဖောက်ဝင်ဒဏ်ရကြောင်း ၎င်းတို့က ဆိုသည်။ “သံဖြူဇရပ်နဲ့ ရေးကြား လမ်းပိုင်းမှာ ဒီလိုမျိုး ပစ်ခတ်ခံရတဲ့ဖြစ်စဉ်တွေကတော့ ခဏခဏကြားနေရတယ်။ ဒီလိုမျိုး အရပ်သားတွေကို ပစ်မှတ်ထားလုပ်နေတာကတော့ မဖြစ်သင့်ဘူးလေ” ဟု သံဖြူဇရပ်ဒေသခံတစ်ဦးက ပြောသည်။ သေနတ်ဒဏ်ရာရှိခဲ့သည့် အမျိုးသမီးသည် ရေးမြို့နယ် အဏ္ဏဝါရပ်ကွက်မှဖြစ်ပြီး လက်ရှိတွင် […]

ထိုင်းတွင်ဟန်ဆောင်ပြန်ပေးဆွဲ၍ ငွေလိမ်တောင်းမှုများ တက္ကသိုလ်ကျောင်းသားများကို ပစ်မှတ်ထားနေ

Dawei Watch

August 17, 2023

ထိုင်းနိုင်ငံတွင် တက္ကသိုလ်ကျောင်းသားများကို ပြန်ပေးဆွဲသည့် ပုံစံဖြင့် ဟန်ဆောင်ဗီဒီယိုရိုက်ခိုင်း၍ အွန်လိုင်းငွေလိမ်တောင်းခံမှုများ ဆက်တိုက်ပေါ်ထွက်လာနေကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြထားသည်။ ဟန်ဆောင်ရိုက်ခိုင်းထားသော ဗီဒီယိုဖိုင်များကို ကျောင်းသားမိဘများထံသို့ ပို့ဆောင်၍ အွန်လိုင်းမှတစ်ဆင့် ခြိမ်းခြောက်ငွေညှစ်မှုများ ဖြစ်ပေါ်လာနေခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။ ဘန်ကောက်မြို့ လတ်ခဘန်နယ်မြေက တက္ကသိုလ်ကျောင်းသူတစ်ဦး အဆိုပါအဖြစ်အပျက်တစ်ခုတွင် ထောင်ချောက်မိနေခဲ့သဖြင့် ရဲတပ်ဖွဲ့က ထပ်မံသွားရောက်ကယ်ဆယ်ခဲ့ရကြောင်း ဩဂုတ်လ ၁၃ ရက်နေ့တွင် ဆိုက်ဘာရဲတပ်ဖွဲ့၏ ရဲမှူးကြီးက ထုတ်ဖော်ပြောကြားခဲ့သည်။ ဩဂုတ်လ ၇ ရက်နေ့တွင် ဘန်ခန်းနယ်မြေရှိ တတိယနှစ် တက္ကသိုလ်ကျောင်းသူတစ်ဦးကို လိမ်လည်သူများက ပစ်မှတ်ထား ဆက်သွယ်လာခဲ့ခြင်းဖြစ်ကြောင်း ရဲမှူးကြီးက ပြောကြားခဲ့သည်။ လိမ်လည်သူများက စာတိုက်ဝန်ထမ်းများအဖြစ် ဟန်ဆောင်ကာ သူမ၏ ဘဏ်စာအုပ်ကို ရှာတွေ့ထားသည်ဟု လိမ်လည်ဆက်သွယ်လာခဲ့ခြင်းဖြစ်ကြောင်း ဆိုသည်။ ထိုဘဏ်စာအုပ်သည် ငွေကြေးခဝါချမှုများနှင့် ပတ်သက်နေပြီး မြန်မာနိုင်ငံကူးလက်မှတ် ၁၂ အုပ်၊ […]

ဇရပ်ဆိပ်ရွာမှ ပလမြို့သို့ ဈေးလာဝယ်လေ့ရှိသည့် ဈေးသည်အမျိုးသမီးအဖမ်းခံရ

Dawei Watch

August 17, 2023

မြိတ်ခရိုင်၊ ပုလောမြို့နယ်၊ ဇရပ်ဆိပ်ရွာမှ ပလမြို့သို့ ဈေးလာဝယ်လေ့ရှိသည့် ဈေးသည်အမျိုးသမီးတစ်ဦး ဖမ်းဆီးခံရကြောင်း ဒေသခံများထံမှ သိရသည်။ ဖမ်းဆီးခံရသူမှာ မမီးကမ်းဆိုသူဖြစ်ပြီး ပလမြို့မှ အသီးအရွက်၊ သားငါးများကို ဆိုင်ကယ်ဖြင့် နံနက်ပိုင်းတွင် သွားဝယ်ပြီး ဇရပ်ဆိပ်ရွာအတွင်း တနိုင်တပိုင်ဈေးရောင်းချနေသူဖြစ်ကြောင်း ၎င်းတို့က ဆိုသည်။  ယနေ့ ဩဂုတ်လ ၁၇ရက်တွင်မူ မမီးကမ်းကို ပလမြို့လမ်းဆုံ၌ စစ်ကောင်စီတပ်များက ဖမ်းဆီးသွားကြောင်း ပလမြို့ခံတစ်ဦးက ပြောသည်။   “ဒီကနေ့ ကြက်တွန်နပ် (နံနက်) ၄ နာရီလောက်မှာ အဖမ်းခံရတယ်ကြားတယ်။ ဘာကြောင့်ဖမ်းသွားလည်းတော့ မသိရသေးဘူး” ဟု ၎င်းက ပြောဆိုသည်။  မမီးကမ်း ဈေးဝယ်ရန်စီးလာသည့် ဆိုင်ကယ်ကို ပလမြို့ရဲစခန်းတွင် တွေ့ရကြောင်း ဒေသခံတို့က ဆိုသည်။  ဩဂုတ်လ ၁၅ ရက်နေ့က ပလမြို့ရဲစခန်းအနီးရှိ ရပ်ကွက်အုပ်ချုပ်ရေးမှူးနေအိမ်နှင့် စစ်ကောင်စီနှင့် […]