ရန်ကုန်-ထားဝယ်ကားလမ်းပေါ်ရှိ ရေးမြို့နယ်၊ နှင်းစုံစစ်ဆေးရေးဂိတ် တိုက်ခိုက်ခံရ
Dawei Watch
October 28, 2025ရန်ကုန်-ထားဝယ် ကားလမ်းမပေါ်ရှိ ရေးမြို့နယ်၊ နှင်းစုံရွာ တံတားစစ်ဆေးရေးဂိတ် အောက်တိုဘာလ ၂၇ ရက် နံနက်ပိုင်းက ရေးဘီလူးအဖွဲ့ ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ယင်းတပ်ဖွဲ့ထံမှသိရသည်။ အဆိုပါဂိတ်မှာ စစ်အာဏာရှင်တပ်လက်အောက်ခံ DKBA (Democratic Karen Buddhist Army) တပ်ဖွဲ့ သုံးဆယ်ဝန်းကျင်ခန့် နေရာယူထားသည့်ဂိတ်ဖြစ်ကြောင်း ဒေသခံများနှင့် ရေးဘီလူးတပ်ဖွဲ့ တို့ကဆိုသည်။ အလစ်အငိုက် ဝင်ရောက်ပစ်ခတ်တိုက်ခိုက်နိုင်သဖြင့် နှင်းစုံဂိတ်တွင် DKBA တပ်ဖွဲ့ဝင်လေးဦး ခန့်သေဆုံးပြီး ဂိတ်သို့အလည်လာသည့် အမျိုးသမီးတစ်ဦးလည်း သေဆုံးကြောင်း ရေးဘီလူးတပ်ဖွဲ့ တာဝန်ရှိသူ ကပြောသည်။ ” သေဆုံးသူတွေအပြင် ဒဏ်ရာအပြင်းအထန်ရသူတွေလည်းရှိတယ်။ တိုက်ခိုက်ခံရပြီးနောက်ပိုင်းမှာတော့ စကစ ဘက်ကနေ လက်နက်ကြီးပစ်တယ်။ ရေးအခြေစိုက် ခလရ ၁၀၆ ကနေပစ်နေတာမျိုးရှိတယ် ” ဟု ၎င်းကပြောဆိုသည် ။ တိုက်ခိုက်ခံရမှုကြောင့် ထိခိုက်သေဆုံးမှု အခြေအနေနှင့်ပတ်သက်၍ […]


