ထားဝယ်မြို့ ရေဝိုင်းရွာသွားလမ်းပိုင်းတွင် လူငယ်နှစ်ဦးအလောင်းတွေ့
Dawei Watch
August 24, 2023ထားဝယ်မြို့နယ် မောင်မယ်ရှောင်ရွာ ဘုရားမဲစစ်ဆေးရေးဂိတ်နှင့် ရေဝိုင်းရွာကြား လမ်းပိုင်းတွင် ဩဂုတ်လ ၂၃ ရက် နံနက်ပိုင်းတွင် အမျိုးသားနှစ်ဦး၏ အလောင်းတွေ့ရှိရကြောင်း ဒေသခံခရီးသွားပြည်သူများထံမှ သိရသည်။ သေဆုံးသူနှစ်ဦးမှာ အသက် ၂၀ ဝန်းကျင်အရွယ်ရှိ လူငယ်အမျိုးသားနှစ်ဦးဖြစ်ပြီး နှစ်ဦးစလုံး ကျည်ထိမှန်ဒဏ်ရာဖြင့် သေဆုံးနေခြင်းဖြစ်ကြောင်း ဒေသခံများက ပြောသည်။ သေဆုံးသူနှစ်ဦးစလုံးမှာ မောင်မယ်ရှောင်ရွာ နည်းပညာတက္ကသိုလ်အနီး သစ်အချောထည်စက်ရုံတွင် အလုပ်လုပ်နေသည့် အလုပ်သမားနှင့် အလုပ်သမားဟောင်းတို့ဖြစ်ကြောင်း လက်ရှိလုပ်ကိုင်နေသည့် အလုပ်သမားနှင့် နီးစပ်သူတစ်ဦးက ဆိုသည်။ ဩဂုတ်လ ၂၂ ရက် နံနက် ၁၁ နာရီခန့်တွင် အမည်မသိ လူတစ်စုက စက်ရုံမှ လာရောက် ခေါ်ဆောင်သွားသည်ကို တွေ့ရသည်ဟု အထက်ပါနီးစပ်သူက ပြောဆိုသည်။ “အရင်က ဒီလိုလာခေါ်သွားပြီး ပြန်လွှတ်ပေးဖူးတယ်” ၎င်းက ဆက်လက်ပြောဆိုသည်။ ခေါ်ဆောင်ခံရပြီး နောက်တစ်ရက်အကြာ […]


