ထားဝယ်တွင် စက်သုံးဆီဝယ်ယူရ ခက်ခဲ
Dawei Watch
August 29, 2023ထားဝယ်မြို့ရှိ စက်သုံးဆီဆိုင်အချို့တွင် စက်သုံးဆီ လိုသလောက် ဝယ်ယူမရဘဲ ဖြစ်နေကြောင်း မြို့ခံအချို့ကဆိုသည်။ ဩဂုတ်လ ၂၈ ရက်ကစပြီး ဆိုင်ကယ်တစ်စီးလျှင် ငါးထောင်ကျပ်၊ ကားတစ်စီးလျှင် ကျပ်တစ်သောင်းဝန်းကျင် စသည့်ဖြင့် အကန့်အသတ်ဖြင့်သာ ရောင်းချပေးကြောင်း ဆိုသည်။ “ကမ်းနားဆီဘောမှာသွားဝယ်ရင်တော့ ပုံးတွေနဲ့ နဲနဲပါးပါး ရောင်းပေးတာတော့ရှိတယ်။ မြို့ထဲက ဆီဆိုင်ကြီးတွေ ဥပမာ DPPC ဆိုင်မှာဆို ပုံးနဲ့ဝယ်ရင်မရောင်းပေးဘူး။ ဆိုင်ကယ်ထဲ ဆီအပြည့်ထည့်ချင်ရင် ဟိုဆိုင်မှာ ငါးထောင်၊ ဒီဆိုင်မှာ ငါးထောင် လိုက်ထည့်ရင်တော့ရတယ်” ဟု ထားဝယ်မြို့ခံ တက္ကစီသမားတစ်ဦးက ယနေ့ ဩဂုတ်လ ၂၉ ရက် နေလယ် ၂ နာရီခန့်က ပြောဆိုသည်။ ထားဝယ်မြို့ရှိ စက်သုံးဆီဆိုင်ကြီးအချို့ကို ဆက်သွယ်မေးမြန်းရာ အချို့က အကန့်အသတ်ဖြင့်သာ ရောင်းချပေးပြီး အချို့ကမူ ကန့်သတ်မထားဘဲ ရောင်းချပေးနေကြောင်း […]


