ဒီည ချန်ပီယံလိဂ်အုပ်စုအဆင့် မဲခွဲမယ်၊ မန်ယူအတွက် အုပ်စုကျပ်လေမလား
Dawei Watch
August 31, 2023ဒီညမှာ ချန်ပီယံလိဂ်အုပ်စုအဆင့်တွေ မဲခွဲပါတော့မယ်။ မှော်ဝင်ချန်ပီယံလိဂ်ညတွေ ရောက်လာတော့မယ်ဆိုတာက ဘောလုံးပရိသတ်တွေအတွက် ပြီးပြည့်စုံတဲ့ဘောလုံးကမ္ဘာကြီးဖြစ်လာတော့မယ်ဆိုတဲ့ အချက်ပေးခေါင်းလောင်းသံပါပဲ။ ရှေ့လာမယ့်သီတင်းပတ်ကိုရောက်ရင် နိုင်ငံတကာပွဲစဉ်တွေက ကြားဝင်လာမှာဖြစ်လို့ ကလပ်ပွဲတွေ တစ်ပတ်နားပါလိမ့်မယ်။ နိုင်ငံတကာပွဲစဉ်သီတင်းပတ်ပြီးဆုံးသွားရင်တော့ ချန်ပီယံလိဂ်၊ ယူရိုပါလိဂ်နဲ့ ယူရိုပါကွန်ဖရန့်လိဂ်တို့ ဝင်ရောက်လာမှာဖြစ်တဲ့အတွက် ဘောလုံးလောကကြီးက မြိုင်မြိုင်ဆိုင်ဆိုင် ဖြစ်သွားတော့မှာပါ။ ဒီနှစ်ဘောလုံးရာသီမှာ ချန်ပီယံလိဂ်ပြိုင်ပွဲကို ပရိသတ်စိတ်ဝင်စားမှု မြင့်တက်လို့နေပါတယ်။ ဘာကြောင့်လဲဆိုတော့ မန်ယူနဲ့ အာဆင်နယ်တို့လိုအသင်းတွေ ပြန်ပြီး ပါဝင်လာလို့ပါပဲ။ တစ်ဖက်မှာ ဖလားသုံးလုံးချန်ပီယံအသင်း မန်စီးတီးကလည်း ရှိနေသေးတာကြောင့် ဘယ်အသင်းတွေ ဘယ်အုပ်စုထဲကျရောက်ပြီး ဘယ်အသင်း အုပ်စုကျပ်မလဲ၊ ဘယ်အသင်း အုပ်စုချောင်မလဲဆိုတာက ချန်ပီယံလိဂ်မဲခွဲပွဲ မတိုင်ခင်မှာတင် ပွဲဆူနေပြီဖြစ်ပါတယ်။ ဒီနေရာမှာတော့ ပရိသတ်စိတ်ဝင်စားလို့နေတဲ့ မန်ယူအသင်းဟာ ဘယ်အသင်းတွေနဲ့ တစ်အုပ်စုတည်းကျရောက်နိုင်ခြေတွေရှိပြီး ဘယ်လိုဆိုရင် အုပ်စုအချောင်ဆုံးဖြစ်မလဲ၊ ဘယ်လိုဆိုရင် အုပ်စုအကျပ်ဆုံးဖြစ်မလဲဆိုတာကို တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ ချန်ပီယံလိဂ်ကို နတ်ကြီးလွန်းလှတဲ့ပြိုင်ပွဲလို့လည်း […]


