BREAKING
November 7, 2025

သတင်း

တစ်ပတ်အတွင်း မြန်မာ့ရေးရာ

Dawei Watch

September 2, 2023

မြန်မာနိုင်ငံတစ်ဝန်း ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်များထဲမှ ထူးခြားဖြစ်စဉ်များကို ကောက်နုတ်ကာ အပတ်စဉ် တနင်္ဂနွေနေ့တိုင်းတွင် စုစည်းဖော်ပြပေးသွားမည်ဖြစ်ပါသည်။ ဩဂုတ်လ ၂၇ ရက်နေ့မှ စက်တင်ဘာလ ၂ ရက်နေ့အထိ အရှေ့တီမောကို မြန်မာစစ်ကောင်စီ သံတမန်ဆက်ဆံရေးဖြတ် တီမောလက်စ်တေးနိုင်ငံကို မြန်မာစစ်ကောင်စီက သံတမန်ဆက်ဆံရေးဖြတ်တောက်လိုက်ပြီး ရန်ကုန်မှာရှိတဲ့ သံရုံးယာယီတာဝန်ခံကိုလည်း နှင်ထုတ်လိုက်ပါတယ်။ အမျိုးသားညီညွတ်ရေးအစိုးရ NUG နဲ့ နီးနီးကပ်ကပ်ဆက်ဆံနေတာကြောင့် စစ်ကောင်စီက သံတမန်ဆက်ဆံရေး ဖြတ်တောက်တာဖြစ်ပြီး အခုလို လုပ်ရပ် စစ်အာဏာသိမ်းပြီးနောက် ပထမဆုံးအကြိမ်လည်း ဖြစ်ပါတယ်။ တီမောလက်စ်တေးနိုင်ငံသံရုံး ယာယီတာဝန်ခံအနေနဲ့ စက်တင်ဘာလ ၁ရက်နေ့မတိုင်ခင် မြန်မာနိုင်ငံကနေ ထွက်ခွာဖို့ ဩဂုတ်လ ၂၅ရက်နေ့မှာ သံတမန်စာနဲ့ အကြောင်းကြားခဲ့တာလို့ စစ်ကောင်စီရဲ့ နိုင်ငံခြားရေး ဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။ ပြီးခဲ့တဲ့ ဇူလိုင်လ ၁ရက်နေ့က ကျင်းပတဲ့ တီမောလက်စ်တေးနိုင်ငံ ဝန်ကြီးချုပ်သစ်နဲ့ […]

ပလတွင် လက်နက်ကြီးကျည်စထိမှန်ပြီး ရှစ်တန်းကျောင်းသားအပါအဝင် အရပ်သားရှစ်ဦးခန့် ဒဏ်ရာရ

Dawei Watch

September 2, 2023

မြိတ်ခရိုင်၊ ပလမြို့တွင် လက်နက်ကြီးကျည်စထိမှန်ပြီး ရှစ်တန်းကျောင်းသားအပါအဝင် အရပ်သားရှစ်ဦးခန့် ဒဏ်ရာရခဲ့ကြောင်း ဒေသခံများက ပြောသည်။ စက်တင်ဘာ ၁ ရက် နံနက်ပိုင်းက ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ ယူနီဖောင်းဝတ်ပြီး လက်နက်ကိုင်ဆောင်ကာ ပလမြို့ဧရိယာအတွင်းသို့ ဝင်ရောက်လာပြီးနောက် ပြန်လည်ထွက်ခွာချိန် နံနက် ၁၁ နာရီခွဲဝန်းကျင်တွင် ပလမြို့ရဲစခန်းက လက်နက်ကြီးဖြင့်ပစ်ခတ်ကြောင်း ဒေသခံတို့က ဆိုသည်။ လက်နက်ကြီးကျည်များသည် မြို့ဧရိယာထဲရှိ ဆားဖိုဆိပ်၊ ရွှေမော်စေတီ၊ စာသင်ကျောင်းအနောက်ဖက်လမ်းနှင့် မင်းပြင်ရွာများဖက် ကျရောက်ပေါက်ကွဲကာ အရပ်သားများ ထိခိုက်ဒဏ်ရာရခြင်းဖြစ်ကြောင်း ၎င်းတို့က ပြောဆိုသည်။ “ရှစ်တန်းကျောင်းသားရဲ့ ရင်ဘတ်ကို လက်နက်ကြီးအစထိတယ်။ အခု မြိတ်ဆေးရုံကို တင်ထားပြီး စိုးရိမ်ရတယ် ပြောတယ်။ ဆားဖိုဆိပ်မှာက သုံးယောက်ထိတယ်။ တယောက်ကတော့ အနာပိုကြီးတယ်။ ကျန်တဲ့သူတွေက နည်းနည်းစီ ထိကြတယ်” ဟု ပလမြို့ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။ ပလရဲစခန်းက […]

ဖွေထိုင်းပါတီက စစ်တပ်ပါတီများနှင့် ပူးပေါင်းခဲ့၍ ကတိအတိုင်း မစင်ဖြင့် ပစ်ပေါက်ခံ

Dawei Watch

September 2, 2023

ဖွေထိုင်းပါတီ (Pheu Thai) က စစ်တပ်ပါတီများနှင့် ပူးပေါင်းပြီး ညွန့်ပေါင်းအစိုးရ ဖွဲ့စည်းခဲ့သည့်အတွက် ပါတီထောက်ခံသူတစ်ဦးက ကတိအတိုင်း ၎င်းခန္ဓာကိုယ်ကို မစင်များဖြင့် ပစ်ပေါက်ခံခဲ့ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြထားသည်။ ပါတီထောက်ခံသူတစ်ဦးသည် ဖွေထိုင်းပါတီက စစ်တပ်ပါတီများနှင့် ပူးပေါင်းမိလျှင် ၎င်း၏ ခန္ဓာကိုယ်ကို မစင်ဖြင့် ပစ်ပေါက်ခံမည်ဖြစ်ကြောင်း ကတိပေးထားသည့်အတိုင်း ယနေ့ နေ့လယ်ပိုင်းတွင် မစင်များဖြင့် ပစ်ပေါက်ခံခဲ့ခြင်းဖြစ်သည်။ အဆိုပါဖြစ်ရပ်ကို ဘန်ကောက်မြို့ Mirror Art Gallery တွင် ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး Duangrit Bunnag အမည်ရှိ ပါတီထောက်ခံသူလည်းဖြစ် ဗိသုကာပညာရှင်လည်းဖြစ်သူသည် အကာအကွယ်ဝတ်စုံကို ဝတ်ဆင်ထားသည်ကို တွေ့ရှိရသည်။ ဖွေထိုင်းပါတီက စစ်တပ်ပါတီများနှင့် ပူးပေါင်းလိမ့်မည်မဟုတ်ဟု ၎င်းကိုယ်တိုင် လုံးဝ ယုံကြည်ခဲ့ကြောင်း၊ သို့သော်လည်း ယခုတွင် စစ်တပ်ပါတီများနှင့် ပူးပေါင်း၍ ညွန့်ပေါင်းအစိုးရ ဖွဲ့စည်းထားခဲ့ကြောင်း […]

ထားဝယ်တွင် စပါးတစ်တင်း ကျပ်သုံးသောင်းကျော် အထိရောက်ရှိ

Dawei Watch

September 2, 2023

ထားဝယ်ခရိုင်ရှိ လယ်သမားများတွင် စပါးလက်ကျန်ပြတ်နေပြီဖြစ်ပြီး စပါးတစ်တင်းစျေးမှာလည်း ကျပ်သုံးသောင်းကျော်အထိ ရောက်သွားပြီဟု စပါးကုန်သည်အချို့ထံမှာသိရသည်။ မိုးစပါးစိုက်ပျိုးပြီးရာသီ ဖြစ်သည့် ထားဝယ်ဈေးကွက်တွင် စပါးကြမ်းတစ်တင်း ၂၃၀၀၀ ကျပ်၊ စပါးချော ကမာကြည်တစ်တင်း ၃၀၀၀၀ ကျပ်ဝန်းကျင်နှင့် ထားဝယ်ပေါ်ဆန်းစပါးတစ်တင်းကို ၃၄၀၀၀ ဝန်းကျင်ခန့်အထိရှိကြောင်း ကုန်သည်တစ်ဦးကပြောသည်။ “လက်ရှိနယ်မှာစပါးမရှိတော့ဘူး သိုလှောင်သူတွေ လက်ထဲမှာပဲ စပါးကကျန်တော့တယ်”ဟု ၎င်းကပြောသည်။ စပါးပေါ်ရာသီဖြစ်သည့် ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလက စပါးကြမ်းတစ်တင်းကို ၁၁၀၀၀ကျပ်၊ စပါးချော(ကမာကြည်)တစ်တင်းကို ၁၃၀၀၀ ကျပ်သာပေါက်ခဲ့သည်။ လယ်သမားအချို့က စပါးပေါ်ချိန် ထုတ်ရောင်းကြသလို ယခုလို မိုးစပါးစိုက်ပျိုးရာသီအထိ သို‌ လှောင်ထားကြပြီး စပါး‌‌ဈေးတက်ချိန်မှ ထုတ်ရောင်းကြသူများလည်းရှိသည်။ ထားဝယ်ဒေသတွင် မိုးစပါးစိုက်ပျိုးပြီးချိန် ယခုလတွင် စပါးကြမ်းတစ်တင်းမှာ ၂၃၀၀၀ ခန့်ရှိပြီး စပါးချော ကမာကြည်တစ်တင်းမှာ ၂၅၀၀၀ ကျပ်ခန့်ရှိသည်။ “ဒီအချိန်ကတောင်သူတွေမှာ စပါးလက်ကျန်မရှိတော့ဘူး […]

တစ်ပတ်အတွင်း ကမ္ဘာ့ရေးရာ

Dawei Watch

September 1, 2023

ကမ္ဘာ့တစ်ဝန်း ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်များထဲမှ ထူးခြားဖြစ်စဉ်များကို ကောက်နုတ်ကာ အပတ်စဉ် စနေနေ့တိုင်းတွင် စုစည်းဖော်ပြပေးသွားမည်ဖြစ်ပါသည်။ ဩဂုတ်လ ၂၆ ရက်နေ့မှ စက်တင်ဘာလ ၁ ရက်နေ့အထိ တရုတ်ထုတ် ဈေးသက်သာသော စားပွဲထိုးစက်ရုပ်တွေကြောင့် တောင်ကိုရီးယားကုမ္ပဏီတွေ စိုးရိမ်နေ တရုတ်နိုင်ငံက ထုတ်လုပ်ထားတဲ့ ဈေးပေါတဲ့ စားပွဲထိုးစက်ရုပ်တွေ တောင်ကိုးရီးယားဈေးကွက်ထဲ ဝင်ရောက်လာနေလို့ နည်းပညာကုမ္ပဏီတွေ စိုးရိမ်မှု မြင့်တက်လာနေခဲ့ပါတယ်။ တရုတ်စက်ရုပ်တန်ဖိုးဟာ တောင်ကိုရီးယားစက်ရုပ်တွေထက် ၅ဆအထိ ဈေးပိုသက်သာနေတာပါ။ တရုတ်ဟာ စားပွဲထိုးစက်ရုပ်တရုပ်ကို ဝမ် ၁၀ သန်းကနေ ၃၀ သန်း (ဒေါ်လာ ၇၅၀၀-၂၂၅၀၀) နဲ့ရောင်းချပေးနေခဲ့တာ ဖြစ်ပါတယ်။ တောင်ကိုးရီးယားမှာ လုပ်သားအင်အားရှားပါးလာနေလို့ စားသောက်ဆိုင်တွေမှာ စက်ရုပ်စားပွဲထိုး ၅၀၀၀ လောက် အသုံးပြုနေကြပါတယ်။ တောင်ကိုးရီးယားစီးပွားရေးလုပ်ငန်းရှင်တစ်ဦးကတော့ တရုတ်စက်ရုပ်တွေကို အရည်အသွေးပိုကောင်းတဲ့ စက်ရုပ်တွေနဲ့ ယှဉ်နိုင်ဖို့ […]

တနင်္သာရီတိုင်းက စစ်ဘေးရှောင်များအတွက် ရန်ပုံငွေဘောလုံးပွဲ ဖူးခက်တွင် ကျင်းပမည်

Dawei Watch

September 1, 2023

တနင်္သာရီတိုင်းအတွက် လူသားချင်းစာနာကူညီစောင့်ရှောက်‌ရေး ရန်ပုံငွေဘောလုံးပွဲကို ထိုင်းနိုင်ငံတောင်ပိုင်း ဖူးခက်မြို့၌ စက်တင်ဘာလ ၁၇ ရက်နေ့တွင် ကျင်းပမည်ဖြစ်ကြောင်း ထိုင်းနိုင်ငံအခြေစိုက် တနင်္သာရီတိုင်း၊ တိုင်းလူငယ်ကွန်ရက်ထံမှ သိရသည်။ တိုင်းအတွင်းရှိ စစ်ဘေးရှောင်ဒုက္ခသည်များနှင့် ဒေသအတွင်း အခက်အခဲဖြစ်နေသော အဖွဲ့အစည်းများကို ကူညီထောက်ပံ့နိုင်ရေးအတွက် ရည်ရွယ်၍ ဖူးခက်မြို့ရှိ စမ်းကော်ဘောလုံးကွင်းတွင် ကျင်းပမည်ဖြစ်ကြောင်း ပြိုင်ပွဲကျင်းပရေးတာဝန်ခံတစ်ဦးက ပြောသည်။ “ပြည်တွင်းမှာ ဖြစ်နေတဲ့ အခက်အခဲတွေကို ကူညီနိုင်ဖို့ တစ်ထောင့်တစ်နေရာကနေ ကျွန်တော်တို့ တတ်စွမ်းသမျှ ပါဝင်မယ်ပေါ့ဗျာ” ဟု ၎င်းက ပြောဆိုသည်။ အဆိုပါရန်ပုံငွေ ဘောလုံးပြိုင်ပွဲကို ယမန်နှစ်က စူရတ်ဌာနမြို့တွင် ကျင်းပခဲ့ပြီး ယခုနှစ်တွင် ဖူးခက်မြို့၌ ကျင်းပခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။ ပါဝင်ယှဉ်ပြိုင်မည့် အသင်းများသည် အသင်းဝင်ကြေးအနေဖြင့် ဘတ် ၄၅၀၀ ဖြင့် သတ်မှတ်ထားပြီး စက်တင်ဘာလ ၁၃ […]

မော်လမြိုင်တွင် သောက်ရေသန့်တစ်ဗူး ကျပ်သုံးရာဈေးတက်

Dawei Watch

September 1, 2023

မွန်ပြည်နယ်၊ မော်လမြိုင်မြို့နယ်တွင် ၂၀ လီတာဗူး သောက်ရေသန့်ဈေးနှုန်းကို စက်တင်ဘာလ ၁ ရက်နေ့မှစပြီး ကျပ် သုံးရာဈေးတိုးမြှင့်ရောင်းချနေကြောင်း မော်လမြိုင်မြို့နယ်အတွင်းရှိ သောက်ရေသန့်လုပ်ငန်းရှင်တို့ထံမှ သိရသည်။ ၂၀ လီတာ သောက်ရေသန့်တစ်ဗူးလျှင် ကျပ် ခုနစ်ရာဖြင့် ရောင်းချနေရာမှ စက်တင်ဘာလ ၁ ရက်နေ့မှစပြီး တစ်ထောင်ကျပ်ဖြင့် ရောင်းချနေကြောင်း ၎င်းတို့က ပြောသည်။ အထွေထွေကုန်ကျစရိတ်များ မြင့်မားလာမှု၊ စက်သုံးဆီဈေးနှုန်းများမြင့်တက်လာမှုနှင့် ရေသန့်လုပ်ငန်းသုံးပစ္စည်းများ ဈေးနှုန်းမြင့်တက်လာမှုကြောင့် ဈေးနှုန်းတိုးမြှင့်ရခြင်းဖြစ်ကြောင်း ရေသန့်လုပ်ငန်းရှင်တို့က ဆိုသည်။ မော်လမြိုင်မြို့နယ်အတွင်းရှိ သောက်ရေသန့်လုပ်ငန်းရှင်များ တွေ့ဆုံညှိနှိုင်းကြပြီး သောက်ရေသန့် ဈေးနှုန်း ပြောင်းလဲသတ်မှတ်ရန် သဘောတူဆုံးဖြတ်ခဲ့ကြခြင်းဖြစ်ကြောင်း ရေသန့်လုပ်ငန်းရှင်တစ်ဦးက ပြောသည်။ “ကုန်ဈေးနှုန်းတွေကလည်း တက်တယ်။ စက်သုံးဆီဆိုရင်လည်း တက်တယ်။ နောက်ပြီးတော့ ရေသန့်လုပ်ငန်းသုံး ပစ္စည်းတွေလည်း ဈေးတက်တော့ ဒီအခြေအနေမှာ ရေသန့်လုပ်ငန်းရှင်တွေအားလုံး ညှိနှိုင်းကြပြီးတော့ ရေသန့်တစ်ဗူး […]

သက်ဆင်ကို ထောင် တစ်နှစ်သာကျခံစေရန် ပြစ်ဒဏ်လျှော့ပေါ့

Dawei Watch

September 1, 2023

ထိုင်းနိုင်ငံသို့ ပြည်တော်ပြန်လာသော ဝန်ကြီးချုပ်ဟောင်း သက်ဆင်ကို မူလထောင်ဒဏ် ၈ နှစ်မှ ထောင်ဒဏ် ၁ နှစ်သို့ ထိုင်းဘုရင်မင်းမြတ်က ပြစ်ဒဏ်လျှော့ပေါ့ပေးလိုက်ကြောင်း ကြေညာခဲ့သည်။ ဝန်ကြီးချုပ်ဟောင်း သက်ဆင်အား ထောင်ဒဏ်တစ်နှစ်သို့ လျှော့ပေါ့ပေးမှုကို တော်ဝင်ပြန်တမ်းက ယနေ့ စက်တင်ဘာလ ၁ ရက်နေ့ နေ့လယ်ပိုင်းတွင် ထုတ်ပြန်ခဲ့သည်။ တော်ဝင်ပြန်တမ်းအရ သက်ဆင်သည် ၁၀ ရက်ကျခံပြီးဖြစ်ကြောင်း ဖော်ပြထားသည်။ သက်ဆင်သည် အသက် ၇၀ ကျော်နေပြီဖြစ်သဖြင့် တော်ဝင်လွတ်ငြိမ်းခွင့်ရရှိရန် တင်သွင်းခဲ့ပြီး နောက်တစ်နေ့တွင်ပင် ထိုင်းဘုရင်မင်းမြတ်က ပြစ်ဒဏ်လျှော့ပေါ့ပေးလိုက်ခြင်းဖြစ်သည်။ တော်ဝင်ပြန်တမ်းအရ သက်ဆင်၏ တော်ဝင်အဖွဲ့အစည်းအပေါ်လေးစားလိုက်နာမှု၊ အမှားဝန်ခံမှု၊ အသက်အရွယ်နှင့် ကျန်းမာရေးအခြေအနေများ အားလုံးအပေါ်အခြေခံ၍ စဉ်းစားဆုံးဖြတ်ခဲ့ကြောင်း ဖော်ပြထားသည်။ ပြည်ပတွင် ၁၅ နှစ်ကြာ တိမ်းရှောင်နေသော ဝန်ကြီးချုပ်ဟောင်း သက်ဆင်သည် ဩဂုတ်လ ၂၂ […]