လောင်းလုံးစမ်းလှမ်းရွာသား တစ်ဦး ပစ်သတ်ခံရ
Dawei Watch
September 5, 2023လောင်းလုံးမြို့နယ် စမ်းလှမ်းရွာသား အသက် ၆၀ ကျော်အရွယ်ရှိ အမျိုးသားတစ်ဦး စက်တင်ဘာလ ၄ ရက်နေ့ မွန်းလွဲပိုင်းက ပစ်သတ်ခံရသည်ဟု ဒေသခံများကပြောသည်။ ပစ်သတ်ခံရသူမှာ စမ်းလှမ်းရွာသား ဦးစံရွှေဆိုသူဖြစ်သည်။ လောင်းလုံးမြို့မှ စမ်းလှမ်းရွာသို့ ဆိုင်ကယ်ဖြင့်လာစဉ် လမ်းပိုင်းတစ်နေရာတွင် သေနတ်ဒဏ်ရာများရရှိ၍ ပတ်လက်အနေထားဖြင့် သေဆုံးနေသည်ကို တွေ့ရသည်ဟု ခရီးသွားဒေသခံများထံမှ သိရသည်။ ပစ်သတ်ခံရသည့်အတွက်ကြောင့် ဦးစံရွှေမှာ ဦးခေါင်း၊မေးရိုး၊မျက်နှာ စုတ်ပြဲဒဏ်ရာများရရှိ၍ သေဆုံးနေခြင်းဖြစ်ကြောင်း ခရီးသွားဒေသခံတစ်ဦးကပြောသည်။ “လောင်းလုံးကသွားရင် လမ်းရဲ့ညာဘက်မှာ ဆိုင်ကယ်ဘေးမှာ ပတ်လက်အနေထားနဲ့ သေဆုံးနေတာကို တွေ့ရတယ်”ဟု ၎င်းကပြောသည်။ ဦးစံရွှေကို PDF ပူးပေါင်းတပ်ဖွဲ့ ဖြစ်သည့် Dawei Defense Team-DDT-တပ်ခွဲ ၃( ထားဝယ်-ပကဖ) အဖွဲ့နှင့် Guerrilla Dawei – ထားဝယ်မြို့ပြပြောက်ကြားတပ်ဖွဲ့တို့က ပစ်ခတ်ရှင်းလင်းခဲ့ကြောင်း မနေ့(စက်တင်ဘာ ၄)က ထုတ်ပြန်ခဲ့သည်။ ဦးစံရွှေဆိုသူမှာ စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှုးဖြစ်ပြီး လက်နက်ကိုင်ဆောင်ထားသူလည်းဖြစ်ကာ စစ်ကြောင်းထိုးစဉ် လမ်းပြပေးခြင်း နှင့် […]


