BREAKING
November 8, 2025

သတင်း

မင်းမြတ်ခိုင် ငွေလွှဲလုပ်ငန်းက မြန်မာလုပ်သားများအပေါ် ငွေကြေးလိမ်လည်မှု ဆက်တိုက်ပြုလုပ်နေ

Dawei Watch

September 7, 2023

မင်းမြတ်ခိုင် အမည်ရှိ ထိုင်း-မြန်မာငွေလွှဲဝန်ဆောင်မှုလုပ်ငန်းသည် Facebook စာမျက်နှာပေါ်မှတစ်ဆင့် မြန်မာအလုပ်သမားများကို ငွေကြေးလိမ်လည်မှုများ ဆက်တိုက်ပြုလုပ်လာနေကြောင်း မြန်မာအလုပ်သမားများထံမှ စုံစမ်းသိရှိရသည်။ ငွေလွှဲလုပ်ငန်းသည် ဘတ်-ကျပ် ငွေလွှဲဈေးနှုန်းများကို ယနေ့ စက်တင်ဘာလ ၇ ရက်နေ့အထိ နေ့စဉ်နှင့်အမျှ အချိန်နှင့် တပြေးညီ တင်ပေးနေခဲ့ပြီး မြန်မာအလုပ်သမားများ အယုံလွယ်မိစေရန် ဆွဲဆောင်နေခဲ့သည်ကို စုံစမ်းသိရှိခဲ့ရသည်။ ငွေဈေးနှုန်းများကို အမြဲဖော်ပြနေခဲ့သော အဆိုပါ page (စာမျက်နှာ) ကို နေ့စဉ်စောင့်ကြည့်နေခဲ့မိရာမှ ယုံကြည်ခဲ့မိသဖြင့် ငွေလွှဲခဲ့မိကြောင်း အလိမ်ခံရသူ ထားဝယ်ဒေသခံတစ်ဦးက ပြောသည်။ မြန်မာပြည်ဘက်သို့ wave money ၂ သိန်း ငွေလွှဲလိုသဖြင့် စက်တင်ဘာလ ၁ ရက်နေ့က အဆိုပါစာမျက်နှာသို့ ဆက်သွယ်ခဲ့ကြောင်း၊ ပြီးနောက်တွင် ၎င်းတို့ပြောသည့် ထိုင်းဘဏ်အကောင်သို့ ငွေလွှဲခဲ့ရာတွင် ငွေလွှဲပြီးသည်နှင့် အဆက်အသွယ် ဖြတ်သွားကြောင်း ၎င်းကဆိုသည်။  “ထိုင်းရောက်ကတည်းက ဘတ်ဈေးအမြဲကြည့်နေကြ page မို့ အသိတွေလည်း ဒီ page မှာ […]

သရက်ချောင်းတွင် မြေသယ်ကားတစ်စီး မိုင်းဆွဲခံရ

Dawei Watch

September 7, 2023

ထားဝယ်ဘက်မှ သရက်ချောင်းမြို့နယ်ဘက်သို့ မောင်းနှင်လာသည့် ကားတစ်စီး သရက်နှစ်ခွနှင့် သင်းကျွန်းရွာကြားတွင် မိုင်းဆွဲခံရပြီး ကားပေါ်ပါသူအချို့ ထိခိုက်ဒဏ်ရာရကြောင်း ဒေသခံတို့က ပြောသည်။ အရပ်ဝတ် အမျိုးသား ၁၃ ဦး လိုက်ပါလာသည့် မြေသယ်ကားကို စက်တင်ဘာလ ၆ ရက် မွန်းလွဲ ၂ နာရီကျော်တွင် မိုင်းဆွဲခဲ့ရခြင်းဖြစ်ကြောင်း သရက်နှစ်ခွရွာနှင့် သင်းကျွန်းရွာက ဒေသခံအချို့က ဆိုသည်။ အဆိုပါကားပေါ်တွင် ဆောက်လုပ်ရေး ငြမ်းများ၊ သံချောင်းများ တွေ့ရပြီး ဆောက်လုပ်ရေးလုပ်ငန်းမှ အလုပ်သမားများဖြစ်နိုင်ကြောင်း ဒေသခံအချို့က ပြောဆိုသည်။ “အလုပ်သမားကားပေါ်ပါသူထဲက နှစ်ယောက်လောက်တော့ အစစဉ်ပြီးတော့ နည်းနည်းပါးပါး နာသွားတာရှိတယ်ဆို ပြောတယ်။ ကားကတော့ ဘာမှမဖြစ်ဘူး” ဟု သရက်နှစ်ခွရွာသားတစ်ဦးက ပြောသည်။ ယင်းမိုင်းခွဲခံရမှု အပေါ်မိုင်းဆွဲခဲ့သည့် ပြည်သူ့ကာကွယ်ရေးတပ်ကလည်း စစ်ဆေးနေပြီး စစ်ကောင်စီတပ်သားများ လိုက်ပါလာသည့် ခိုင်လုံသောသတင်းများ […]

တနင်္သာရီမြို့နယ် ကားနှင့် ခြေလျင်စစ်ကြောင်း တစ်ရက်တည်း မိုင်းသုံးကြိမ်ဆွဲခံရ

Dawei Watch

September 7, 2023

မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်၊ ပြည်ထောင်စုလမ်းတွင် စစ်ကောင်စီတပ်ကားနှင့် ခြေလျင်စစ်ကြောင်းတို့ တစ်ရက်တည်း မိုင်းသုံးကြိမ်ဆွဲခံရကြောင်း တော်လှန်ရေးအင်အားစုများနှင့် ဒေသခံများထံမှသိရသည်။ စက်တင်ဘာလ ၆ ရက်နေ့ နံနက် ၇ နာရီခွဲခန့်က စစ်ကောင်စီတပ်ဖွဲ့ဝင်များလိုက်ပါလာသည့် Vigo ကား ကော့မပြင်းရွာအနီးတွင် မိုင်းဆွဲခံရပြီး မွန်းလွဲ ၂ နာရီတွင်လည်း မိုင်းရှင်းရန်လာသည့် စစ်ကောင်စီတပ် ထပ်မံ မိုင်းဆွဲတိုက်ခိုက်ရကြောင်း ၎င်းတို့က ပြောသည်။ ညနေ ၆ နာရီခန့်တွင် စစ်ကူလာသည့် ခြေလျင်စစ်ကြောင်း ထပ်မံမိုင်းဆွဲခံရကြောင်း တော်လှန်ရေးအင်အားစုများက ဆိုသည်။ “ဖြစ်တဲ့ သုံးနေရာစလုံးက ကော့မပြင်းရွာအနီးတဝိုက်မှာ ဖြစ်တာ။ အထိအခိုက်ကတော့ တစ်ဆယ်ကျော် နှစ်ဆယ်နီးပါး ရှိနိုင်တယ်။ အတိအကျတော့ ပြောမရသေးဘူးဗျ” ဟု မိုင်းဆွဲတိုက်ခိုက်ရာတွင် ပါဝင်ခဲ့သည့် တောဗုံးကြီးပြည်သူ့ကာကွယ်ရေးအဖွဲ့ ပြန်ကြားရေးတာဝန်ခံက Dawei Watch သို့ ပြောသည်။ […]

ဘီးလင်းတွင်တိုက်ပွဲဖြစ်ပြီး ရွာခြောက်ရွာက ဒေသခံထောင်နှင့်ချီထွက်ပြေးနေရ

Dawei Watch

September 6, 2023

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ အလူးလေးကျေးရွာအနီး တိုက်ပွဲဖြစ်ပြီးနောက် စစ်ကောင်စီတပ် စစ်ကြောင်းထိုး ဝင်ရောက်လာမှုကြောင့် ကျေးရွာ ခြောက်ရွာက ထောင်နှင့်ချီသည့် ဒေသခံများ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင် နေကြရကြောင်း ထွက်ပြေးနေရသည့်ဒေသခံတို့ထံမှ သိရသည်။ အလူးလေးကျေးရွာအနီးတွင် စက်တင်ဘာလ ၄ ရက်နေ့က စစ်ကောင်စီတပ်နှင့် ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် KNLA ပူးပေါင်းတပ်ဖွဲ့တို့အကြား ထိတွေ့တိုက်ပွဲဖြစ်ပွားကြောင်း ဒေသခံတို့က ပြောသည်။ ယင်းနောက် စက်တင်ဘာလ ၅ ရက်နေ့က အင်အား ၁၀၀ ခန့်ရှိသည့် စစ်ကောင်စီတပ်များ အလူးလေး ကျေးရွာဘက်သို့ စစ်ကြောင်းထိုး ဝင်ရောက်လာကြောင်း ၎င်းတို့က ဆိုသည်။ စစ်ကောင်စီတပ် စစ်ကြောင်းထိုးဝင်ရောက်လာမှုကြောင့် တိုက်ပွဲထပ်မံဖြစ်ပွားလာမည်ကို စိုးရိမ်သည့်အတွက် အလူးလေး၊ အလူးကြီး၊ အလယ်ရွာ၊ အနောက်ရွာလေး အပါအဝင် ကျေးရွာ ခြောက်ရွာခန့်က ဒေသခံများ ဘေးလွတ်သို့ […]

ကျွန်းစု ကျေးရွာနှစ်ရွာတွင် မူးယစ်ဆေးရောင်းသူများကို ပြည်သူ့ကာကွယ်ရေးတပ်က ဖမ်းဆီး

Dawei Watch

September 6, 2023

မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ်ရှိ ကျေးရွာနှစ်ရွာတွင် မူးယစ်ဆေးရောင်းသူများကို ကျွန်းစုမြို့နယ် ပြည်သူ့ကာကွယ်ရေး တပ်က ထပ်မံဖမ်းဆီးလိုက်ကြောင်း ယင်းတပ်ဖွဲ့၏ ထုတ်ပြန်ချက်အရသိရသည်။ ကော်ဇယာကျေးရွာအုပ်စု ကော့ကနင်းရွာနှင့် ဘန္ဒနဲကျေးရွာအုပ်စု မြိုင်သာကျေးရွာတို့တွင် မူးယစ်ဆေးရောင်းဝယ် ဖောက်ကားနေသည့်သတင်းအရ ကျွန်းစုပြည်သူ့ကာကွယ်ရေးတပ်နှင့် တနင်္သာရီပြည်သူ့ကာကွယ်ရေးပူးပေါင်း တပ်တို့က ဩဂုတ်လ ၃၁ ရက်နေ့တွင် ဝင်ရောက်ဖမ်းဆီးခဲ့ကြောင်း ဖော်ပြသည်။ ထိုသို့ ဝင်ရောက်ဖမ်းဆီးရာ ကော့ကနင်းကျေးရွာနေ အမျိုးသားတစ်ဦးကို WY စိတ်ကြွရူးသွပ်ဆေးပြား ၁၀၁၀ ပြားနှင့် အတူ ဖမ်းမိကြောင်း ထုတ်ပြန်ချက်တွင် ရေးသားထားသည်။ ယင်းနောက် ဘန္နနဲကျေးရွာအုပ်စု၊ မြိုင်သာရွာတွင် ထပ်မံဖမ်းဆီးခဲ့ရာ အမျိုးသားနှစ်ဦးနှင့်အတူ WY ဆေးပြား ၂၀ ပြားကိုလည်း ထပ်မံဖမ်းမိကြောင်း ဖော်ပြသည်။ အဆိုပါအမျိုးသားသုံးဦးကို ထိုက်သင့်သည့် အပြစ်ဒဏ်များပေးပြီး နောက်နောင်မူးယစ်ဆေး လုံးဝ (လုံးဝ) ရောင်းဝယ်ဖောက်ကားခြင်း မပြုလုပ်ရန် […]

ထားဝယ်အထူးစီးပွားရေးဇုန်ဒေသကို စစ်ကြောင်းဝင်သဖြင့် ကျေးရွာအချို့ပြောင်းရွှေ့

Dawei Watch

September 6, 2023

ရေဖြူမြို့နယ်၊ ထားဝယ်အထူးစီးပွားရေးဇုန်ဒေသကို စစ်ကောင်စီတပ် စစ်ကြောင်းဝင်ရောက်လာသောကြောင့် ကျေးရွာအချို့ပြောင်းရွှေ့နေကြကြောင်း ဒေသခံများကပြောသည်။ စစ်ကောင်စီတပ်သား အင်အားတစ်ရာဝန်းကျင်သည် မြေတင်ကား သုံးစီးဖြင့် ယနေ့ စက်တင်ဘာလ ၆ ရက် နံနက်၃ နာရီခန့်မှစ၍ ထားဝယ်ရေနက်ဆိပ်ကမ်းရဲစခန်းကို ရောက်ရှိလာကြောင်း ဒေသခံတစ်ဦးကပြောသည်။ “ကားတွေက ပြန်ထွက်သွားပြီ။ နည်းနည်းပဲပြန်ပါသွားတယ်လို့ သိရတယ်။ ကျွန်တော်တို့ကတော့ (ရွာတွေကို စစ်ကြောင်းထိုးမထိုး) အခြေအနေစောင့်ကြည့်နေရတယ်” ဟု ၎င်းကပြောဆိုသည်။ စစ်ကြောင်းရောက်ရှိလာသောကြောင့် ခမောင်းချောင်း ၊ ဧကနိ၊ ဝဇွမ်းတော စတဲ့ကျေးရွာအချို့က ဒေသခံပြည်သူများ ဘေးလွတ်ရာတိမ်းရှောင်နေကြရကြောင်း ဒေသခံများထံမှ သိရသည်။ “ကျွန်တော်တို့ ဧကနိရွာကတော့ ရွာထဲမှာ လူမနေရဲတော့ဘူး”ဟု ရွာသားတစ်ဦးကပြောသည်။ အခြား ကျေးရွာအချို့က ဒေသခံတို့မှာ ထွက်ပြေးတိမ်းရှောင်ခြင်းမရှိသေးဘဲ အခြေနေစောင့်ကြည့်နေကြသည်ဟု ဆိုသည်။ စစ်ကောင်စီတပ်သည် ဩဂုတ် ၈ ရက်နေ့က တစ်ကြိမ် […]

မြန်မာတွင် လိင်လုပ်သားအဖြစ် လူကုန်ကူးခံရသော ထိုင်းအမျိုးသမီးကို ကယ်တင်

Dawei Watch

September 6, 2023

ရှမ်းပြည်နယ်တွင် လိင်အလုပ်သမားအဖြစ် လူကုန်ကူးခံခဲ့ရသော ထိုင်းအမျိုးသမီးတစ်ဦးကို ကယ်တင်နိုင်ခဲ့ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြထားသည်။ အသက် ၂၉နှစ်အရွယ် နမ်း (Nam) အမည်ရှိ ထိုင်းအမျိုးသမီးသည် ရှမ်းပြည်နယ်ရှိ လက်နက်ကိုင်အဖွဲ့များရှိသော မြို့တစ်မြို့တွင် ပြည့်တန်ဆာအဖြစ် လူကုန်ကူးခံရခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။ မြို့အမည်ကိုမူ သတင်းများတွင် ဖော်ပြထားခြင်း မရှိပေ။ ထိုင်းအမျိုးသမီးသည် ရှမ်းပြည်နယ်ရှိ မြို့တစ်မြို့တွင် ပြည့်တန်ဆာအဖြစ်ရောင်းစားခံထားရသည်ကြောင်း ထိုင်း သတင်းဌာန Ninja Today ထံသို့ ပြီးခဲ့သော လများက ဆက်သွယ်အကူအညီတောင်းခံခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။ ထို့နောက် ထိုင်းအာဏာပိုင်များက စုံစမ်းစစ်ဆေးခဲ့ပြီး မြန်မာအာဏာပိုင်များထံအကူအညီတောင်းခံကာ နှစ်နိုင်ငံ ပူးပေါင်းကယ်တင်နိုင်ခဲ့ကြောင်း ထိုင်းလူဝင်မှုကြီးကြပ်ရေးဌာန ရဲမှူးကြီးတစ်ဦးက စက်တင်ဘာလ ၂ရက်နေ့တွင် ပြောသည်။ သို့သော်လည်း ကယ်တင်ခဲ့သော နည်းလမ်းအတိအကျကိုမူ ထုတ်ဖော်ပြောကြားခဲ့ခြင်း မရှိခဲ့ပေ။ အဆိုပါထိုင်းအမျိုးသမီးကို မြန်မာဘက်က မယ်ဆိုင်-တာချီလိတ်ဂိတ်မှတစ်ဆင့် ထိုင်းအာဏာပိုင်များထံသို့ […]

လုံးဖော‌ရွာတွင် ဒုတိယအကြိမ် ရေကြီးမှုကြောင့် အိမ်ခြေငါးဆယ်ခန့် ပြောင်းရွှေ့ရ

Dawei Watch

September 5, 2023

ကော့သောင်းခရိုင် ခမောက်ကြီးမြို့နယ် လုံးဖောရွာတွင် စက်တင်ဘာလ ၄ ရက်နေ့က မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးရေလျှံမှုကြောင့် နေအိမ်ငါးဆယ်ခန့်က ပြည်သူများ ပြောင်းရွှေ့ရကြောင်း လုံးဖောရွာနေသူက ပြောသည်။ မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ရွာထိပ် မြေနိမ့်ပိုင်းရှိ ဆီအုန်းတောနေရာတို့တွင် ရင်ဘတ်အထိ ရေနစ်မြုပ်ခဲ့ပြီး နေအိမ်များသို့ ရေများဝင်ရောက်ခဲ့ခြင်းဖြစ်ကြောင်း လုံးဖောရွာနေ အမျိုးသမီးတစ်ဦးက ဆိုသည်။ ဆီအုန်းတောဘက်ရှိ နေအိမ်များသို့ ရေများဝင်ရောက်ခဲ့သဖြင့် နေအိမ်ငါးဆယ်ခန့်သည် ကုန်းမြင့်ပိုင်းရှိ အသိမိတ်ဆွေ၊ ဆွေမျိုးတို့၏ နေအိမ်များနှင့် ဘုန်းတော်ကြီးကျောင်းသို့ ပြောင်းရွှေ့နေထိုင်ခဲ့ရကြောင်း လုံးဖောရွာသားအချို့က ပြောဆိုသည်။ “နှစ်တိုင်း တစ်နှစ်မှာ တစ်ကြိမ်လောက်တော့ ပြောင်းရတယ်။ ဒီနှစ်တော့ နှစ်ကြိမ်ဖြစ်သွားပြီ။ ရေတစ်ခါမြုပ်ရင် နှစ်ဆယ့်လေးနာရီပဲ” ဟု ရွာသားတစ်ဦးက ပြောသည်။ ပြီးခဲ့သည့် ဇူလိုင်လ ၁၉ ရက်နေ့ကလည်း မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးရေလျှံသောကြောင့် နေအိမ်တစ်ရာကျော် ပြောင်းရွှေ့ခဲ့ရကြောင်း ၎င်းတို့က […]