BREAKING
November 9, 2025

သတင်း

ကျောက်နီမော်ကျေးရွာတွင် မြေပြိုကျမှုများ ထပ်ဖြစ်

Dawei Watch

September 16, 2023

လောင်းလုံးမြို့နယ်၊ ကျောက်နီမော်ကျေးရွာ ထားဝယ်-ရှင်မော်သွားကားလမ်းဘေးမှ တောင်ကမ်းပါးယံ မြေပြိုကျမှုများထပ်ဖြစ်နေကြောင်း ကယ်ဆယ်ရေးအဖွဲ့များထံမှ သိရသည်။ မိုးနှစ်ရက်ဆက်ရွာသွန်းမှုကြောင့် စက်တင်ဘာလ ၁၅ ရက်‌ နေ့လယ် ၁၂ နာရီခန့်တွင် တောင်ကမ်းပါးယံ မြေပြိုကျမှုဖြစ်ပွားခဲ့ပြီး ယင်းနေ့နေ့လယ် ၂ နာရီနှင့် ညနေ ၅ နာရီခန့်တွင် မြေပြိုကျမှုများထပ်ဖြစ်ခဲ့သည်ဟု ကူညီကယ်ဆယ်ရေးတွင် ပါဝင်ခဲ့သည့် တာဝန်ရှိသူ တစ်ဦးက ပြောသည်။ မြေပြိုကျမှုကြောင့် လူထိခိုက်ဒဏ်ရာရမှု ရှိမရှိကိုမူ မသိရသေးပေ။ “အခုကျွန်တော်တို့ ကူညီကယ်ဆယ်ရေးတွေလုပ်နေတယ်၊ နောက်မှပြန်ပြောပေးပါ့မယ်” ဟု ဇမ္ဗူသီရိအရေးပေါ် လူနာကူညီကယ်ဆယ်ရေးအဖွဲ့က တာဝန်ရှိသူက ပြောသည်။ မနေ့နေ့လယ် ၁၂ နာရီက မြေပြိုကျမှုတွင် လူနေအိမ်နှစ်လုံး မြေဖုံးခဲ့ပြီး နေ့လယ် ၂ နာရီနှင့် ညနေ ၅ နာရီခန့် မြေပြိုကျမှုတွင် နောက်ထပ် နေအိမ်တစ်လုံး […]

ကော့သောင်းတွင် နှစ်ရက်ဆက်တိုက် ပိုင်ရှင်မဲ့အလောင်းတွေ့

Dawei Watch

September 16, 2023

ကော့သောင်းမြို့ ဆိပ်ကမ်းသာပန်းခြံတွင် စက်တင်ဘာလ ၁၄ ရက်နှင့် ၁၅ ရက်နေ့ နှစ်ရက်ဆက်တိုက် ပိုင်ရှင်မဲ့ အလောင်းနှစ်လောင်းတွေ့ရှိခဲ့ကြောင်း ရွှေအဏ္ဏဝါပရဟိတလူငယ်အဖွဲ့မှ သိရသည်။ “ပိုင်ရှင်မဲ့အလောင်းတွေက အိမ်ခြေယာမဲ့တွေပါ” ဟုရွှေအဏ္ဏဝါ ပရဟိတလူငယ်အဖွဲ့ဝင် က ပြောသည်။ အသက် ၂၀ ကျော်နှင့် အသက် ၆၀ ကျော်ရှိ သေဆုံးသူနှစ်ဦးမှာ အဟာရချို့တဲ့ခြင်းနှင့် အရက်သောက်ခြင်းကြောင့် ကျန်းမာရေးထိခိုက်ပြီး သေဆုံးရခြင်းဖြစ်နိုင်ကြောင်း ၎င်းကမှတ်ချက်ပြုသည်။ ပိုင်ရှင်မဲ့အလောင်းများကို ပြည်သူ့ဆေးရုံကြီးရှိ ရင်ခွဲရုံသို့ ပို့ဆောင်ခြင်း၊ မီးသင်္ဂြုလ်ခြင်းတို့ ‌ဆောင်ရွက်ပေးခဲ့ကြောင်း ရွှေအဏ္ဏဝါပရဟိတလူငယ်အဖွဲ့မှ သိရသည်။ အိမ်ခြေယာမဲ့ဦး နှစ်ဆယ်ခန့်မှာ ဆိပ်ကမ်းသာပန်းခြံ၊ ကမ်းနားလမ်းရှိ နတ်ကွန်း၊ ရှင်ကြီးမော်နတ်ကွန်းနှင့် လင်းမချိုင်ဈေးအနီးတို့တွင် နေထိုင်ကြကြောင်း ရွှေအဏ္ဏဝါ ပရဟိတလူငယ်အဖွဲ့နှင့် မြို့ခံအချို့က ပြောပြသည်။ “နယ်ခံတွေမဟုတ်ဘူး၊ ရှမ်းကမ်း(ထိုင်း)ကနေ ပြန်လာပို့တဲ့သူတွေပါ။ အရက်သမားတွေပါမယ်၊ အချို့ကလည်း […]

တစ်ပတ်အတွင်း ကမ္ဘာ့ရေးရာ

Dawei Watch

September 15, 2023

ကမ္ဘာ့တစ်ဝန်း ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်များထဲမှ ထူးခြားဖြစ်စဉ်များကို ကောက်နုတ်ကာ အပတ်စဉ် စနေနေ့တိုင်းတွင် စုစည်းဖော်ပြပေးသွားမည်ဖြစ်ပါသည်။ စက်တင်ဘာလ ၉ ရက်နေ့မှ ၁၅ ရက်နေ့အထိ မြောက်ကိုးရီးယား တည်ထောင်ခြင်း ၇၅ နှစ်ပြည့် ကျင်းပ၊ တရုတ်နှင့် ရုရှားတက်ရောက် မြောက်ကိုရီးယားနိုင်ငံ တည်ထောင်ခြင်း ၇၅ နှစ်ပြည့် အထိမ်းအမှတ်အနေနဲ့ ပြုံယမ်းမြို့တော်မှာ စက်တင်ဘာလ ၈ ရက်နေ့ညက စစ်ရေးပြအခမ်းအနား ကျင်းပခဲ့ပါတယ်။ အခမ်းအနားကို ခေါင်းဆောင် ကင်ဂျုံအန်းနဲ့ သမီးဖြစ်သူတို့ တက်ရောက်ခဲ့ပြီး ပြုံယမ်းမြို့တော် ကင်အယ်စွန်း (Kim Il Sung) ရင်ပြင်မှာ ကျင်းပခဲ့တာပါ။ အခမ်းအနားကို တရုတ်ထိပ်တန်းဒုခေါင်းဆောင် လူဂွမ်ကျုံး (Liu Guozhong) ဦးဆောင်တဲ့ တရုတ်ကိုယ်စားလှယ်အဖွဲ့ တက်ရောက်ခဲ့ပါတယ်။ ရုရှားနိုင်ငံက ဂီတနဲ့အကအဖွဲ့ ကိုယ်စားလှယ်တွေနဲ့ ရုရှားသံတမန်တွေလည်း […]

လောင်းလုံး အင်းဇောက်ရွာတွင် နားရေးကူညီမှုအဖွဲ့ဝင် လူငယ်နှစ်ဦးဖမ်းဆီးခံရ

Dawei Watch

September 15, 2023

လောင်းလုံးမြို့နယ် အင်းဇောက်ရွာတွင် စက်တင်ဘာလ ၁၄ ရက် ညနေပိုင်းက အသက် ၂၀ ကျော်အရွယ် လူငယ်အမျိုးသားနှစ်ဦး ဖမ်းဆီးခံရကြောင်း ဒေသခံများထံမှ သိရသည်။ ဖမ်းဆီးခံရသူနှစ်ဦးမှာ အင်းဇောက်ရွာ အရေးပေါ်လူနာတင်ယာဉ်နှင့် နာရေးကူညီမှုအဖွဲ့ဝင်များဖြစ်သည့် ကိုတောက်တောက်နှင့် ကိုငယ်ငယ် (ခေါ်) ကိုအောင်နိုင်ရှိန်ဆိုသူတို့ဖြစ်ကြောင်း ဒေသခံတို့က ပြောသည်။ ညနေ ၅ နာရီခန့်တွင် အင်း‌ဇောက်ရွာလယ်ရှိ နေအိမ်အနီးတွင် ကိုတောက်တောက်ကို အမည်မသိလက်နက်ကိုင် လူတစ်စုက ဆိုင်ကယ် သုံးစီးဖြင့်လာရောက်ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ဒေသခံတစ်ဦးက ဆိုသည်။ ယင်းနောက် နာရီပိုင်းအကြာတွင် ကိုငယ်ငယ် (ခ) ကိုအောင်နိုင်ရှိန်ကို ပြည်လုံးချမ်းသာဘုရားလမ်းရှိ ၎င်း၏နေအိမ်တွင်လာ‌‌ ရောက်ဖမ်းခေါ်သွားကြောင်း ဒေသခံတစ်ဦးက ပြောဆိုသည်။ “သူတို့နှစ်ယောက်က သူငယ်ချင်းတွေ။ တစ်ယောက်က မြေတင်ကားမောင်းတယ်၊ တစ်ယောက်ကတော့ ပန်းရံသမားပေါ့။ သူတို့နှစ်ယောက်လုံးက အရေးပေါ်ကားလည်း မောင်းပေးနေတဲ့သူတွေ ဖြစ်တယ်” […]

ကြာအင်းဆိပ်ကြီးမြို့နယ်တွင် တိုက်ပွဲပြင်းထန်ပြီး ဒေသခံနှစ်ထောင်ကျော်ထွက်ပြေးတိမ်းရှောင်

Dawei Watch

September 15, 2023

ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ခလယ်-တံခွန်တိုင်ကျေးရွာအုပ်စုအတွင်း တိုက်ပွဲပြင်းထန်ပြီး ဒေသခံ နှစ်ထောင်ကျော် ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသခံတို့ထံမှ သိရသည်။ အဆိုပါကျေးရွာအုပ်စု ခလယ်ရွာနှင့် မြို့ဟောင်းရွာကြားတွင် စစ်ကောင်စီတပ်နှင့် ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် KNLA ပူးပေါင်းတပ်ဖွဲ့တို့ကြား စက်တင်ဘာလ ၁၄ ရက်နေ့ နံနက်ပိုင်းမှစပြီး ယနေ့ စက်တင်ဘာ ၁၅ ရက်နေ့ နံနက်အပိုင်းထိ တိုက်ပွဲဖြစ်ပွားကြောင်း ၎င်းတို့ထံမှ သိရသည်။ တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က ရဟတ်ယာဉ်ဖြင့်ပါ ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းကြောင့် ခလယ်-တံခွန်တိုက်ကျေးရွာ အုပ်စုအတွင်းရှိ ခလယ်ရွာကြီး၊ ခလယ်ရွာလေး၊ ခလယ်မွန်စု၊ တံခွန်တိုင်၊ မြို့ဟောင်း စသော ကျေးရွာတို့မှ ဒေသခံထွက်ပြေးရခြင်းဖြစ်ကြောင်း ဒေသခံတို့က ပြောသည်။ “တိုက်ပွဲက မနေ့ မနက်က စဖြစ်တာ။ မနေ့က တစ်နေကုန်ပဲ ပစ်ခတ်နေတယ်။ လေယာဉ်နဲ့လည်း ပစ်နေတော့ […]

သံဖြူဇရပ်တွင် မီးကြိုးတက်ခိုးသည့် အမျိုးသားဓာတ်လိုက်သေဆုံး

Dawei Watch

September 15, 2023

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့၊ အောင်ကုသိုလ်ရပ်ကွက်တွင် စက်တင်ဘာလ ၁၄ ရက်နေ့ ညက ဓာတ်တိုင်ပေါ် မီးကြိုး တက်ခိုးသည့် အမျိုးသားတစ်ဦး ဓာတ်လိုက်သေဆုံးကြောင်း မြို့ခံလူမှုကယ်ဆယ်ရေးအဖွဲ့တို့ထံမှသိရသည်။ သံဖြူဇရပ်မြို့၊ အောင်ကုသိုလ်ရပ်ကွက်နေ အသက် ၄၀နှစ်အရွယ် အမျိုးသားတစ်ဦး ဓာတ်လိုက်သေဆုံးခြင်း ဖြစ်ကြောင်း မြို့ခံလူမှုကယ်ဆယ်ရေးအဖွဲ့တို့ထံမှ သိရသည်။ “သံဖြူဇရပ်မှာက ပုံမှန် ည ၁၂နာရီလောက်မှ မီးလာတာ။ (စက်တင်ဘာ ၁၄) မနေ့ညပဲ ၉ နာရီလောက် မီးလာ တယ်။ အဲဒီချိန်မှာ အဲဒီလူက မီးကြိုးတက်ဖြတ်တာနဲ့ ဆုံသွားတာထင်တယ်။ ဓာတ်တိုက်ပေါ် သေနေတာ ဒီမနက်မှ တွေ့ကြတာ” ဟု သံဖြူဇရပ်မြို့မှ လူမှုကယ်ဆယ်ရေးအဖွဲ့ဝင်တစ်ဦးက ပြောသည်။ သေဆုံးသူအမျိုးသားတွင် မီးကြိုးဖြတ်သည့် ကိရိယာတွေ့ရပြီး ကြိုးဖြတ်ထားသည်ကိုလည်း တွေ့ရကြောင်း မြို့ခံတစ်ဦးက ဆိုသည်။ အဆိုပါအမျိုးသား၏ ရုပ်အလောင်းကို […]

ပုလော လက္ကူးရွာကို စစ်ကောင်စီတပ် မီးရှို့

Dawei Watch

September 15, 2023

မြိတ်ခရိုင်၊ ပုလောမြို့နယ်၊ လက္ကူးကျေးရွာကို စစ်ကောင်စီတပ်က ယနေ့ မွန်းလွဲပိုင်းတွင် မီးရှို့နေကြောင်း ဒေသခံများထံမှသိရသည်။ ယနေ့ စက်တင်ဘာလ ၁၅ ရက် မွန်းလွဲပိုင်းမှစတင်ပြီး လက္ကူးကျေးရွာအား မီးရှို့နေကြောင်း ဒေသခံများကပြောသည်။ “လက္ကူးကိုတော့ မီးရှို့နေတာ ၁ နာရီလောက်ရှိပြီ။ အိမ်တွေဘယ်လောက်လောင်တယ်ဆိုတာမသိရသေးဘူး။ တစ်ရွာလုံးထွက်ပြေးနေရတယ်” ဟု ဒေသခံအမျိုးသားတစ်ဦးက ယနေ့ ညနေ ၄ နာရီ ၁၅ မိနစ်တွင် ပြောဆိုသည်။ စက်တင်ဘာလ ၁၄ ရက်နေ့က စစ်ကောင်စီတပ် မှော်ကြောင်းကျေးရွာသို့ ဝင်ရောက်လာပြီး ယနေ့နံနက်တွင် လက္ကူးကျေးရွာဖက်က နှစ်ဖက်ပစ်ခတ်သံများ ကြားရရပြီးနောက် မီးခိုးလုံးများ ထွက်လာကြောင်း ဒေသခံများကပြောသည်။ “လက္ကူးရွာလယ်က စရှို့နေတယ်။ တိုက်ပွဲလည်းဖြစ်နေတယ်။ ပင်လယ်ထဲက လက်နက်ကြီးနဲ့လည်း ပစ်နေတယ်” ဟု ဒေသခံအမျိုးသား နောက်တစ်ဦးက ပြောသည်။ ကျေးရွာ […]

ပုလောမြို့နယ်အတွင်းရှိ ပြည်ထောင်စုလမ်းအား ညဖက်အသုံးမပြုရန် PDF တားမြစ်

Dawei Watch

September 15, 2023

မြိတ်ခရိုင်၊ ပုလောမြို့နယ်အတွင်းရှိ ပြည်ထောင်စုလမ်းအား ညဖက်အသုံးပြုမောင်းနှင်သွားလာခြင်းမပြုရန် ပုလောဒေသကာကွယ်ရေးတပ်ဖွဲ့က ယနေ့ စက်တင်ဘာလ ၁၅ ရက် နံနက်တွင် ထုတ်ပြန်ထားသည်။ ပုလောမြို့နယ် ကျေးရွာဒေသအသီးသီးတွင် စစ်ကောင်စီတပ်နှင့် တော်လှန်ရေးတပ်ဖွဲ့တို့အကြား ပစ်ခတ် တိုက်ခိုက်မှုများ မကြာခဏဖြစ်ပေါ်နေချိန် မှားယွင်းပစ်ခတ်ခံရခြင်း မဖြစ်စေရန် အသိပေးခြင်းဖြစ်ကြောင်း ဖော်ပြသည်။ ထို့ကြောင့် ပြည်ထောင်စုလမ်းအား ည ၇ နာရီမှ နံနက် ၅ နာရီအထိ အသုံးမပြုကြရန် တားမြစ်ထားသည်။ တားမြစ်ထားသောအချိန်အတွင်း ခရီးသွားလာပါက မှားယွင်းပစ်ခတ်မှုများ ဖြစ်ပေါ်လာနိုင်ပြီး အရေးပေါ် သွားလိုပါက ခိုင်လုံသောအကြောင်းပြချက်ဖြင့် ဆက်သွယ်ပြီးသွားလာခွင့်တောင်းခံနိုင်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။ “ဆက်သွယ်ချင်ရင် ကျွန်တော်တို့ရဲ့(Facebook) Page ဖြစ်တဲ့ (Palaw Regional Defense Force) ဆက်သွယ် နိုင်ပါတယ်။ အဲဒီကတစ်ဆင့် ဖုန်းနံပါတ်ကို ပေးပါလိမ့်မယ်” […]