BREAKING
November 9, 2025

သတင်း

ထားဝယ်အရှေ့တောဒေသတွင် KNU စခန်းကို ကော်သူးလေတိုက်ခိုက်

Dawei Watch

September 19, 2023

ထားဝယ်အရှေ့တောဒေသရှိ ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ (၄) လက်အောက်ခံ KNLA တပ်စခန်း တစ်ခုကို ကော်သူးလေတပ်မတော် KTLA က တိုက်ခိုက်ခဲ့ကြောင်း နှစ်ဖက်အတည်ပြုချက်အရ သိရသည်။ ကျောက်မဲတောင်ကျေးရွာအုပ်စု၊ ပျဉ်းသားတောရွာရှိ KNLA စခန်းကို စက်တင်ဘာ ၁၆ ရက် နံနက် ၆ နာရီခွဲခန့်တွင် ကော်သူးလေတပ်မတော်က တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ ယင်းစခန်းတွင် KNU ရဲတပ်ဖွဲ့ဝင်လေးဦးနှင့် စစ်သားနှစ်ဦးရှိပြီး KTLA က အင်အား ၃၀ ခန့်ဖြင့် လာရောက်ပစ်ခတ် တိုက်ခိုက်ကြောင်း KNU တပ်မဟာ (၄) မြိတ်-ထားဝယ်ခရိုင် အတွင်းရေးမှူး ပဒိုစောအယ်နားက ပြောသည်။ “ငါတို့ ပြန်ခုခံပစ်ကြတာပေါ့နော်။ တိုက်ပွဲက တစ်နာရီလောက်ကြာတယ်။ ကျွန်တော်တို့အဖွဲ့က ဘာမှထိခိုက်မှု မရှိဘူး။ KTLA အဖွဲ့က ပြန်ဆုတ်ခွာသွားတယ်” […]

အဏ္ဏဝါလွှမ်း ဦးခင်စိုးကို စစ်ကောင်စီက ဖမ်းဆီးစစ်ဆေး

Dawei Watch

September 18, 2023

အဏ္ဏဝါလွှမ်း ကုမ္ပဏီနှင့် ထားဝယ်အများပိုင်ကုမ္ပဏီ(DDPC) ဥက္ကဋ္ဌဖြစ်သူ ဦးခင်စိုးမှာ စစ်ကောင်စီက ဖမ်းဆီးစစ်ဆေးခံခဲ့ရကြောင်း နီးစပ်သူအချို့ထံမှ သိရသည်။ ဦးခင်စိုးကို ရန်ကုန်မြို့ ဗဟန်းမြို့နယ် ဝင်ဒါမီယာရှိ နေအိမ်တွင် စက်တင်ဘာလ ၁၀ ရက်နေ့က လာရောက်ဖမ်းဆီးသွားခြင်းဖြစ်ကြောင်း နီးစပ်သူအချို့က ဆိုသည်။ “ခဏခေါ်မေးတာလောက်ပဲ ပြောတယ်။ ပုံမှန်အလုပ်ပြန်လုပ်နေပါပြီ”ဟု နီးစပ်သူတစ်ဦးက ပြောသည်။ စက်တင်ဘာလ ၁၄ ရက်နေ့တွင် ပြန်လွှတ်ပေးလိုက်ပြီဖြစ်ကြောင်း နီးစပ်သူအချို့က ပြောသော်လည်း သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။ ရန်ကုန်မြို့ လှိုင်သာယာမြို့နယ်တွင် ရုံးစိုက်၍ ပင်လယ်ငါးဖမ်းလုပ်ငန်းလုပ်နေသည့် အဏ္ဏဝါလွှမ်းကုမ္ပဏီ ပိုင်ရှင် ထားဝယ်သားတစ်ဦးဖြစ်သည့် ဦးခင်စိုးသည် ၂၀၁၁ ခုနှစ် ဦးသိန်းစိန် အစိုးရ တက်လာပြီးနောက်ပိုင်း နိုင်ငံတော်ပိုင် စက်သုံးဆီ အရောင်းဆိုင်အများအပြားကို လုပ်ကိုင်ခွင့်ရခဲ့သူ ဖြစ်သည်။ ဦးခင်စိုးသည် Apex စက်သုံးဆီကုမ္ပဏီ လုပ်ငန်းရှင်လည်း […]

မြိတ်တွင် အမျိုးသားနှစ်ဦး ဆိုင်ကယ်အတူစီး၍ဟုဆိုကာ စစ်ကောင်စီက သေနတ်ဖြင့်ပစ်

Dawei Watch

September 18, 2023

မြိတ်မြို့ မြို့သစ်ရပ်ကွက်တွင် ယနေ့ (စက်တင်ဘာ ၁၈) ညနေ ၆ နာရီဝန်းကျင်က အမျိုးသားနှစ်ဦး ဆိုင်ကယ်အတူစီးသဖြင့် စစ်ကောင်စီက သေနတ်ဖြင့် ပစ်ခတ်ခဲ့ကြောင်း ယင်းရပ်ကွက်နေသူအချို့ထံမှ သိရသည်။ “ပစ်ခံထိတာကတော့ သေချာတယ်၊ သေမသေတော့ မသိရဘူး” ဟု မြို့သစ်ရပ်ကွက်နေသူတစ်ဦးက ပြောသည်။ အပစ်ခံရသည့်အချိန်သည် ညနေအလုပ်ဆင်းချိန်ဖြစ်ပြီး စစ်ကောင်စီက အမျိုးသားနှစ်ဦး ဆိုင်ကယ်အတူစီးလာပါက မော်တော်ယာဉ်ဖြင့် လိုက်လံဖမ်းဆီးနေကြောင်း မြို့သစ်ရပ်ကွက်နေသူအချို့က ဆိုသည်။ “အခုရက်ပိုင်းမှပဲ ကားတွေနဲ့ လိုက်တိုက်ပြီး ဖမ်းနေကြတာ၊ အမိန့်လည်း ပြန်ထုတ်ထားတယ်” ဟု ဆိုင်ကယ် တက္ကဆီ မောင်းနှင်သူတစ်ဦးက ပြောသည်။ စစ်ကောင်စီက ပြီးခဲ့သည့်ရက်ပိုင်းခန့်က အမျိုးသားနှစ်ဦးဆိုင်ကယ်အတူစီးပါက ဆိုင်ကယ်ကို ဖမ်းဆီးသိမ်းဆည်းမည်ဖြစ်ပြီး ဒဏ်ငွေဖြင့် သတ်မှတ်ရုံးချိန်တွင် ပြန်လည်ထုတ်ပေးမည်ဖြစ်ကြောင်း ထွက်ပြေးပါက ပစ်ခတ်ဖမ်းဆီးမည်ဖြစ်ကြောင်းကို ထုတ်ပြန်ထားကြောင်း ၎င်းက ဆိုသည်။ […]

ရေးတွင် ရဲအုပ်တစ်ဦး ပစ်သတ်ခံရ

Dawei Watch

September 18, 2023

မွန်ပြည်နယ်၊ ရေးမြို့၊ အောင်သုခရပ်ကွက်တွင် စစ်ကောင်စီ ရဲသတင်းတပ်ဖွဲ့မှ ရဲအုပ်တစ်ဦး ပစ်သတ်ခံရကြောင်း မြို့ခံများထံမှ သိရသည်။ ယနေ့(စက်တင်ဘာ ၁၈) နံနက် ၁၁ နာရီဝန်းကျင်အချိန်ခန့်က ရေးမြို့နယ် ရဲသတင်းတပ်ဖွဲ့ တပ်ဖွဲ့စု (၁၁) မှ တာဝန်ခံရဲအုပ် မြင့်လွင်သည် အောင်သုခရပ်ကွက်အတွင်းမှ ကားဖြင့် တစ်ဦးတည်း မောင်းထွက်လာစဉ် သေနတ်ဖြင့် ပစ်ခတ်ခံရခြင်းဖြစ်သည်။ ရဲအုပ်မြင့်လွင်ကို ဆိုင်ကယ်စီးလာသည့် အမည်မသိအမျိုးသားနှစ်ဦးက သေနတ်ဖြင့် ပစ်ခတ်သွားခဲ့သည်ဟု မြို့ခံrsများထံမှ သိရသည်။ သေနတ်ဖြင့် ပစ်ခတ်ခံရမှုကြောင့် ရဲအုပ်မြင့်လွင်သည် ယာဘက်နားထင် ကျည်ဖောက်ဝင်ဒဏ်ရာဖြင့် အခင်းဖြစ်ပွားရာနေရာတွင်ပင် သေဆုံးသွားခဲ့သည်ဟု သိရသည်။ “သေနတ်သမား နှစ်ဦး ဆိုင်ကယ်နဲ့ လာပြီး ပစ်သွားတာ။ နားထင်ကနေ ကျည်ဖောက်ဝင် ပွင့်ထွက်သွားတဲ့ဒဏ်ရာနဲ့ သေသွားတယ်။ ဘယ်အဖွဲ့အစည်းက လုပ်တာလဲတော့ မသိဘူး” ဟု […]

ကန်ချနဘူရီတွင် တရားမဝင် မြန်မာလုပ်သား ၁၂ ဦး ဖမ်းဆီးခံရ

Dawei Watch

September 18, 2023

ထိုင်းနိုင်ငံ ကန်ချနဘူရီခရိုင် အဝေးပြေးလမ်းမတွင် တရားမဝင် ဝင်ရောက်လာသော မြန်မာအလုပ်သမား ၁၂ ဦးကို စက်တင်ဘာလ ၁၇ ရက်နေ့တွင် ဖမ်းဆီးရမိခဲ့ကြောင်း ထိုင်းသတင်းဌာနများတွင်‌ ဖော်ပြထားသည်။ နံနက် ၅ နာရီအချိန်ခန့်တွင် အဝေးပြေးရဲတပ်ဖွဲ့များက မြို့အတွင်းရှိ ဝမ်းဒေါင်းဒေသတွင် ကင်းလှည့်နေစဉ် ပုံမှန်အလေးချိန်ထက် ပိုတင်လာသော ပစ်ကပ်ကားတစ်စီးမောင်းလာသဖြင့် စစ်ဆေးရန် ရပ်ခိုင်းခဲ့သည်။ သို့သော်လည်း ပစ်ကပ်ကားသည် ဘရိတ်အုပ်ကာ ရုတ်တရက်အရှိန်လျှော့ခဲ့ပြီး လမ်းကို U turn ပြန်ကွေ့ကာ မောင်းပြေးသွားခဲ့ကြောင်း ဖော်ပြထားသည်။ နောက် ရဲတပ်ဖွဲ့ကလည်း နောက်မှလိုက်လံ စစ်ဆေးစဉ် ကားပေါ်တွင် မြန်မာအလုပ်သမား အမျိုးသား ၁၀ ဦး၊ အမျိုးသမီး ၂ ဦးနှင့် ထိုင်းကားသမားတစ်ဦးကို တွေ့ရှိခဲ့ရကြောင်း ဖော်ပြထားသည်။ မြန်မာအလုပ်သမားများတွင် တရားဝင် စာရွက်စာတမ်းများနှင့် နိုင်ငံကူးလက်မှတ်များကို မတွေ့ရှိရကြောင်း ဖော်ပြထားသည်။ […]

မြိတ်တွင် ကုန်တင်လှေတစ်စီးမီးလောင်

Dawei Watch

September 18, 2023

မြိတ်မြို့ ကလွင်ကျေးရွာအုပ်စု ကမ်းသာယာရွာ(ချောင်းတခင်း)ရှိ လှေဒေါက်လွန်းကျင်းတွင် ယနေ့ (စက်တင်ဘာ ၁၈) မနက် ရှစ်နာရီခွဲအချိန်ခန့်က ကုန်တင်လှေတစ်စီးမီးလောင်သဖြင့် ကျပ်သိန်းခုနှစ်ဆယ်ခန့် ဆုံးရှုံးခဲ့ရကြောင်း မြိတ်ခရိုင်မီးသတ်ဦးစီးဌာနမှ သိရသည်။ “မီးလောင်တာက အဝေးကြည့်ရင်ကြောက်ဖို့ကောင်းတယ်၊ မီးခိုးလုံးကြီးတွေ တက်နေတာကိုး” ဟု လှေဒေါက်လွန်းကျင်းရှိ အလုပ်သမားတစ်ဦးက ပြောသည်။ အဆိုပါ လှေဒေါက်လွန်းကျင်းရှိ အလျား ၁၉၈ ပေ၊ အနံ ၃၀ ပေ၊ ရေစူး(အနက်) ၁၄ ပေရှိ MV ရွှေဝတီ(သံခွံ)ကုန်တင်လှေ၏ သံထည်အား ဖြတ်‌တောက်နေစဉ် မီးပွားတို့သည် အင်ဂျင်ခန်းရှိ ဆီချိုး(ဆီချေး)များသို့ ကူးစက်ပြီး မီးလောင်ခဲ့ခြင်းဖြစ်ကြောင်း မီးသတ်‌ဦးစီးဌာနမှ သိရသည်။ ယင်းကဲ့သို့ ကူးစက်လောင်ကျွမ်းခဲ့သဖြင့် အင်ဂျင်စက် သုံးလုံး၊ မီးစက် နှစ်လုံး၊ ဆီကန်တစ်ခု၊ စက်ခန်းတစ်ခုလုံးအပြင် စက်ခန်း၏ အပေါ်ပိုင်းတို့ မီးလောင်ပျက်စီးခဲ့သဖြင့် ကျပ်သိန်းခုနှစ်ဆယ်ခန့် ဆုံးရှုံးခဲ့ရကြောင်း မီးသတ်ဌာနမှ […]

ပုလောနှစ်ရက်တာ တိုက်ပွဲအတွင်း အရပ်သားတစ်ဦးသေဆုံး

Dawei Watch

September 18, 2023

မြိတ်ခရိုင်၊ပုလောမြို့နယ်၊ လက္ကူးကျေးရွာတွင် နှစ်ရက်ဆက်တိုက်ပွဲဖြစ်ပွါးခဲ့ပြီး တိုက်ပွဲအတွင်း အရပ်သားတစ်ဦးသေဆုံးခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ မြိတ်ခရိုင်တပ်ရင်း(၁) ၏ ယနေ့ထုတ်ပြန်ချက်အရသိရသည်။ စက်တင်ဘာလ ၁၅ ရက်နှင့် ၁၆ ရက်တို့တွင် စစ်ကြောင်းထိုးလာပြီး လက္ကူးရွာတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်နှင့် နှစ်ရက်အတွင်း အကြိမ်ကြိမ်အနီးကပ် တိုက်ပွဲဖြစ်ခဲ့ခြင်းဖြစ်သည်။ တိုက်ပွဲပထမရက်တွင် စစ်ကောင်စီတပ်သား ၄ ဦးသေဆုံးခဲ့ပြီး ဒုတိယနေ့တွင် ၁ ဦးထပ်မံသေဆုံးခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားချက်အရသိရသည်။ သို့သော် ယင်းအချက်ကို သီးခြားအတည်ပြုနိုင်ခြင်း မရှိပေ။ တိုက်ပွဲအတွင်း လက္ကူးရွာမှ နေအိမ် ၁၂ လုံးကို စစ်ကောင်စီတပ်မှ မီးရှို့ခဲ့ပြီး ပြည်သူ့ကာကွယ်ရေးတပ်ရှိရာသို့ တိုတောင်နှင့် ပင်လယ်ဝရှိစစ်သင်္ဘောများမှ လက်နက်ကြီးများဖြင့်  အကြိမ်များစွာပစ်ခတ်ခဲ့သည်ဟု ဒေသခံများ ကပြောသည်။ “တစ်မနက်တည်းကို အလုံးရှစ်ဆယ်လောက်ပစ်တယ်။ ကုန်းရော ပင်လယ်ထဲကပါညှပ်ပစ်တယ်”ဟု ဒေသခံအမျိုးသားကပြောသည်။ လက်နက်ကြီး နေအိမ်ပေါ်ကျရောက်ပေါက်ကွဲမှုကြောင့် […]

ပုလောမြဒေါင်ရွာမှ နေအိမ်များကို စစ်ကောင်စီတပ် မီးရှို့

Dawei Watch

September 18, 2023

မြိတ်ခရိုင်၊ ပုလောမြို့နယ်၊ မြဒေါင်(မဒေါင်)ကျေးရွာမှ နေအိမ်များကို စစ်ကောင်စီတပ်က မီးရှို့နေကြောင်း ဒေသခံများ ထံမှသိရသည်။ လက္ကူးရွာဘက်မှ မြဒေါင်ရွာဘက်သို့ စစ်ကြောင်း ပြန်ဆုတ်လာသည့် စစ်ကောင်စီတပ်သည် ယနေ့နေ့လယ်ပိုင်းက မြဒေါင်ရွာရှိနေအိမ် အချို့ကို မီးတင်ရှို့ခဲ့သည်ဟု ဒေသခံများ ကပြောသည်။ “လေးလုံးရှို့လိုက်တယ်လို့ စရှို့ချိန်ကကြားရတယ်။ နောက်ထပ် ဘယ်လောက်ထပ်ရှို့လည်း ဆိုတာတော့ အတိအကျမသိရသေးဘူး”ဟု ဒေသခံအမျိုးသား ကပြောသည်။ တိုက်ပွဲဖြစ်ပွားသံကြားရခြင်းမရှိသော်လည်း မြဒေါင်ရွာဘက်မှ မီးခိုးလုံးများ အများအပြား တက်လာသည်ကို မြင်တွေ့ရသည်ဟု ဒေသခံများ ကပြောသည်။ “မဒေါင်ရွာမီးရှို့ခံရတာက အမှန်ပါပဲ။ ဘယ်နှစ်ဆောင်ဆိုတာ မေးမရသေးဘူး။ ဖုန်းလိုင်းလည်းမကောင်း လူတွေလည်း ထွက်ပြေးနေကြရတယ်”ဟု ဒေသခံနောက်တစ်ဦးကပြောသည်။ စစ်ကောင်စီတပ်က စက်တင်ဘာ ၁၅ ရက်နေ့နှင့် ၁၆ ရက်များတွင် လက္ကူးကျေးရွာမှ နေအိမ် ၁၂လုံး ခန့်ကို မီးရှို့ခဲ့ပြီး မနေ့ကလည်း ပြင်းဖြူရွာက […]