BREAKING
November 9, 2025

သတင်း

ရေး-ထားဝယ်၊ ကလိန်အောင်လမ်းပိုင်းတွင် ခရီးသည်ကား ပစ်ခတ်ခံရ၍ အမျိုးသား ၂ ဦးဒဏ်ရာရ

Dawei Watch

September 21, 2023

ရေး – ထားဝယ်အဝေးပြေးကားလမ်း၊ ကလိန်အောင်လမ်းပိုင်းရှိ သာယာမွန်ကျေးရွာ အနီးတွင် စက်တင်ဘာလ ၁၉ ရက်ညက ခရီးသည်တင် Probox ကားတစ်စီး သေနတ်ဖြင့်ပစ်ခတ်ခံရကြောင်း ဒေသခံများက ပြောသည်။ သေနတ်ဖြင့် ပစ်ခတ်ခံရမှုကြောင့် ကားပေါ်တွင်လိုက်ပါလာသူ ၄ ဦးအနက် အမျိုးသားနှစ်ဦး၏ ခြေထောက်ကို ကျည်ဆန်ထိမှန်ခဲ့ကြောင်း ကလိန်အောင်မြို့နယ်ဆေးရုံတွင် ဆေးကုသမှုခံယူနေကြောင်း သိရသည်။ “ဘောလုံးကား (ထိုင်းနိုင်ငံသွားမည့်သူများကို နယ်စပ်သို့ ပို့ဆောင်သည့် ခရီးသည်တင်ယာဥ်) တွေတန်းပြီးလာတာ ၊ သာယာမွန်ရွာအပြင်လောက် အရောက်မှာ ချုံထဲကနေပစ်ခံရတယ်၊ ကားတာယာအရင်ပစ်ခံရပြီး မှ ထပ်ပစ်ခံရတာ “ ဟု သာယာမွန်ကျေးရွာ အနီးရှိ ရာဖူးရွာသားတစ်ဦးက ပြောသည်။ ပစ်ခတ်ခံရပြီးနောက် စက်တင်ဘာလ ၂၀ ရက်မနက်ပိုင်းတွင် အဆိုပါ ကား ၅ စီးစလုံး ကလိန်အောင်-ကံပေါက်လမ်းဆုံအနီးတွင် ပြုပြင်နေကြောင်း၊ ယနေ့မနက်ပိုင်းတွင် ထွက်ခွာသွားပြီဖြစ်ကြောင်း ကားသမားတစ်ဦးက […]

လောင်းလုံးမြို့ပေါ်က စစ်ကောင်စီစစ်ဆေးရေးဂိတ်ကို PDF ပူးပေါင်းအဖွဲ့ဝင်ပစ်

Dawei Watch

September 21, 2023

လောင်းလုံးမြို့ (ဃ) ရပ်ကွက် အထက်တန်းကျောင်းရှေ့ရှိ စစ်ကောင်စီတပ်စစ်ဆေးရေးဂိတ်ကို ယနေ့ နံနက် အစောပိုင်းတွင် PDF ပူးပေါင်းအဖွဲ့က ဝင်ရောက်ပစ်ခတ်ကြောင်း အဆိုပါပူးပေါင်းအဖွဲ့ထံမှ သိရသည်။ ယနေ့ စက်တင်ဘာလ ၂၁ရက် နံနက် ၆နာရီကျော်တွင် ဝင်ရောက်ပစ်ခတ်ခြင်းဖြစ်ကြောင်း ဒေသခံတို့ထံမှ သိရသည်။ “ဆယ့်ငါးချက်လောက် ရှိမယ်။ ကြားရတယ် အတိုင်းသား။ နှစ်ဖက်ညှပ်တိုက်တယ်။ ကျောင်းဝင်းထဲမှာလည်း ပေါက်ကွဲသံကြားရတယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။ အဆိုပါစစ်ဆေးရေးဂိတ်ကို Dawei Defense Team -DDT တပ်ခွဲ (၃) ထားဝယ်-ပကဖနှင့် Guerrilla Dawei -ထားဝယ်မြို့ပြ‌ ပျောက်ကြားတပ်ဖွဲ့တို့က လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် အလစ်ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း ပူးပေါင်းအဖွဲ့၏ ထုတ်ပြန်ချက်အရသိရသည်။ တိုက်ခိုက်မှုတွင် စစ်ကောင်စီတပ်သား နှစ်ဦးထိမှန်‌သေဆုံးကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။ လောင်းလုံးဒေသခံအမျိုးသမီးတစ်ဦးကမူ ပစ်ခတ်မှုဖြစ်ပြီးနောက် […]

တနင်္သာရီ ဇဝဲတပ်ရင်း လက်နက်ကြီးဖြင့် နှစ်ကြိမ်ပစ်ခတ်တိုက်ခိုက်ခံရ

Dawei Watch

September 20, 2023

မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်၊ ဇဝဲတပ်ရင်းကို လက်နက်ကြီးဖြင့် နှစ်ကြိမ်သွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း တနင်္သာရီတိုင်းပြည်သူ့ကာကွယ်ရေးအဖွဲ့ ယနေ့ စက်တင်ဘာလ ၂ဝရက်တွင် ထုတ်ပြန်သည်။ ပြည်ထောင်စုလမ်းပေါ်က ဇဝဲရွာရှိ အမှတ် ၅၅၆ ခြေမြန်တပ်ရင်းကို စက်တင်ဘာလ ၁၉ ရက်နေ့က မြိတ်ခရိုင်တပ်ရင်း (၂) နှင့် တနင်္သာရီပြည်သူ့ကာကွယ်ရေးအဖွဲ့တို့ ပူးပေါင်းကာပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ရေးသားထားသည်။ လက်နက်ကြီးကျည် တပ်ရင်းအတွင်း ကျရောက်ပေါက်ကွဲပြီး ဒဏ်ရာရသူများကို အရေးပေါ်လူနာတင်ယာဉ် နှစ်စီးဖြင့် မြိတ်မြို့သို့ သယ်ဆောင်သွားကြောင်း ဖော်ပြသည်။ ဒေသခံများကို မေးမြန်းစုံစမ်းချက်အရ မွန်းလွဲ ၂ နာရီခွဲဝန်းကျင်တွင် ဇဝဲတပ်ရင်းအနီး ကျယ်လောင်သည့် ပေါက်ကွဲသံကြားရကြောင်း ဆိုသည်။ “ပေါက်ကွဲသံက အကျယ်ကြီးပဲ” ဟု ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။ ယင်းတိုက်ခိုက်မှုနှင့် ပတ်သက်ပြီး တနင်္သာရီတိုင်း ပြည်သူ့ကာကွယ်ရေးတာဝန်ခံ ဗိုလ်စတား က ပုလောအတွက် […]

စစ်ကြောင်းဝင်ချိန် ဖမ်းဆီးခံရသည့် ပခပ်ရွာသားငါးဦးပြန်လွတ်လာပြီ

Dawei Watch

September 20, 2023

ထားဝယ်မှ အရှေ့တောဒေသကို စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်စစ်ကြောင်းက ဖမ်းဆီးခဲ့သည့် ပခပ်ရွာသားငါးဦး ယနေ့ စက်တင်ဘာလ ၂ဝရက် နံနက်ပိုင်းတွင် ပြန်လည်လွတ်မြောက်လာပြီဖြစ်ကြောင်း ပခပ်ရွာနှင့် အနီးဝန်းကျင်ရွာက ဒေသခံများက ပြောသည်။ စက်တင်ဘာ ၁၉ ရက် နံနက် ၉ နာရီခွဲခန့်တွင် ပခပ်ရွာက ဒေသခံငါးဦးကို စစ်ကြောင်းနှင့်အတူ ဖမ်းဆီးခေါ်ဆောင် သွားခဲ့ပြီး ၎င်းတို့ကို ရမ္မဇူရွာအထိ ရိက္ခာနှင့် ပစ္စည်းများကို သယ်ခိုင်းသည်ဟုသိရကြောင်း ပခပ်ရွာသားတစ်ဦးက ဆိုသည်။ “(ရိုက်နှက်တာ) ဘာမှမလုပ်ဘူး။ သူတို့ပစ္စည်းတွေတော့ ပိုးခိုင်းတယ်လို့ပြောတယ်” ဟု ၎င်းက ပြန်လည်လွတ်မြောက်လာသူများ ပြောဆိုချက်ကို ကိုးကားက ပြန်လည်ပြောဆိုသည်။ ထီးခီး-မေတ္တာဘက်က လာသည့် စစ်ကြောင်းနောက်တစ်ကြောင်းမှာ ကျောက်မဲတောင်ရွာတွင် တစ်ညအိပ်ပြီး စက်တင်ဘာလ ၁၉ ရက်နေ့ နံနက် ၄ နာရီခန့်တွင် ပြန်လည်ထွက်ခွာသွားကြောင်း […]

သရက်ချောင်း ကျောက်ဆည်ရွာ ပျူစောထီးခေါင်းဆောင်ဆိုသူနှင့်ဇနီးတို့ ပစ်သတ်ခံရ

Dawei Watch

September 20, 2023

သရက်ချောင်းမြို့နယ် ကျောက်ဆည်ရွာ ပြည်သူ့စစ် (ပျူစောထီး) ခေါင်းဆောင်ဆိုသူနှင့် ဇနီးဖြစ်သူတို့ ပစ်သတ်ခံရကြောင်း ဒေသခံများက ပြောသည်။ စက်တင်ဘာလ ၁၉ ရက် ည ၈ နာရီခန့်တွင် အသက် ၅၀ ကျော်အရွယ်ရှိ ကျောက်ဆည်ရွာ ပျူစောထီး ခေါင်းဆောင်ဆိုသူ ဦးတိုးဝင်းသည် ဇနီးဖြစ်သူနှင့်အတူ ထမင်းစားနေစဉ် လက်နက်ကိုင်လူတစ်စုက လာရောက်ပစ်ခတ်သွားခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးက ဆိုသည်။ “သူက လူသစ်စုဆောင်းတာတွေ လုပ်တယ်။ ပဲဒက် (ရွာ) က ပျူစောထီးအဖွဲ့‌တွေနဲ့ ချိတ်ဆက်ပြီး နေတယ်။ သူမှာ အာဏာရှိတယ်ဆိုပြီး မောက်မာပြောဆိုလေ့ရှိတယ်” ဟု ၎င်းက ပြောဆိုသည်။ ယင်းသို့ လာရောက်ပစ်ခတ်စဉ် ဦးတိုးဝင်း၏ အစ်ကို ဖြစ်သူ ဦးသောင်းစိန်ဆိုသူကိုလည်း ရိုက်နှက်ပြီး ထားခဲ့ကြောင်း ဒေသခံတို့ထံမှ သိရသည်။ ဦးတိုးဝင်းတို့ ဇနီးမောင်နှံကို […]

ရန်တောင်ရွာစာသင်ကျောင်းတွင် စစ်အာဏာရှင်ဆန့်ကျင်ရေးစာ လာရေးထားသဖြင့် ကျောင်းပိတ်လိုက်ရ

Dawei Watch

September 19, 2023

သရက်ချောင်းမြို့နယ် မြိတ်-ထားဝယ်သွားကားလမ်းဘေးရှိ ရန်တောင်ကျေးရွာ မူလွန်ကျောင်းတွင် စစ်အာဏာရှင် ဆန့်ကျင်ရေးစာ လာရောက်ရေးသားထားသဖြင့် ကျောင်းပိတ်လိုက်ရကြောင်း ဒေသခံများက ပြောသည်။ စက်တင်ဘာ ၁၆ ရက် နံနက်ပိုင်းကျောင်းဖွင့်ချိန်တွင် ကျောင်းခန်းနံရံများနှင့် ကျောက်သင်ပုန်းပေါ်တွင် စစ်အာဏာရှင် အလိုမရှိ၊ စစ်ကျွန်ပညာရေးအလိုမရှိ စသော စာများ ရေးသားထားခြင်းဖြစ်ကြောင်း ဒေသခံများက ဆိုသည်။ “ရေးထားတဲ့စာတွေကို အဝေးကနေတောင် မြင်နေရတယ်။ စပရေးနဲ့ ဖျန်းပြီးတော့ ရေးထားတာ” ဟု ဒေသခံတစ်ဦးက ပြောသည်။ ကျောင်းကို သွားသည့်အချိန်တွင် အထက်ပါစာများကို မြင်တွေ့သဖြင့် ကျောင်းအုပ်ကြီးက ကျောင်းတစ်ပတ် ပိတ်လိုက်ကြောင်း ရန်တောင်ကျေးရွာမှ အမျိုးသမီးတစ်ဦးက ပြောဆိုသည်။ “အဲဒီလိုဆိုရင်တော့ ဆရာကြီးက ကျောင်းတစ်ပတ် ပိတ်မှရမယ်ဆိုပြီး ကျောင်းသားတွေကို အဲဒီနေ့မှာပဲ ပြန်လွှတ်ပေးလိုက်တယ်” ဟု ၎င်းက ပြောသည်။ အဆိုပါစာကို မည်သူတို့က […]

ဗောဓိကမ်း ဘုန်းကြီးကျောင်း လက်နက်ကြီးကျ၍ ရဟန်းသုံးပါး ဒဏ်ရာရ

Dawei Watch

September 19, 2023

မြိတ်ခရိုင်၊တနင်္သာရီမြို့နယ်၊ ဗောဓိကမ်းဘုန်းတော်ကြီးကျောင်းပေါ် လက်နက်ကြီးကျပြီး ကျောင်းထိုင်ဆရာတော် အပါအဝင် ရဟန်း ၃ ပါးဒဏ်ရာရကာ ဆေးရုံတင်ထားရကြောင်း ဒေသခံများ ထံမှသိရသည်။ ယနေ့မွန်းလွဲ ၁ နာရီခွဲဝန်းကျင်ခန့်က လက်နက်ကြီး ၂ လုံးကျောင်းဆောင်ပေါ်သို့ ကျရောက်ခဲ့ပြီး ဆရာတော်နှင့်ရဟန်း ၂ ပါးဒဏ်ရာရကာ တနင်္သာရီမြို့ဆေးရုံသို့ တင်ပို့ခဲ့ရသည်ဟု ဒေသခံများ ကပြောသည်။ “ဆရာတော်ကိုတော့ မြိတ်ဆေးရုံပို့လိုက်ပြီး ကျန်သံဃာ(ရဟန်း) ၂ ပါးက တနင်္သာရီဆေးရုံတင်ထားရတယ်”ဟု ဒေသခံအမျိုးသား ကပြောသည်။ လက်နက်ကြီးကို တနင်္သာရီစစ်ကောင်စီတပ်ရင်းဘက်မှ ပစ်ခတ်သည်ဟု ဒေသခံအချို့က ထင်ကြေးပေးခဲ့ပြီး တိတိကျကျ မသိရသေးကြောင်း ဆိုသည်။ “ကျည်က ၆၀ မမ လို့ဆိုတယ်။ ဘယ်တပ်က ပစ်တယ် မသိရသေးဘူး။ စုံစမ်းတုန်းပဲရှိသေးတယ်။ မေးမြန်းသိရသလောက်ကတော့ PDF ဘက်က ပစ်တာမဟုတ်ဘူး”ဟု ပြည်သူ့ကာကွယ်ရေးတပ်နှင့် နီးစပ်သူ ဒေသခံအမျိုးသား နောက်တစ်ဦး […]

ရေးတွင် မီတာခဈေးထပ်တက်ပြီး တစ်ယူနစ် ၁၈၀ဝကျပ်ဖြစ်လာ

Dawei Watch

September 19, 2023

မွန်ပြည်နယ်တောင်ပိုင်း၊ ရေးမြို့နယ်အတွင်း စက်တင်ဘာလမှစပြီး လျှပ်စစ်မီတာခ တစ်ယူနစ်လျှင် ၂၅ဝကျပ် ဈေးထပ်တက်မည်ဖြစ်ပြီး မီတာခတစ်ယူနစ်လျှင် ၁၈၀၀ ကျပ်အထိ ဖြစ်လာမည်ဖြစ်ကြောင်း ဒေသခံတို့ထံမှ သိရသည်။ ရေးမြို့နယ်အတွင်း လျှပ်စစ်ဖြန့်ဖြူးနေသည့် ပုဂ္ဂလိကကုမ္ပဏီတို့က မီတာခတစ်ယူနစ် ၁၅၅၀ ကျပ် ကောက်ခံနေရာမှ ၁၈၀၀ ကျပ်အထိ တိုးမြှင့်ကောက်ခံရန် မီးလင်းရေးကော်မတီက စက်တင်ဘာလ တတိယအပတ်အတွင်းက ကြေညာထားသည်။ စက်သုံးဆီဈေးမြင့်တက်လာခြင်းနှင့် ဆီဝယ်ယူရန်ခက်ခဲလာခြင်းကြောင့် တိုးမြှင့်ကောက်ခံခြင်းဖြစ်သည်ဟုဆိုသည်။ အာဏာမသိမ်းခင်က ရေးမြို့နယ်အတွင်း လျှပ်စစ်မီတာတစ်ယူနစ် ကျပ် ၃၀၀ နှင့် ၅၀၀ ကြားသာရှိပြီး အာဏာသိမ်း ပြီးနောက် တစ်ယူနစ် ကျပ် ၉၀၀ မှ ၁၂၀၀၊ ယင်းနောက် ၁၃၅၀ ကျပ်၊ ၂၀၂၂ ခုနှစ် ဩဂုတ်လတွင် ၁၅၅၀ ကျပ် တိုးမြှင့်ကောက်ခံခဲ့ရာမှ ယခုထပ်မံတိုးမြှင့်ခြင်းဖြစ်သည်။ […]