BREAKING
November 9, 2025

သတင်း

တစ်ပတ်အတွင်း ကမ္ဘာ့ရေးရာ

Dawei Watch

September 22, 2023

ကမ္ဘာ့တစ်ဝန်း ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်များထဲမှ ထူးခြားဖြစ်စဉ်များကို ကောက်နုတ်ကာ အပတ်စဉ် စနေနေ့တိုင်းတွင် စုစည်းဖော်ပြပေးသွားမည်ဖြစ်ပါသည်။ စက်တင်ဘာလ ၁၆ ရက်နေ့မှ ၂၂ ရက်နေ့အထိ ဘရာဇီးမှာ လေယာဉ်မတော်တဆမှုကြောင့် လူ ၁၄ ဦး သေဆုံး ဘရာဇီးနိုင်ငံ အမေဇုန်းနားပြည်နယ်က ခရီးသွားတွေများတဲ့ ဘားစလိုမြို့မှာ စက်တင်ဘာ ၁၆ ရက်နေ့က လေယာဉ်ငယ်တစ်စီး မတော်တဆဖြစ်ခဲ့ပါတယ်။ မတော်တဆမှုကြောင့် လေယာဉ်ပေါ်လိုက်ပါလာသူ ခရီးသည် ၁၂ ဦးနဲ့ လေယာဉ်အမှုထမ်း ၂ ဦးစလုံး သေဆုံးခဲ့ပါတယ်။ ဒီလေယာဉ်ငယ်ဟာ မြို့အနီးကို ချဉ်းကပ်လာချိန် မိုးသည်းထန်နေတာပါ။ ဒါကြောင့် မြင်ကွင်းမကြည်မလင်ဖြစ်ခဲ့ပြီး လေယာဉ်ပြေးလမ်းတစ်ဝက်မှာမှ စတင်ဆင်းသက်ခဲ့တဲ့အတွက် လမ်းကြောင်းကိုလွန်ကာ တိုက်မိခဲ့တာဖြစ်ပါတယ်။ Ref: The Guardian ……………………………….. အမေရိကန်နဲ့ အီရန် အကျဉ်းသားလဲလှယ် အမေရိကန်ပြည်ထောင်စုနဲ့ […]

ပြင်ဝန်းရွာပေါ် လက်နက်ကြီးကျသဖြင့် ဒေသခံများ ထွက်ပြေးနေရ

Dawei Watch

September 22, 2023

မြိတ်ခရိုင်၊တနင်္သာရီမြို့အနီးရှိ ဇဝဲတပ်မှ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ပြင်ဝန်းကျေးရွာပေါ် လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲပြီး နေအိမ်အချို့ပျက်စီးကာ ဒေသခံများလည်း ထွက်ပြေးထိမ်းရှောင်နေရကြောင်း တွဲလက်ညီညီစစ်ဘေးရှောင်များ ကူညီရေးအဖွဲ့ ထံမှသိရသည်။ ယနေ့(စက်တင်ဘာ ၂၂) နံနက် ၁၀ နာရီခွဲခန့်က တနင်္သာရီမြို့နယ်၊ ဇဝဲကျေးရွာအခြေစိုက် ၅၅၆ ခြေမြန်တပ်ရင်းမှ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ပြီး လက်နက်ကြီးကျည်ဆန်သုံးလုံး ပြင်ဝန်းကျေးရွာအတွင်း ကျရောက်ပေါက်ကွဲခဲ့ကြောင်း တွဲလက်ညီညီစစ်ရှောင်ကူညီရေးအဖွဲမှ တာဝန်ရှိသူကပြောသည်။ “ဒေသခံတွေကတော့ နီးစပ်ရာကို ထွက်ပြေးနေကြတယ်။ လက်ရှိ ကျွန်တော်တို့ဆီ ရောက်လာတာကတော့ လူဦးရေငါးဆယ်လောက်ရှိတယ်”ဟု ၎င်းကပြောသည်။ ပြင်ဝန်းရွာသည် တနင်္သာရီမြစ်အနောက်ဖက်ကမ်းတွင် တည်ရှိပြီး ကျွန်းစုမြို့နယ်အပိုင် ကျေးရွာဖြစ်သည်။ ပြင်ဝန်းရွာနှင့် ဇဝဲတပ်ရင်းကြားတွင် တနင်္သာရီမြစ်ခြားထားပြီး ယင်းရွာသို့ လက်နက်ကြီးတစ်ကြိမ်မှ မကျရောက်ဖူးသေးဟု ဒေသခံတချို့ကပြောသည်။ “တော်တော်များများ ကကြောက်ပြီး ပြေးကုန်ကြပြီ။ ရွာမှာ အနည်းအကျဥ်းပဲကျန်ပြီ”ဟု ဒေသခံအမျိုးသား […]

မြိတ် ကျေးရွာ ၁ဝရွာက စပါးခင်းတို့တွင် ဖြုတ်ပိုးများကျ

Dawei Watch

September 22, 2023

မြိတ်မြို့နယ်အတွင်း ကျေးရွာဆယ်ရွာထက်မနည်း၌ မိုးစပါးခင်းတို့တွင် ဖြုတ်ပိုးများကျရောက်နေကြောင်း စပါးစိုက်တောင်သူတို့က ပြောသည်။ မိုးစပါးစိုက်ပျိုးပြီး လေးလအကြာ စက်တင်ဘာလတွင် ဖြုတ်ပိုးအကောင်အရေ အများအပြား ကျရောက်နေခြင်းဖြစ်ကြောင်း ၎င်းတို့က ဆိုသည်။ ကျောက်ဖျာ၊ ကဘင်း၊ ဝန်ဖို့၊ ဝန်မယ်၊ သဘွတ်၊ တညက်၊ ပလုံး၊ သစ်ယာဝ၊ တောင်ရှည်၊ ပသောင်း စသည့် ကျေးရွာတို့ရှိ မိုးစပါးခင်းတို့တွင် ဖြုတ်ပိုးများကျရောက်နေကြောင်း ယင်းကျေးရွာတို့ရှိ တောင်သူတို့က ပြောဆိုသည်။ ဖြုတ်ပိုးတို့သည် စပါးခင်းများတွင် အကွက်လိုက်၊ ကွက်ကြားပုံစံဖြင့် ကျရောက်နေကြောင်း တောင်သူတို့ထံမှသိရသည်။ “ကွက်ကြား ကွက်ကြားနဲ့ ပိုး‌တွေကျနေတာ။ အရင်က ဒီပိုးမျိုး မကျဖူးဘူး” ဟု တောင်ရှည်ရွာရှိ စပါးစိုက်တောင်သူတစ်ဦးက ပြောသည်။ ယင်းကဲ့သို့ ဖြုတ်ပိုးအကောင်အရေ အများအပြား ကျသဖြင့် စပါးပင်များ နီဝါရောင်သန်းပြီး နွမ်းကျနေကြကြောင်း စပါးစိုက်တောင်သူတစ်ဦးက […]

ပုလောတွင် တံငါသည်များ လဝက်နီးပါးကြာ ငါးမဖမ်းရသောကြောင့် စားဝတ်နေရေးအခက်ကြုံ

Dawei Watch

September 22, 2023

မြိတ်ခရိုင်၊ ပုလောမြို့နယ်အတွင်း ကမ်းနီးတံငါသည်များ ပင်လယ်ပြင်ထွက်ပြီး ငါးမဖမ်းရသည်မှာ လဝက်နီးပါး ရှိလာသောကြောင့် စားဝတ်နေရေးအခက်အခဲကြုံနေကြောင်း တံငါသည်များက ပြောသည်။ စက်တင်ဘာလ ၉ ရက်နေ့ကတည်းက ပုလောမြို့နယ်အတွင်းရှိ ကျေးရွာများမှ တံငါသည်များကို ငါးထွက်မဖမ်းရန် စစ်ကောင်စီရေတပ်က ပြောဆိုသတိပေးခဲ့ပြီးနောက် ငါးမဖမ်းရဲတော့ခြင်းဖြစ်ကြောင်း တံငါသည်များက ဆိုသည်။ “ငါးဖမ်းမထွက်ရလို့ (တံငါသည်တွေ) ထမင်းငတ်နေကုန်ပြီ။ မလိငါးကျွန်းမှာဆို အကြီးအကျယ် ခိုးတာတွေ ဖြစ်နေကုန်ပြီ။ အိမ်ထက်တက်ပြီး ဆန်တွေ ငရုတ်သီးကြက်သွန်တွေ အဲဒါတွေ ခိုးတာ၊ တစ်သက်နဲ့ တစ်ကိုယ် တစ်ခါမှအခိုးမခံရဖူးတာတွေပါ” ဟု မလိငါးကျွန်းရွာ၏ အခြေအနေကို ပုလောဒေသခံ တံငါသည်တဦးက ပြောသည်။ မလိငါးကျွန်းသည် ပုလောမြို့နယ်အတွင်းရှိ ကျွန်းငယ်တစ်ကျွန်းဖြစ်ပြီး ကျွန်းအရှေ့ခြမ်းနှင့် အနောက်ခြမ်းပေါင်းလျှင် အိမ်ခြေတစ်ရာ့ငါးဆယ်ခန့်ရှိကြောင်း ဒေသခံတစ်ဦးက ပြောသည်။ “မလိငါးကျွန်း၊ မလိလေးကျွန်း၊ ကျွန်းကြီး၊ ဇရပ်ဆိပ်ကျွန်း […]

ခမောက်ကြီးတွင် စစ်ကြောင်းထိုးသဖြင့် ရွာသားရာချီ ထိုင်းဘက်ထွက်ပြေး၊ ကျည်စထိမှန်ပြီးရွာသားတစ်ဦးသေဆုံး

Dawei Watch

September 22, 2023

ကော့သောင်းခရိုင် ခမောက်ကြီးမြို့နယ်တွင် စစ်ကောင်စီတပ် စစ်ကြောင်းထိုးဝင်လာသဖြင့် ရွာသားရာနှင့်ချီကာ ထိုင်းနိုင်ငံဘက်သို့ ထွက်ပြေးကြရကြောင်း ဒေသခံများက ပြောသည်။ စက်တင်ဘာလ ၂၀ ရက်တွင် စစ်ကောင်စီတပ်က စစ်ကြောင်းထိုးဝင်ရောက်လာပြီး ပစ်ခတ်မှုများလုပ်ဆောင်နေသဖြင့် မလိဝမ်း၊ ချောင်းဝနှင့် ခမောက်ငယ်ရွာတို့ရှိ ရွာသားများ ထိုင်းဘက်သို့ ထွက်ပြေးလာကြောင်း စစ်ဘေးရှောင်တို့အား ကူညီစောင့်ရှောက်ပေးနေသူတစ်ဦးက ပြောသည်။ ပစ်ခတ်မှုကြောင့် စက်တင်ဘာလ ၂၁ရက်က လက်နက်ကြီးကျည်စထိန်မှန်ကာ ချောင်းဝရွာနေ အသက် ၆၀ နှစ်ကျော်အရွယ် အမျိုးသားတစ်ဦး သေဆုံးကြောင်း ဒေသခံတို့ထံမှ သိရသည်။ “မိုင်းဆွဲတာတို့ လက်နက်ကြီးကျတဲ့အသံတွေကြားရတယ်။ တစ်‌ယောက်တော့ သေသွားတယ်။ ဒီမနက်ပိုင်းမှာ ထိုင်းဘက်ကို ပြေးလာသူတွေလည်း ရှိနေတယ်” ဟု စစ်ဘေးရှောင်တို့အား ကူညီစောင့်ရှောက်ပေးနေသူက ယနေ့ စက်တင်ဘာလ ၂၂ ရက်နေ့တွင် ပြောသည်။ စက်တင်ဘာလ ၂၀ နှင့် […]

အသက် ၁၅ နှစ်အရွယ်သမီးကို လိင်လုပ်သားအဖြစ် စေခိုင်းသည့် မြန်မာမိခင်ကို ထိုင်းရဲဖမ်းဆီး

Dawei Watch

September 21, 2023

ထိုင်းနိုင်ငံအလယ်ပိုင်း စရာဘူရီခရိုင်တွင် အသက် ၁၅ နှစ်အရွယ် သမီးကို လိင်လုပ်သားအဖြစ် အတင်းအကျပ်စေခိုင်းခဲ့သော မြန်မာနိုင်ငံသားမိခင်ကို ထိုင်းရဲကဖမ်းဆီးလိုက်ပြီဖြစ်ကြောင်း ထိုင်းသတင်းဌာနများနှင့် ပညာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်း (FED) ထံမှ သိရသည်။ အသက် ၁၅ နှစ်အရွယ် သမီးဖြစ်သူကို မြန်မာအလုပ်သမား မိခင်အရင်းကိုယ်တိုင်က လိင်လုပ်သားအဖြစ် အဓမ္မစေခိုင်းခဲ့သဖြင့် ထိုင်းနိုင်ငံသား ဖခင်ဖြစ်သူနှင့် ကျောင်းဆရာများက စရာဘူရီရဲစခန်းတွင် စက်တင်ဘာလ ၁၁ ရက်နေ့က အမှုဖွင့် တိုင်ကြားခဲ့ခြင်းဖြစ်ကြောင်း သတင်းများတွင် ဖော်ပြထားသည်။ မိခင်ဖြစ်သူသည် နာမည်ကြီး တည်းခိုခန်းတစ်ခုတွင် လုပ်ကိုင်နေသော မြန်မာအလုပ်သမားဖြစ်ပြီး ထိုင်းနိုင်ငံသားနှင့် ကွာရှင်း၍ သမီးဖြစ်သူနှင့် အတူနေထိုင်နေခြင်းဖြစ်သည်။ မိခင်က သမီးဖြစ်သူကို လိင်လုပ်သားအဖြစ် လုပ်ကိုင်ရန် ၂၀၂၂ ခုနှစ်ကတည်းက စတင်အတင်းအကျပ် စေခိုင်းခဲ့ကြောင်း သမီးက ရဲတပ်ဖွဲ့သို့ ပြောကြားသည်။ ယင်းအချိန်တွင် […]

ရေဖြူတွင် စစ်ကောင်စီတပ်စစ်ကြောင်းထိုးပြီး ပစ်ခတ်မှုဖြစ်၊ ဒေသခံများထွက်ပြေး

Dawei Watch

September 21, 2023

ရေဖြူမြို့နယ်တွင် ထားဝယ်ရေနက်ဆိပ်ကမ်းဒေသကို ယနေ့ နံနက်တွင် စစ်ကောင်စီတပ်က စစ်ကြောင်းထိုး ဝင်ရောက်လာပြီး ပစ်ခတ်မှုဖြစ်ပွားကြောင်း ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်အချို့နှင့် ဒေသခံအချို့က ပြောသည်။ စစ်ကြောင်းထိုးဝင်ရောက်လာပြီးနောက် စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်တို့ ခမောင်းချောင်းကျေးရွာ တွင် ယနေ့ စက်တင်ဘာလ ၂၁ရက် နံနက် ၁ဝနာရီခန့်တွင် ပစ်ခတ်မှုဖြစ်ပွားကြောင်း ၎င်းတို့က ဆိုသည်။ ရေနက်ဆိပ်ကမ်းနယ်မြေ၊ ဒေသအခေါ် ရှမ်းလမ်း ကင်းတံတားဘက်မှ ဝင်လာသည့် စစ်ကောင်စီတပ်စစ်ကြောင်းနှင့် ဒေသကာကွယ်ရေးတပ် PDF တို့ နှစ်ဖက်ပစ်ခတ်မှုဖြစ်ပွားခြင်းဖြစ်ကြောင်း ရေဖြူမြို့နယ်တွင် လှုပ်ရှားနေသည့် တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောဆိုသည်။ “ထိခိုက်ကျဆုံးမှုအခြေအနေကိုတော့ မကြားရသေးဘူး” ဟု ၎င်းက ပြောသည်။ စစ်ကောင်စီတပ်စစ်ကြောင်းထိုးနေသဖြင့် ရေနက်ဆိပ်ကမ်းနယ်မြေရှိ ရှမ်းလမ်း၊ ကင်းတံတားအနီးက ကျေးရွာများနှင့် ဝဇွမ်းတော၊ ရငဲ၊ ဧကနိ၊ ခမောင်းချောင်း၊ ဝက်ချောင်းရွာက ဒေသခံများမှာ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေကြကြောင်း […]

ပုလောတွင် စစ်ကောင်စီတပ်က ဒရုန်းဖြင့်ဗုံးလေးလုံးပစ်ချ၍ အရပ်သားနှစ်ဦးဒဏ်ရာရ

Dawei Watch

September 21, 2023

မြိတ်ခရိုင်၊ပုလောမြို့နယ် ကျောင်းနိမ့်ကျေးရွာကို စစ်ကောင်စီတပ်က ဒရုန်းဖြင့် ဗုံးချတိုက်ခိုက်ခဲ့ပြီး အရပ်သားနှစ်ဦး ဒဏ်ရာရခဲ့ကြောင်း ဒေသခံများ ထံမှသိရသည်။ မနေ့(စက်တင်ဘာ ၂၀)နံနက် ၁၀ နာရီဝန်းကျင်ခန့်က ပုလော ၂၈၅ တပ်ရင်းမှ ဒရုန်းဖြင့်ဗုံးချခဲ့ခြင်းဖြစ်ပြီး ဒေသခံအမျိုးသား နှစ်ဦး၏ နောက်ကျောနှင့် မျက်နှာတို့ကို ဗုံးစထိမှန် ဒဏ်ရာရခဲ့သည်ဟု ဒေသခံများကပြောသည်။ “ဗုံးက လေးလုံးချတာ တစ်လုံးပဲပေါက်တယ်။ ကျန်သုံးလုံးက မပေါက်လို့ တော်သေးတယ်”ဟု ဒေသခံအမျိုးသား ကပြောသည်။ ဗုံးစထိမှန်ခဲ့သူမှာ အသက် ၄၀ အရွယ်အမျိုးသားနှင့် လူငယ်တစ်ဦးတို့ဖြစ်ပြီး အသက်အန္တရာယ် မစိုးရိမ်ရဟု ဒေသခံများ ကဆိုသည်။ ကျောင်းနိမ့်၊ ပိန္နဲတောင်ကျေးရွာဘက်တွင်လည်း ပြီးခဲ့သည့် ညဦးပိုင်းက စစ်ကောင်စီ၏ ဒရုန်းများ ပျံဝဲခဲ့သေးကြောင်း ဒေသခံများ ကပြောသည်။ ကျောင်းနိမ့်ရွာတွင် ယခင်ကလည်း ဒရုန်းဖြင့်ဗုံးချမှုကြောင့် ရွာသားအချို့ ထိခိုက်ဒဏ်ရာရခဲ့ဖူးသလို လက်နက်ကြီး […]