ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

စစ်ကောင်စီပစ်ခတ်သည့် လက်နက်ကြီးထိမှန်၍ လောင်းလုံးက အဖွားတစ်ဦးသေဆုံး

Dawei Watch

April 27, 2024

စစ်ကောင်စီတပ်က ပစ်ခတ်သည့်လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် လောင်းလုံးမြို့ပေါ်တွင် အဖွားတစ်ဦး ကျည်စထိမှန် သေဆုံးသွားကြောင်း မြို့ခံအချို့ကပြောသည်။ ဧပြီလ ၂၆ ရက် ညနေ ၆ နာရီခန့်တွင် လောင်းလုံးမြို့ ထိန်သစ်ရပ်ကွက်ရှိ အသက် ၈၀ ကျော်အရွယ် ဒေါ်ခင်အေးကို လက်နက်ကြီးကျည်စထိမှန် သေဆုံးသွားခြင်းဖြစ်ကြောင်း မြို့ခံအချို့ကပြောသည်။ “အဲဒီအဖွားဆိုရင် လက်နက်ကြီးက သူ့ဘေးမှာကိုယ်တိုင်ကျတာတဲ့။ ခွေးကတစ်ကောင်သေနေတယ်။ အဲဒီအဖွားနားမှာ” ဟု မြို့ခံတစ်ဦးကပြောသည်။ Dawei Watch ကတွေ့ရှိရသည့် ဓာတ်ပုံထဲတွင် ‌အဖွား၏ နဖူးတည့်တည့်၌ အပေါက်ကြီးတစ်ပေါက်ပေါက်ပြီး သေဆုံးနေသည်ကိုတွေ့ရသည်။ မြို့တွင်းရှိ စစ်ဖက်ရေးရာ ထောက်လှမ်းရေးရုံးတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်က တိုက်ပွဲဖြစ်ခြင်းမရှိဘဲ ရမ်းသမ်းပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း မြို့ခံတို့ကပြောသည်။ လတ်တလောတွင် စစ်ကောင်စီတပ်သည် မြို့အစွန်ဘက် လူနေအိမ်များကြားထဲသို့ လက်နက်ကြီး ရမ်းသမ်းပစ်ခတ်မှု မကြာခဏပြုလုပ်လာကြောင်း မြို့ခံတို့ကဆိုသည်။ ယင်းကြောင့် […]

တစ်ပတ်အတွင်း ကမ္ဘာ့ရေးရာ

Dawei Watch

April 26, 2024

ကမ္ဘာ့တစ်ဝန်း ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်များထဲမှ ထူးခြားဖြစ်စဉ်များကို ကောက်နုတ်ကာ အပတ်စဉ် စနေနေ့တိုင်းတွင် စုစည်းဖော်ပြပေးသွားမည်ဖြစ်ပါသည်။ ဧပြီလ ၂၀ ရက်နေ့မှ ၂၆ ရက်နေ့အထိ မလေးရှား စစ်ရဟတ်ယာဉ်ချင်း တိုက်မိပြီး ပျက်ကျမှုကြောင့် အနည်းဆုံး ၁၀ ဦးသေဆုံး မလေးရှားနိုင်ငံမှာ စစ်ရဟတ်ယာဉ်နှစ်စင်း တိုက်မိကာ ပျက်ကျခဲ့တဲ့အတွက် လေယာဉ်ပေါ်မှာ ပါလာသူ လူ ၁၀ ဦးစလုံး သေဆုံးခဲ့ပါတယ်။ မလေးရှား ရေတပ်ရဲ့ နှစ် ၉၀ ပြည့် နှစ်ပတ်လည် အခမ်းအနားအတွက် မြောက်ပိုင်းရှိ ရေတပ်အခြေစိုက်စခန်းမှာ လေ့ကျင့်မှုတွေ ပြုလုပ်နေရင်း ပျက်ကျခဲ့တာပါ။ ရဟတ်ယာဉ်ပေါ်မှာပါတဲ့ အမှုထမ်း ၁၀ ဦးစလုံး ပျက်ကျမှုမှာ သေဆုံးသွားခဲ့ပြီး အသက်ရှင်ကျန်ရစ်တာမျိုး မရှိခဲ့ပါဘူး။ ဗီဒီယိုတွေထဲမှာတော့ ရဟတ်ယာဉ်တွေဟာ အုပ်စုလိုက် ခပ်နိမ့်နိမ့်ပျံသန်းနေပြီး၊ အဲ့ဒီထဲက […]

ထိုင်းတွင် အပူဒဏ်ကြောင့် နှစ်လအတွင်း လူ ၃၀ အထိသေဆုံး

Dawei Watch

April 26, 2024

ထိုင်းနိုင်ငံမှာ အပူချိန်ပြင်းထန်လွန်းလို့ နှစ်လအတွင်း သေဆုံးသူ ၃၀ အထိ ရှိလာပါတယ်လို့ CNA သတင်းတစ်ရပ်တွင် ဖော်ပြသည်။ ဒီနှစ်နွေရာသီက ခါတိုင်းနှစ်တွေထက် ပိုပူပြင်းလို့ အပူရှပ်ပြီး သေဆုံးမှု များလာကြတာလို့ ဆိုပါတယ်။ မတ်လနဲ့ ဧပြီလထဲတွင် အပူဒဏ်ကြောင့် သေဆုံးသူတွေ ပိုများလာတယ်လို့ ရောဂါထိန်းချုပ်ရေးဌာနက ထုတ်ပြန်ထားပါတယ်။ ပြီးခဲ့တဲ့နှစ် ၂၀၂၃ ခုနှစ်မှာ မတ်လကနေ ဇွန်လအထိ လေးလတာ နွေရာသီထဲမှာ သေဆုံးသူ ၃၇ ဦးသာ ရှိခဲ့တာပါ။ ဒီနှစ် ၂၀၂၄ ခုနှစ်မှာတော့ ပထမနှစ်လထဲမှာတင် သေဆုံးသူ ၃၀ အထိ ရှိလာခဲ့တာဖြစ်ပါတယ်။ သေဆုံးသူအများစုက အသက်ကြီးပိုင်း၊ ကလေးငယ်တွေ၊ နေပူထဲမှာ အချိန်ကြာကြာ အလုပ်လုပ်ရသူတွေ၊ နှလုံးရောဂါ၊ အဆုတ်ရောဂါ၊ အဝလွန်ရောဂါ အခံရှိသူတွေလို့ ဆိုပါတယ်။ ထိုင်းအစိုးရကတော့ […]

ခမောက်ကြီးရှိ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်ထံပို့မည့် ကျပ်သိန်းငါးရာကျော်ကို ကော့သောင်းပကဖ သိမ်း

Dawei Watch

April 26, 2024

ကော့သောင်းခရိုင် ခမောက်ကြီးမြို့ရှိ စစ်ကောင်စီတပ်၏ အမှတ် (၂၀) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်ထံသို့ ပို့ဆောင်မည့် ငွေကျပ်သိန်းငါးရာကျော်ကို သိမ်းဆည်းခဲ့ကြောင်း ကော့သောင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ထံမှ သိရသည်။ ယနေ့ ဧပြီလ ၂၆ ရက် နံနက်က ခမောက်ကြီးမြို့နယ် အေးချမ်းသာရွာမှ ထွက်လာသည့် နာရေးကူညီမှုကားတစ်စီးအား ဆိပ်ဖူးရွာနှင့် အောင်ချမ်းသာရွာကြားတွင် တားဆီးစစ်ဆေးရာက တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း ကော့သောင်းမြို့နယ် ပကဖ ၏ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောသည်။ လက်ရှိအချိန်တွင် စစ်ကောင်စီတပ်သားများက နာရေးကူညီမှုကားများ၊ သာသနာနှင့် စပ်ဆိုင်သည့်ကားများနှင့် ပရဟိတကားများကို အသုံးပြုကာ လှုပ်ရှားသွားလာမှု များနေသည့်အတွက် မသင်္ကာသဖြင့် တားဆီးစစ်ဆေးခဲ့ကြောင်း ၎င်းက ဆိုသည်။ နာရေးကူညီမှုကားပေါ်တွင် မြစိမ်းရောင်ချေးငွေစီမံကိန်းမှ ကိုယ်စားလှယ်များအပါအဝင် လူငါးဦးလိုက်ပါလာပြီး ငွေသားကျပ်သိန်းငါးရာကျော်ကို တွေ့ရှိခဲ့ကြောင်း အထက်ပါပြောရေးဆိုခွင့်ရှိသူက ပြောဆိုသည်။ အဆိုပါငွေကြေးများမှာ မြစိမ်းရောင်စီမံကိန်းက ချေးငွေများဖြစ်သော်လည်း ဒေသခံများကို […]

သရက်ချောင်းမြို့နယ်၊ ချောက်ချောင်းရွာတွင် PDF ဟန်ဆောင်ကာ ဒေသခံများကို ရိုက်နှက်ငွေတောင်းဟုဆို

Dawei Watch

April 26, 2024

သရက်ချောင်းမြို့နယ်၊ ချောက်ချောင်းရွာတွင် စစ်ကောင်စီတပ်က PDF ဘက်တံဆိပ်များပါသည့် အဝတ်အစားများဝတ်ဆင်ကာ ဒေသခံအချို့ကို ဖမ်းဆီးစစ်ဆေးရိုက်နှက်ခြင်း၊ ငွေကြေးတောင်းခြင်းများ ပြုလုပ်ခဲ့ကြောင်း ဒေါင်းညီနောင်စစ်ကြောင်းထံမှ သိရသည်။ ယနေ့ (ဧပြီ ၂၆) နံနက်တွင် PDF အသွင်ယူထားသူများက ချောက်ချောင်းရွာအတွင်း ပြန်ဝင်လာသည့် ဒေသခံတစ်ချို့ကို ယင်းသို့ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ကားနှစ်စီးကိုလည်း ဖမ်းထားကြောင်း ဒေါင်းညီနောင်စစ်ကြောင်း ပြန်ကြားရေးတာဝန်ခံ ရဲဘော်ကျောက်ခဲက ပြောသည်။ “အဲ့ဒါတွေကို ချင့်ချိန်ပေါ့နော်၊ PDF တွေသည် ပြည်သူတွေကို ဆန့်ကျင်တဲ့ကိစ္စတွေ မလုပ်ဘူးပေါ့နော်၊ ပြည်သူကို ညှင်းပန်းနှိပ်စက်တာတွေ ကျွန်တော်တို့မလုပ်ဘူး။ ဒါတွေလုပ်တာက စစ်တပ်က ပြည်သူနဲ့ PDF ကြားမှာ သွေးခွဲချင်လို့ ရန်တိုက်ချင်လို့လုပ်တာပေါ့နော်၊ ဒါတွေကို ချင့်ချိန်ပြီးတော့ ယုံပါလို့ပြောချင်တယ်” ဟု ရဲဘော်ကျောက်ခဲက ဆိုသည်။ အထက်ပါပြောဆိုချက်နှင့်ပတ်သက်ပြီး မေးမြန်းရန်ချောက်ချောင်းရွာနှင့် ပိတိုင်၊ ပြင်းဖြူကြီး၊ […]

မြဝတီ-မဲဆောက် အမှတ် ၁ တံတား ခြောက်ရက်ကြာသည်အထိ မြန်မာဘက်က ပြန်မဖွင့်သေး

Dawei Watch

April 26, 2024

မြဝတီ-မဲဆောက် ချစ်ကြည်ရေး အမှတ် (၁) တံတားကို တိုက်ပွဲပြင်းထန်နေချိန် မြန်မာဘက်က ယာယီပိတ်ထားခဲ့ရာ ခြောက်ရက်ကြာ ယနေ့ ဧပြီလ ၂၆ရက်အထိ ပြန်မဖွင့်သေးကြောင်း အမှတ် (၁) တံတား အနီးနေထိုင်သည့် ပြည်သူများထံမှ သိရသည်။ မြဝတီမြို့တွင် တိုက်ပွဲပြင်းထန်လာပြီးနောက် မဲဆောက်-မြဝတီ ချစ်ကြည်ရေး အမှတ် ၁ တံတားကို ဧပြီလ ၂၁ ရက်နေ့ နံနက်ပိုင်းတွင် မြန်မာဘက်က ယာယီပိတ်ထားခဲ့သည်။ ယနေ့ ဧပြီလ ၂၆ ရက် နံနက်ပိုင်းအထိ ထိုင်းဘက်က အထွက်သာ ရရှိနေပြီး မြန်မာဘက်က အထွက်ကို ပိတ်ထားဆဲ ဖြစ် ကြောင်း တံတားအနီးနေထိုင်သည့် ပြည်သူတစ်ဦးက ပြောသည်။ “ထိုင်းဘက်က အထွက်ရတယ် (ထိုင်းဘက်ကို) အဝင်မရသေးဘူး။ ဟိုတစ်ခါ ပိတ်လိုက်တည်းက ဒီမနက်အထိ […]

ဖာပွန် ခမရ ၄၃၄ ကို သိမ်းယူပြီး မြို့ကို KNLA နှင့် တော်လှန်ရေးအဖွဲ့များထိန်းချုပ်

Dawei Watch

April 26, 2024

ကရင်ပြည်နယ် ဖာပွန်မြို့နယ်အခြေစိုက် ခြေမြန်တပ်ရင်း ခမရ ၄၃၄ ကို သိမ်းယူပြီး မြို့ကို ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် KNLA နှင့် ပူးပေါင်းတော်လှန်ရေးတပ်များက ထိန်းချုပ်ထားကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန (MOD) က ထုတ်ပြန်သည်။ ခမရ ၄၃၄ တပ်ရင်းကို တော်လှန်ရေးတပ်ဖွဲ့များက ဧပြီလ ၂၅ ရက် တစ်ရက်အတွင်း တိုက်ခိုက်သိမ်းယူနိုင်ခဲ့ခြင်းဖြစ်ကြောင်း ကေအဲယူ-မူတြော်က ထုတ်ပြန်သည်။ ဖာပွန်စစ်ဆင်ရေးကို တောင်ပိုင်းစစ်ဒေသ၊ အမှတ် (၂) စစ်ဒေသခွဲ ကွပ်ကဲမှုဖြင့် KNLA ၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ၊ Force for Federal Democracy (FFD)၊ ဗမာပြည်သူ့ လွတ်မြောက်ရေးတပ်တော် (BPLA) မဟာမိတ်ပူးပေါင်းတပ်ဖွဲ့ များက မတ်လ ၁၉ရက်တွင် စတင်ခဲ့ခြင်းဖြစ်ကြောင်း MOD […]

ထိုင်းတွင် လုပ်ငန်းခွင်အတွင်း ဝင်ရောက်ဖမ်းဆီးမှုများ ဆက်တိုက်ရှိနေ၊ ပတူနမ်ဈေးမှ မြန်မာလုပ်သား ၁၂ ဦး ဖမ်းဆီးခံရ

Dawei Watch

April 26, 2024

ထိုင်းနိုင်ငံမြို့တော် ဘန်ကောက်မြို့လယ်ရှိ ပတူနမ်ဈေးတွင် လုပ်ကိုင်နေသော မြန်မာအလုပ်သမား ၁၂ ဦးကို တရားမဝင် အလုပ်လုပ်ကိုင်နေသည်ဟုဆိုကာ ဧပြီလ ၂၅ ရက်နေ့က ဖမ်းဆီးရမိခဲ့ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြထားသည်။ ယခုရက်ပိုင်းတွင် တရားမဝင် အလုပ်လုပ်ကိုင်နေသူများကို လုပ်ငန်းခွင်အတွင်း ဝင်ရောက်ဖမ်းဆီးမှုများ ဆက်တိုက်ဖြစ်ပေါ်နေပြီး မြန်မာလုပ်သားအများအပြားလည်း ဖမ်းဆီးခံနေရသည်။ ရတ်ချ်ထေဝီနယ်မြေရှိ နာမည်ကြီး ပတူနမ်ဈေးတွင် နိုင်ငံခြားသား အလုပ်သမားများ တရားမဝင် အလုပ်လုပ်ကိုင်နေကြကြောင်း သတင်းရရှိသဖြင့် လဝကရဲများက သွားရောက်စစ်ဆေးခဲ့သည်။ ဈေးထဲတွင် အိတ်ဆိုင်၊ ဖိနပ်ဆိုင်နှင့် အင်္ကျီဆိုင်များရှေ့တွင် နိုင်ငံခြားသားအလုပ်သမားများ ဈေးရောင်းနေသည်ကို စစ်ဆေးတွေ့ရှိရပြီး ရဲတပ်ဖွဲ့များက အလုပ်လုပ်ခွင့်လက်မှတ်များ စစ်ဆေးခဲ့သည်။ ၎င်းတို့အနက် မြန်မာအလုပ်သမား ၁၂ ဦးနှင့် လာအိုအလုပ်သမား ၁ ဦး တရားမဝင် လုပ်ကိုင်နေသည်ကို တွေ့ရှိရကြောင်း ဖော်ပြထားသည်။ ၎င်းတို့ကို […]