ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

ဒေါနတပ်ခွဲ ၄ ရန်ပုံငွေအတွက် ကျင်းပသည့် ထိုင်းတောင်ပိုင်းက ဘောလုံးပွဲ

Dawei Watch

April 28, 2024

ထိုင်းနိုင်ငံတောင်ပိုင်း ကော့စမွေကျွန်းတွင် တော်လှန်ရေးရန်ပုံငွေဘောလုံးပွဲကို ဧပြီလ၂၈ ရက်( ယနေ့)က ကျင်းပခဲ့သည်။ ကံပေါက်ဒေသကာကွယ်ရေးတပ်ဖွဲ့ (ဒေါနတပ်ခွဲ-၄) ရန်ပုံငွေအတွက် ကျင်းပခြင်းဖြစ်ပြီး အဆိုပါဘောလုံးပွဲတွင် အသင်းပေါင်း နှစ်ဆယ်ကျော် ပါဝင်ယှဉ်ပြိုင်ကစားကြမည်ဖြစ်သည်။ နေ့အပူချိန်မြင့်မားနေချိန်တွင် ကော့စမွေကျွန်းရောက် မြန်မာပြည်သူများက ချွေးတရွှဲရွှဲဖြင့် လာရောက်အားပေးနေကြသည်။ ခရီးသွားလုပ်ငန်းဖြင့် နာမည်ကြီးသည့် ကော့စမွေကျွန်းတွင် ထားဝယ်ဒေသခံများအပါအဝင် တနင်္သာရီတိုင်းသား အများအပြားရှိပြီ စားသောက်ဆိုင်၊ ဟိုတယ်လုပ်ငန်း၊ ခရီးသွားလုပ်ငန်း၊ ပန်းရံလုပ်ငန်းစသည့် အလုပ်များ လုပ်ကိုင်နေကြသည်။

လောင်းလုံးတွင်တိုက်ပွဲဖြစ်၊ စစ်ကောင်စီတပ်က ဘုန်းကြီးကျောင်းတွင် ယာယီတပ်စွဲ၍ပစ်ခတ်

Dawei Watch

April 28, 2024

လောင်းလုံးမြို့နယ် စစ်ပြဲကျေးရွာသို့ စစ်ကောင်စီတပ်က စစ်ကြောင်းထိုးလာသဖြင့် တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်က ဘုန်းကြီးကျောင်းတွင် ယာတပ်အထိုင်ချကာ ပစ်ခတ်ခဲ့ကြောင်း ဒေသခံအချို့က ပြောသည်။ လောင်းလုံးမြို့ပေါ်တွင် တပ်စွဲထားသော စစ်ကောင်စီတပ်က မနေ့(ဧပြီ ၂၇) နံနက် ၈ နာရီကျော် ခန့်တွင် မြို့နှင့်ကပ်လျက် စစ်ပြဲကျေးရွာသို့ စစ်ကြောင်းထိုးလာခြင်းဖြစ်ပြီး စစ်ပြဲကျေးရွာထိပ်ရှိ ရေပုန်းကျောင်း (ဘုန်းကြီးကျောင်း) အနီးတွင် ထိတွေ့ပစ်ခတ်မှု ဖြစ်ပွားခဲ့ကြောင်း ဒေသခံအချို့ကဆိုသည်။ စစ်ကောင်စီတပ်က အဆိုပါ ဘုန်းကြီးကျောင်းထဲသို့ဝင်ရောက်ပြီး ယာယီတပ်စွဲကာ ပြည်သူ့ကာကွယ်ရေးအဖွဲ့များကို လက်နက်ကြီး၊ လက်နက်ငယ်တို့ဖြင့် ပြန်လည်ပစ်ခတ်ခဲ့ခြင်းဖြစ်သည်။ “သူတို့က(စစ်ကောင်စီတပ်က) ဘုန်းကြီးကျောင်း အုတ်တံတိုင်းတွေ၊ ကျောင်းဆောင်တွေထဲကနေပြီး ရွာထဲကို လက်နက်ကြီးတွေနဲ့ ပစ်ချတာ” ဟု ဒေသခံတစ်ဦးကဆိုသည်။ စစ်ကောင်စီတပ်က ပစ်ခတ်လိုက်သည့် လက်နက်ကြီးကျည်ဆန်များမှာ စစ်ပြဲရွာနေအိမ်များအကြား ကျရောက်ပေါက်ကွဲခဲ့ကြောင်း၊ ပျက်စီးမှုအသေးစိတ်ကိုမူ မသိရသေးကြောင်း ဒေသခံတို့ကဆိုသည်။ […]

တစ်ပတ်အတွင်း မြန်မာ့ရေးရာ

Dawei Watch

April 27, 2024

မြန်မာနိုင်ငံတစ်ဝန်း ဖြစ်ခဲ့သည့် အဖြစ်အပျက်များထဲမှ ထူးခြားဖြစ်စဉ်များကို ကောက်နုတ်ကာ အပတ်စဉ် တနင်္ဂနွေနေ့တိုင်းတွင် စုစည်းဖော်ပြပေးသွားမည်ဖြစ်ပါသည်။ ဧပြီ ၂၁ ရက်မှ ၂၇ ရက်နေ့အထိ မြဝတီကနေ KNU ပြန်လည်ဆုတ်ခွာ မြဝတီမှာ တိုက်ပွဲတွေပြင်းထန်နေချိန် KNLA ဘက်က ရုတ်တရက် နောက်ဆုတ်သွားတာကြောင့် မြဝတီမြို့စောင့်တပ် ခလရ ၂၇၅ ကို ဗိုလ်မှူးကြီးစောချစ်သူရဲ့ နယ်ခြားစောင့်တပ် BGF အကူအညီနဲ့ စစ်ကောင်စီက ပြန်လည်ရယူသွားပါတယ်။ ခလရ ၂၇၅ ကနေ စခန်းစွန့်ထွက်ပြေးပြီး ထိုင်း-မြန်မာ အမှတ် ၂ ချစ်ကြည်ရေးတံတားအနီးမှာ တပ်စွဲနေတဲ့ စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA နဲ့ ပူးပေါင်းတော်လှန်ရေးတပ်တွေက ဧပြီလ ၁၉ ရက်နေ့မှာ စတင်တိုက်ခိုက်ခဲ့ပါတယ်။ စစ်ကောင်စီဘက်ကလည်း လေကြောင်းနဲ့ အပြင်းအထန် ပြန်လည်တိုက်ခိုက်ပါတယ်။ […]

ကော့သောင်းတွင် ရေတွင်းဟောင်းထဲ၌ အမျိုးသားတစ်ဦး သေဆုံး

Dawei Watch

April 27, 2024

ကော့သောင်းမြို့ ၊ရွှေပြည်သာရပ်ကွက်ရှိ တပင်ရွှေထီးလမ်းတွင် ယနေ့ နံနက်ပိုင်း က အမျိုးသားတစ်ဦး ရေတွင်းဟောင်းတစ်ခုထဲ ဆွဲကြိုး ချကာ သေဆုံးနေကြောင်း ‌ရွှေအဏ္ဏဝါပရဟိတ လူငယ်အဖွဲ့ ထံမှသိရသည်။ သေဆုံးသူ၏ လည်ပင်းတွင် ရေပုံးကြိုးပတ်နေကြောင်း ရွှေအဏ္ဏဝါပရဟိတလူငယ်အဖွဲ့မှ တာဝန်ရှိသူကပြောသည်။ ” အဲဒီရေတွင်းက မသုံးတာကြာပြီ ရေရှားလို့ ပြန်သုံး‌နေတာ သေသူက စိတ်လည်း သိပ်မမှန်ချင်ဘူး လို့သိရတယ်” ဟု အထက်ပါတာဝန်ရှိသူကပြောသည်။ Dawei Watch က ရရှိထားသည့် ဓာတ်ပုံတွင်အမျိုးသားတစ်ဦး ရေတွင်း အလယ်လောက်တွင် လည်ပင်း ၌ ကြိုး တွဲလောင်းဖြင့် သေဆုံးနေသည်ကို တွေ့ရသည်။ မည်သည်အကြောင်းရင်းကြောင့် ယင်းသို့ဖြစ်ရသည်ကိုမူ မသိရသေးပေ။ သေဆုံးသူမှာ အသက် ၄၀ ကျော်အရွက်ရှိ ကိုဖိုးလမင်း ဆိုသူဖြစ်ပြီး အလောင်းကို ကော့သောင်းမြို့ ၂ […]

မြဝတီ-မဲဆောက် အမှတ် ၁ တံတား ယနေ့ပြန်ဖွင့်

Dawei Watch

April 27, 2024

မြဝတီ-မဲဆောက် ချစ်ကြည်ရေး အမှတ် ၁ တံတားကို ယနေ့(ဧပြီ ၂၇) နံနက်ပိုင်းတွင် မြန်မာဘက်က ပြန်ဖွင့်လိုက်ပြီဖြစ်ကြောင်း အမှတ် ၁ တံတား ကိုဖြတ်သန်းသွားလာသူများထံမှ သိရသည်။ မြဝတီမြို့တွင် တိုက်ပွဲပြင်းထန်လာပြီးနောက် မဲဆောက်-မြဝတီ ချစ်ကြည်ရေး အမှတ် ၁ တံတားကို ဧပြီလ ၂၁ ရက်နေ့ နံနက်ပိုင်းတွင် မြန်မာဘက်က ယာယီပိတ်ထားခဲ့ပြီးနောက် ၇ ရက်မြောက်နေ့တွင် ပြန်လည်ဖွင့်ပေးလိုက်ခြင်းဖြစ်သည်။ ယနေ့ နံနက်ပိုင်းအချိန်မှစ၍ တံတားကို မြန်မာဘက်က ပြန်ဖွင့်လှစ်ပေးလိုက်သဖြင့် တံတားပေါ်တွင် ဖြတ်သန်းသွားလာသူများ ပိုများခဲ့ပြီး နေပူပူတွင် တန်းစီစောင့်ဆိုင်းနေသူများလည်း ရှိနေကြောင်း ဒေသခံတစ်ဦးက ဆိုသည်။ “ဒီနေ့ပဲ တံတားဖွင့်လိုက်ပြီ။ ဖွင့်လိုက်တာနဲ့ သွားတဲ့သူတွေတန်းစီနေကြတာ နေပူထဲ။ ထိုင်းဘက်က ရက်ကျော်ခတွေ လျှော့ပေးနေတာမျိုးလည်း တွေ့ရတယ်။ တစ်ယောက်နဲ့ တစ်ယောက်တော့ […]

ထားဝယ်မြို့ DDPC ဈေးဝယ်စင်တာအနီး ကား၊ ဆိုင်များကို ဖမ်းဆီးဒဏ်ရိုက်မှုဆက်တိုက်လုပ်

Dawei Watch

April 27, 2024

ထားဝယ်မြို့ DDPC ဈေးဝယ်စင်တာအနီးတွင် ဖြတ်သန်းသွားလာသည့် ကား၊ ဆိုင်ကယ်များကို ဖမ်းဆီးဒဏ်ရိုက်မှုများ ဆက်တိုက်လုပ်ဆောင်နေကြောင်း ဒေသခံများထံမှ သိရသည်။ DDPC ဈေးဝယ်စင်တာမှာ လောင်းလုံးမြို့နယ်မှ ထားဝယ်မြို့ထဲသို့ဝင်သည့် ကမြောကင်းလမ်းနှင့် ကမ်းနားလမ်းထောင့်တွင် ရှိသည်။ ကမြောကင်းတံတားသစ်မှ ထားဝယ်မြို့သို့လာသည့် ခရီးသွားကား၊ ဆိုင်ကယ်များသည် DDPC လမ်းဆုံမီးပွိုင့်တွင် မီးနီ မစောင့်ဘဲ ညာဘက်ယာဉ်ကြောဖြစ်သည့် ကမ်းနားလမ်းဘက်သို့ မြေနီမြေကွက်လပ်မှ ချိုးဝင်မည်ဆိုပါက အဖမ်းခံရမည် ဖြစ်ကြောင်း လွန်ခဲ့သည့် တစ်ပတ်လောက်က ဖမ်းဆီးဒဏ်ရိုက်ခံရဖူးသူတစ်ဦးက ပြောသည်။ “မီးပွိုင့်ကနေ သွားမဝိုက်နေတော့ဘူး။ အရင်က ဖြတ်နေကြအတိုင်းဖြတ်တာ။ အဲဒီမှာ ယာဉ်ထိန်းရဲက ကားထဲကနေ ရုတ်တရက် ထွက်လာပြီး ဖမ်းတာ။ သုံးသောင်း ပေးလိုက်ရတယ်” ဟု အဖမ်းခံရဖူးသူတစ်ဦးက ပြောသည်။ ထိုနေရာတွင် ယာဉ်ထိန်းရဲများက အမြဲတမ်းလိုလို အသင့်စောင့်ပြီး ဖမ်းဆီး […]

ရေဖြူတွင် ဒုရဲအုပ်တစ်ဦး ပစ်ခတ်ခံရပြီးသေဆုံး

Dawei Watch

April 27, 2024

ရေဖြူမြို့တွင် ဧပြီလ ၂၆ရက် ညနေပိုင်းက ဒုရဲအုပ်တစ်ဦးကို ပစ်ခတ်ရှင်းလင်းခဲ့ကြောင်း Dawei Guerrilla Revolutionary Force- DGRF ထားဝယ်ပကဖ အဖွဲ့၏ ထုတ်ပြန်ချက်အရသိရသည်။ ရေဖြူမြို့ အရှေ့ဘက်ကမ်း (ဂ) ရပ်ကွက်ရှိ နေရာသစ်ထမင်းဆိုင်အနီးတွင် ညနေ ၄ နာရီကျော်၌ ကုန်တင်ကားများထံမှ ငွေကြေး တောင်းယူနေစဉ် သွားရောက်ပစ်ခတ်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။ ပစ်ခတ်ခံရသဖြင့် သေဆုံးသူမှာ မူးယစ်ဆေးများ ဖမ်းဆီးရာတွင် ပါဝင်လေ့ရှိသည့် ရေဖြူရဲစခန်းမှာ ရဲဖြစ်ပြီး ရာထူးအတိအကျကိုမူ မသိကြောင်း ဒေသခံတစ်ဦးက ပြောသည်။ အခင်းဖြစ်နေရာသည် KTV လည်းရှိပြီး ဘောလုံးဟုခေါ်သည့် ပြည်ပသို့ တရားမဝင် သွားရောက်လုပ်ကိုင်မည့်သူများထံမှ ငွေကြေး တောင်းယူနေသည့်နေရာလည်းဖြစ်ကြောင်း ၎င်းက ဆိုသည်။ “အဲဒီနေရာက ရဲတွေ (ပိုက်ဆံ) တောင်းတဲ့နေရာပဲ” ဟု […]

ဘင်္ဂလားဒေ့ရှ်နယ်စပ် မောင်တောနှင့် ဘူးသီးတောင်မြို့နယ်တို့တွင် ညမထွက်ရအမိန့် AA ထုတ်

Dawei Watch

April 27, 2024

တိုက်ပွဲအပြင်းအထန်ဖြစ်ပွားနေသည့် ဘင်္ဂလားဒေ့ရှ်နယ်စပ် မောင်တောနှင့် ဘူးသီးတောင်မြို့နယ်တို့တွင် ဧပြီလ ၂၆ရက်မှ စတင်ကာ ည ၇ နာရီမှ နံနက် ၆နာရီအထိ ညမထွက်ရအမိန့်ထုတ်ပြန်လိုက်ကြောင်း ရက္ခိုင့်တပ်တော် (AA) ထုတ်ပြန်သည်။ ညမထွက်ရအမိန့်ကို ရုတ်သိမ်းကြောင်း မကြေညာမီအထိ လိုက်နာကြရန် AA က ပြောဆိုပြီး မလိုက်နာလျှင် အပြစ်ပေး အရေးယူမည်၊ မဖြစ်မနေသွားလာရန် လိုအပ်လျှင် ခွင့်ပြုချက်ယူပြီးမှ သွားလာကြရန် ထုတ်ပြန်ချက်တွင် ဖော်ပြသည်။ ဘူးသီးတောင်၊ မောင်တော၊ အမ်း၊ သံတွဲမြို့များတွင် တိုက်ပွဲများနေ့စဉ်ဖြစ်ပွားနေပြီး အထူးသဖြင့် ဘူးသီးတောင် စကခ (၁၅) ကို သိမ်းယူရန်ဖြစ်ပွားနေသည့်တိုက်ပွဲကြောင့် အဆိုပါမြို့နယ်အတွင်း တိုက်ပွဲများပိုမိုပြင်းထန်နေကြောင်း ဖော်ပြသည်။ စစ်ကောင်စီတပ်သည် ဘူးသီးတောင်၊ မောင်တောဒေသတွင် မတူညီသည့် လူအဖွဲ့အစည်းတို့အကြား ဘာသာရေး၊ လူမျိုးရေးပဋိပက္ခများ ဖြစ်ပွားလာစေရန် လုပ်ဆောင်နေကြောင်းလည်း […]