ကလိန်အောင်အနီးတွင် PDF နှစ်ဦးကျဆုံး၊ ဒလန်ဆိုသူတစ်ဦးလည်း အသတ်ခံရ
Dawei Watch
October 3, 2023ရေဖြူမြို့နယ်၊ ကလိန်အောင်မြို့အနီးတွင် Spring Dhamma PDF အဖွဲ့က နှစ်ဦးကျဆုံးကြောင်း ယင်းအဖွဲ့တာဝန်ရှိသူက ပြောသည်။ စက်တင်ဘာလ ၃၀ ရက်က ကျောက်ရှပ်ရွာနှင့် ရေပုံးရွာအကြား နွယ်လီချောင်းအဖျားရှိ ဥယျာဉ်ခြံတစ်ခုတွင် Spring Dhamma PDF အဖွဲ့ရှိနေချိန် စစ်ကောင်စီတပ်က ဝင်ရောက်တိုက်ခိုက်ရာမှ နှစ်ဖက်အပြန်အလှန် ပစ်ခတ်မှုဖြစ်ကြောင်း ၎င်းက ဆိုသည်။ ပစ်ခတ်မှုအတွင်း Spring Dhamma PDF အဖွဲ့က အသက် ၂၅ နှစ်ဝန်းကျင်အရွယ်ရှိ ဗိုလ်လင်းယုန်နှင့် ဗိုလ်မီးပွားတို့ ကျဆုံးပြီး လက်နက်ခဲယမ်းအချို့လည်းဆုံးရှုံးခဲ့ကြောင်း ၎င်းက ပြောဆိုသည်။ “ခြံတဲ (ဥယျာဉ်ခြံစောင့်တဲ) တစ်ခုမှာ ခဏနားနေကြတုန်း သတင်းပေးတဲ့လူရှိလို့ ဝင်ဝိုင်းခံရတာ။ ကျွန်တော်တို့ ဘက်ကတော့ ၅ယောက်ပေါ့။ အင်အားကလည်း မမျှဘူး။ ပြန်ခံပစ်ကြသေးတယ်။ ၃ယောက်ကတော့ လွတ်လာ တယ်။ […]


