ထားဝယ် တန်ဆောင်တိုင် နှစ်ကျိပ်ရှစ်ဆူဘုရားများ ညဘက်ပို့ဆောင်
Dawei Watch
October 31, 2025၁၁၃ ကြိမ်မြောက် ထားဝယ်တန်ဆောင်တိုင် နှစ်ကျိပ်ရှစ်ဆူဘုရားလှည့်ပွဲအတွက် ရပ်ကွက်အလိုက် ပူဇော်ခံထားရှိသည့် ဘုရားများကို တန်ဆောင်မုန်းလဆန်း ၁၀ ရက် ညတွင် ရပ်ကွက်အတွင်း နောက်ဆုံးအပူဇော်ခံကာ ဘုရားလှည့်ပွဲကျင်းပမည့် လောကမာရဇိန်ဘုရားကြီးဝင်းအတွင်းသို့ ပို့ဆောင်ကြသည်။ အာဏာသိမ်းပြီးနောက် ၂၀၂၂ ခုနှစ်မှစ၍ နေ့ဘက်လှည့် လည်ပူဇော်ခဲ့ကြသည့် ထားဝယ်တန်ဆောင်တိုင် နှစ်ကျိပ်ရှစ်ဆူ ဘုရားပွဲကို ယခုနှစ်တွင် မူလအတိုင်း ညနေပိုင်းမှစ၍ ထားဝယ်မြို့အတွင်း ညလုံးပေါက်လှည့်လည်အပူဇော်ခံမည် ဖြစ်သည်။ ထို့ကြောင့် တနင်္သာရီတိုင်း စစ်ကော်မရှင်သည် တန်ဆောင်မုန်းလဆန်း ၁၀ ရက် ညမှစ၍ လပြည့်နေ့အထိ ထားဝယ်မြို့အတွင်း ညမထွက်ရအမိန့်ကို ခြောက်ရက်တာ ရုပ်သိမ်းထားသည်။ ယနေ့ ထားဝယ်မြို့ရှိ ရပ်ကွက်အသီးသီးမှ နှစ်ကျိပ်ရှစ်ဆူဘုရားများကို ဘုရားကြီးဝင်းအတွင်းသို့ ပို့ဆောင်ကြရာတွင် မြိုတွင်း လမ်းတစ်လျှောက် ရပ်ကွက်အသီးသီး၌ စတုဒီသာအလှူများ၊ အကအလှယာဉ်များ၊ ဖျော်ဖြေရေးအဖွဲ့များ၏ အတီးအမှုတ်အကအခုန်ဖြင့် […]


