တရုတ်၏ ‘တစ်နိုင်ငံ စနစ်နှစ်မျိုး’ ကို မလိုလားကြောင်း ထိုင်ဝမ်သမ္မတပြော
Dawei Watch
October 31, 2025ထိုင်ဝမ်က တရုတ်၏ “တစ်နိုင်ငံ၊ စနစ်နှစ်မျိုး” ကို မလိုလားကြောင်း သမ္မတလိုင်ချင်းထယ်က ယနေ့ အောက်တိုဘာလ ၃၁ ရက်တွင် ပြောကြားလိုက်သည်။ ထိုင်ဝမ်၏ လွတ်လပ်ခွင့်နှင့် ဒီမိုကရေစီကို ထိန်းသိမ်းကာကွယ်ရမည်ဖြစ်ပြီး မိမိကိုယ်မိမိ ခုခံကာကွယ်ရန် စိတ်ပိုင်းဖြတ်ထားရမည် ဖြစ်ကြောင်း ထိုင်ဝမ်သမ္မတ လိုင်ချင်းထယ်က ဆိုသည်။ ယင်းမှာ ထိုင်ဝမ်ကျွန်းကို ၎င်းတို့၏ ထိန်းချုပ်မှုအောက် ရောက်ရှိစေရေးအတွက် တရုတ်၏ အင်တိုက်အားတိုက် တွန်းအားပေးလာမှုကို ထိုင်ဝမ်ဘက်က ပယ်ချလိုက်ခြင်းဖြစ်ကြောင်း Reuters သတင်းတွင် ဖော်ပြသည်။ ထိုင်ဝမ်အရေးတွင် စစ်အင်အားသုံးမှုကို “လုံးဝ” ပယ်ချမည် မဟုတ်ကြောင်း တရုတ်နိုင်ငံက ယခုသီတင်းပတ်အတွင်း ပြောကြားခဲ့သည်။ ယင်းမှာ တရုတ်ပြည်မကြီးလက်အောက် ရောက်လာပါက ထိုင်ဝမ်ကို သဘောထားပျော့ပျောင်းစွာ အုပ်ချုပ်မည်ဟု ကတိပြု ပြောဆိုရေးသားနေသည့် တရုတ်ပြည်မကြီးအစိုးရပိုင်မီဒီယာများရှိ ဆောင်းပါးများထက် ပိုမိုတင်းမာသော […]


