ကော့သောင်း အောင်ဘာရွာအနီး ငါးဖမ်းလှေနစ်မြုပ်ပြီး အမျိုးသားတစ်ဦး ပျောက်ဆုံးနေ
Dawei Watch
July 27, 2024ကော့သောင်းမြို့နယ် အောင်ဘာကျေးရွာအနီးရှိ ဘိုလော့ကျွန်းအရှေ့ပင်လယ်ပြင်တွင် ငါးဖမ်းလှေတစ်စီးနစ်မြုပ်သွားရာတွင် အမျိုးသားတစ်ဦး ပျောက်ဆုံးနေကြောင်း စုံစမ်းသိရှိရသည်။ ကော့သောင်းမြို့မှ ပင်လယ်ပြင်သို့ ငါးဖမ်းရန်ထွက်ခွာသွားသည့် လှေမှာ ဇူလိုင်လ ၂၄ ရက် မနက် ၇ နာရီခန့်တွင် နစ်မြုပ်သွားခဲ့ကြောင်း ကာယကံရှင် မိသားစုဝင်တို့က ပြောသည်။ “ရာသီဥတုကြောင့် မြုပ်တာမဟုတ်ဘူး။ လှေဖာထား၊ ထေးထားတဲ့နေရာကနေ ရေဝင်ပြီးမြုပ်သွားတာ” ဟု မိသားစုဝင်တစ်ဦးကဆိုသည်။ လှေပေါ်တွင် အမျိုးသား ၅ ဦး ပါသွားသည့်အနက် လှေနစ်မြုပ်သည့်နေ့ နေ့လယ် ၁၂ နာရီခန့်တွင် မကြုံဂလက်ကျေးရွာတွင် ပဲ့နင်း၊ စက်ဆရာ၊ လှေသား ၃ ဦးကို ရှာဖွေတွေ့ရှိခဲ့ကြောင်း ၎င်းတို့က ပြောသည်။ နောက်တစ်ဦးကိုမူ ဇူလိုင်လ ၂၅ ရက် ညနေပိုင်းတွင် ဗျောတောရွာတွင် ထပ်မံတွေ့ရှိခဲ့သည်။ လှေမြုပ်သွားသည့်အတွက် ပင်လယ်ပြင်တွင် […]


