လစာကို ဘဏ်စနစ်ဖြင့်လွှဲသည့် MoU မြန်မာလုပ်သားများကိုသာ သက်တမ်းတိုးပေးမည်ဟု စစ်ကောင်စီအကျပ်ကိုင်
Dawei Watch
July 31, 2024ထိုင်းတွင် MoU စနစ်ဖြင့် တရားဝင်လုပ်ကိုင်ပြီး လေးနှစ်သက်တမ်းပြည့်သူများ မြန်မာနိုင်ငံသို့ပြန်ပြီး သက်တမ်းတိုးရာတွင် လစာငွေ ၂၅ ရာခိုင်နှုန်းကို ဘဏ်စနစ်ဖြင့် လွှဲထားသူများကိုသာ သက်တိုးခွင့်ပြုမည်ဖြစ်ကြောင်း စစ်ကောင်စီ၏ အလုပ်သမားဝန်ကြီးဌာနက ဇူလိုင်လ ၃၀ရက်တွင် ထုတ်ပြန်သည်။ ထိုင်းသို့ MoU စနစ်ဟုခေါ်သည့် နှစ်နိုင်ငံအစိုးရ နားလည်မှုစာချွန်လွှာအရစေလွှတ်သည့် အလုပ်သမားများသည် လေးနှစ် ပြည့်လျှင် မြန်မာနယ်စပ် ကော့သောင်းနှင့် မြဝတီမြို့များရှိ MoU U-turn စခန်းများတွင် (နေရပ်ပြန်သက်တမ်းတိုးခြင်း) U-turn လုပ်ငန်းစဉ်ဖြင့် သက်တမ်းတိုးပြီး ထိုင်းသို့ ပြန်ဝင်ရသည်။ ယင်းသို့ သက်တမ်းတိုး လိုသူများမှာ အခြေခံလစာ သုံးလစာ၏ ၂၅ ရာခိုင်နှုန်းနှင့် ညီမျှသော ဘတ် ၆၀၀၀ ကို မြန်မာ ပြည်တွင်းရှိ ဘဏ်များသို့ ငွေလွှဲထားကြောင်း အထောက်အထား ပြသရမည်ဖြစ်ကြောင်း […]


