လောင်းလုံးဘုရားလှည့်ပွဲလိုက်သည့် အမျိုးသားတစ်ဦး မတော်တဆထိခိုက်မှုကြောင့် ဆေးရုံရောက်
Dawei Watch
November 28, 2023ယနေ့ နံနက်ပိုင်းက ကျင်းပသည့် လောင်းလုံးဘုရားလှည့်ပွဲတွင် လိုက်ပါသည့် အမျိုးသားတစ်ဦး မတော်တဆထိခိုက်ပြီး ဆေးရုံသို့ ပို့ဆောင်လိုက်ရကြောင်း မြို့ခံအချို့က ပြောသည်။ မတော်တဆမှုကြောင့် ဦးခေါင်းဒဏ်ရာရရှိသူ အသက် ၃၀ ကျော်အရွယ် အမျိုးသားကို ယနေ့ နံနက် ၁၀ နာရီတွင် ထားဝယ်မြို့ရှိ ပုဂ္ဂလိကဆေးရုံတစ်ခုသို့ ပို့ဆောင်ခဲ့ရကြောင်း ၎င်းတို့က ဆိုသည်။ လောင်းလုံးမြို့အနီးဝန်းကျင် ကျေးရွာတို့တွင်မူ အဆိုပါအမျိုးသားမှာ ဘုရားလှည်းပေါ်မှ ပြုတ်ကျသဖြင့် ပွဲချင်းပြီး သေဆုံးသွားသည်ဟု သတင်းပြန့်လျက်ရှိကြောင်း ဒေသခံအချို့က ပြောဆိုသည်။ မတော်တဆမှုတစ်ခုကြောင့် ထိခိုက်မှုဖြစ်သည်မှာ မှန်ကန်သော်လည်း အသက်သေဆုံးခြင်း မရှိကြောင်း ဆေးရုံပို့ပေးရန် ကူညီလုပ်ကိုင်ပေးသူတစ်ဦးက ပြောသည်။ ဆေးရုံတွင် ဦးခေါင်း လေးချက်ချုပ်ပြီး နေ့လည် ၁၂ နာရီတွင် လောင်းလုံးမြို့ကို ပြန်ရောက်လာခဲ့ကြောင်း ၎င်းကအတည်ပြုပြောဆိုသည်။ လောင်းလုံးမြို့ ဘုရားလှည့်ပွဲကို […]


