BREAKING
November 11, 2025

သတင်း

ကျွန်းစု မင်းဂုတ်ရွာတွင် တိုက်ပွဲဖြစ်နေ

Dawei Watch

December 8, 2023

မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ်၊ မင်းဂုတ်ကျေးရွာတွင် တိုက်ပွဲဖြစ်ပွားနေကြောင်း ဒေသခံများက ပြောသည်။ မင်းဂုတ်ရွာတစ်ဝိုက်တွင် ယနေ့ ဒီဇင်ဘာလ ၈ ရက် နံနက် ၆ နာရီဝန်းကျင်ကစပြီး စစ်ကောင်စီတပ်၊ ပျူစောထီးများနှင့် ပြည်သူ့ကာကွယ်ရေးတပ်တို့ တိုက်ပွဲပြင်းထန်နေကြောင်း ဒေသခံတို့က ဆိုသည်။ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်နေသဖြင့် မင်းဂုတ်ရွာနှင့် မောင်းလှော်ရွာ ဒေသခံများ ထွက်ပြေးနေကြရကြောင်းဒေသခံများက ပြောဆိုသည်။ “လှေတွေနဲ့ ထွက်ပြေးတဲ့သူ ထွက်ပြေး၊ တချို့ မပြေးနိုင်တဲ့သူကလည်း ဘုန်းကြီးကျောင်းမှာ သွားနေကြရတယ်” ဟု ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။ တိုက်ပွဲဖြစ်ပွားသည့် အကြောင်းအရင်း၊ တိုက်ပွဲနောက်ဆက်တွဲ အခြေအနေများနှင့်ပတ်သက်ပြီး Dawei Watch က ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။ ပြီးခဲ့သည့် အောက်တိုဘာလနှင့် နိုဝင်ဘာလအတွင်းကလည်း မင်းဂုတ်ကျေးရွာရှိ ပျူစောထီးစခန်းကို ပြည်သူ့ကာကွယ်ရေးတပ်များ လာရောက်တိုက်ခိုက်ခဲ့သေးသည်။ တိုက်ပွဲဖြစ်နေသည့် […]

ထားဝယ်တွင် ကျောင်းသားများစုပေါင်း၍ အမျိုးသားနေ့အခမ်းအနား ကျင်းပ

Dawei Watch

December 8, 2023

၁၀၃နှစ်မြောက် အမျိုးသားနေ့အခမ်းအနားကို ဘဝသစ်ပြည်သူ့အခြေပြုပညာရေးကျောင်း နှင့် ထားဝယ်တက္ကသိုလ် ကျောင်းသားများသမဂ္ဂတို့ ပူးပေါင်း၍ ဒီဇင်ဘာလ ၇ ရက်နေ့က ကျင်းပပြုလုပ်ခဲ့သည်။

မဟာချိုင်ရှိ မြန်မာနိုင်ငံကူးလက်မှတ် ထုတ်ပေးရေးဌာနစိတ်(TDCC)ကို တနင်္လာနေ့တိုင်းပိတ်မည်

Dawei Watch

December 8, 2023

ထိုင်းနိုင်ငံ စမွတ်စခွန်ခရိုင် မဟာချိုင်မြို့ရှိ သာမန်မြန်မာနိုင်ငံကူးလက်မှတ် ထုတ်ပေးရေးဌာနစိတ်၊ ယာယီအချက်အလက် ကောက်ယူရေးဌာနခွဲ (TDCC) ရုံးကို အပတ်စဉ်ရုံးပိတ်ရက်အဖြစ် တနင်္ဂနွေနေ့အစား တနင်္လာနေ့သို့ ပြောင်းလဲသတ်မှတ်မည်ဖြစ်ကြောင်း ဒီဇင်ဘာလ ၅ ရက်နေ့တွင် ကြေညာထားသည်။ လာမည့် ဒီဇင်ဘာလ ၁၀ ရက်နေ့ တနင်္ဂနွေနေ့တွင် TDCC ရုံးကို ဖွင့်လှစ်သွားမည်ဖြစ်ပြီး ဒီဇင်ဘာလ ၁၁ ရက်နေ့ တနင်္လာနေ့တွင် ရုံးပိတ်မည်ဖြစ်ကြောင်း ဖော်ပြထားသည်။ စက်ရုံအလုပ်သမားအများစု အဆင်ပြေစေနိုင်ရန်အတွက် အပတ်စဉ် တနင်္လာနေ့ကို ရုံးပိတ်ရက်အဖြစ် ပြောင်းလဲမည်ဖြစ်ကြောင်း TDCC တာဝန်ခံတစ်ဦးက ဖြေကြားသည်။ “တနင်္ဂနွေနေ့က အလုပ်သမားတွေ ပိတ်ရက်ကို ဒီမှာလာပြီး လုပ်လို့ အဆင်ပြေအောင် ဖြစ်မယ်ဗျ။ အများစု လုံငန် (စက်ရုံ) တို့ ဘာတို့ကျတော့ တနင်္ဂနွေပဲ့ ပိတ်တာလေ။ သူတို့ပိတ်ရက်ကို […]

တနင်္သာရီတွင် လေကြောင်းအန္တရာယ်ကာကွယ်ရေး သင်တန်းပေး

Dawei Watch

December 7, 2023

တနင်္သာရီမြို့နယ်အတွင်းရှိ အမျိုးသားညီညွတ်ရေးအစိုးရ၏ ထိန်းချုပ်နယ်မြေအတွင်း၌ လေကြောင်းအန္တရာယ် ကာကွယ်ရေးသင်တန်းများ ပြုလုပ်နေသည်ကိုတွေ့ရစဉ်။

လောင်းလုံးတွင် ဒလန်ဟုဆိုကာ တရားမဲ့ သတ်ဖြတ်ခဲ့မှုများ NUG စစ်ဆေးနေ

Dawei Watch

December 7, 2023

လောင်းလုံးမြို့နယ်အတွင်း ဒလန်ဟုဆိုကာ တရားမဲ့သတ်ဖြတ်ထားသည့်ကိစ္စများနှင့် ပတ်သက်ပြီး အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က စစ်ဆေးနေကြောင်း နိုင်ငံရေးအသိုင်းအဝိုင်း အတွင်းမှသိရသည်။ ဒလန်ဟုဆိုကာ တရားမဲ့ သတ်ဖြတ်ခြင်းကို ခံရသဖြင့် အရေးယူပေးပါရန် သတ်ဖြတ်ခံရသူများ၏ မိသားစုဝင်များနှင့် အသိုင်းအဝိုင်းများက တိုင်ကြားမှုများ လုပ်ဆောင်ထားပြီး ယင်းအပေါ် စစ်ဆေးမှုများလုပ်ဆောင်နေခြင်းဖြစ်သည်။ စစ်ကောင်စီသတင်းပေး ဒလန်ဟုဆိုကာ သုံးလအတွင်း အသက် ၆၀ ကျော်အရွယ် သီလရှင်တစ်ပါး အပါအဝင် ပြည်သူ ၇ ဦးကို သတ်ဖြတ်ရှင်းလင်းခဲ့ကြောင်း လောင်းလုံးမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့က ယခုနှစ် စက်တင်ဘာလ အတွင်းက ထုတ်ပြန်ထားသည်။ ယင်းသို့လက်နက်ကိုင်မဟုတ်ဘဲ သတ်ဖြတ်လိုက်သည့်အပေါ် အသတ်ခံရသူများ၏ မိသားစုဝင်အချို့က ငြင်းချက်ထုတ်ပြီး အမှန်တရားကိုလိုချင်ကြောင်း တောင်းဆိုကြသလို ပြည်သူများ၊ တော်လှန်ရေးအုပ်စုများနှင့် နိုင်ငံရေးတက်ကြွ လှုပ်ရှားသူများ၏ ဝေဖန်သံလည်း ကျယ်လောင်ခဲ့သည်။ ယင်းသို့ပင် လောင်းလုံးမြို့နှင့် ထားဝယ်မြို့နယ်အကြား ကျေးရွာတစ်ရွာရှိ ရော်ဘာခြံဝင်းတစ်ခုအတွင်း […]

မုန်းတွင် လေကြောင်းတိုက်ခိုက်မှုကြောင့် ပြည်သူခုနစ်သောင်းနီးပါး ထွက်ပြေးတိမ်းရှောင်

Dawei Watch

December 7, 2023

ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်၊ မုန်းမြို့တိုက်ပွဲအတွင်း စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှုကြောင့် ဒေသခံပြည်သူ ခုနစ်သောင်းနီးပါး ထွက်ပြေးတိမ်းရှောင်နေရကြောင်း ကရင်အမျိုးသားအစည်းအရုံး KNU က ယနေ့ ဒီဇင်ဘာလ ၇ရက်တွင် ထုတ်ပြန်သည်။ လေကြောင်းဖြင့် ပစ်ခတ်ခဲ့သောကြောင့် ရေလဲ ကျေးရွာအတွင်းရှိ ဘုရားကျောင်းတစ်ကျောင်းနှင့် နေအိမ် လေးလုံး ထိခိုက်ပျက်စီးခဲ့ကြောင်း ဖော်ပြသည်။ ယင်းသို့ လေကြောင်းတိုက်ခိုက်မှုကြောင့် မုန်းမြို့ပေါ် ရပ်ကွက်များနှင့် အနီးအနားရှိ ကျေးရွာ ၉၅ ရွာက ဒေသခံပြည်သူ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း KNU က ထုတ်ပြန်သည်။ ယင်းအနက် စာရင်းကောက်ယူရရှိထားသည့် ကျေးရွာ ၈၅ ရွာက ဘေးလွတ်ရာသို့ တိမ်းရှောင်နေရသည့် ဒေသခံပြည်သူ ၆၈,၀၀၀ ကျော် ရှိကြောင်းလည်း ဖော်ပြသည်။ စစ်ဘေးရှောင်များအတွက် အရေးပေါ်လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများဖြစ်သည့် စာနပ်ရိက္ခာ၊ နေရာထိုင်ခင်းအတွက် […]

မွန်တွင် စက်သုံးဆီပြတ်လပ်၊ တစ်လီတာ ကျပ် ၄၀၀၀ နီးပါးဖြင့် တန်းစီဝယ်ရ

Dawei Watch

December 7, 2023

မွန်ပြည်နယ်အတွင်းရှိ စက်သုံးဆီအရောင်းဆိုင်အချို့တွင် ဆီပြတ်လပ်နေပြီး စက်သုံးဆီ ၉၂ ၊ ၉၅ တစ်လီတာလျှင် ကျပ် ၄၀၀၀ နီးပါးဖြင့် တန်းစီဝယ်ယူနေရကြောင်း သုံးစွဲသူတို့ထံမှ သိရသည်။ ယနေ့ ဒီဇင်ဘာလ ၇ ရက်နေ့တွင် ပြည်နယ်အတွင်းရှိ စက်သုံးဆီဆိုင်အချို့တို့တွင် ဆီဝယ်ယူရရှိနေသော်လည်း နာရီနှင့်ချီ တန်းစီစောင့်ဆိုင်းနေရသည့်အပြင် ဆီစျေးလည်း အဆမတန် စျေးတင်ရောင်းနေကြကြောင်း သုံးစွဲသူတို့က ဆိုသည်။ “အချို့ဆိုင်က ပိတ်ထားကြတယ်။ ရတဲ့ဆိုင်တွေမှာလည်း တစ်နာရီ နှစ်နာရီလောက် တန်းစီစောင့်ရတယ်။ စျေးကလည်း 95 ၊ 92 က တစ်လီတာ ၃၈၀၀ အထိ ပေးရတာရှိတယ်။ ဆီစျေးတွေက ဆိုင်ကပြောတဲ့အတိုင်းနဲ့ ဝယ်နေရတယ်” ဟု မော်လမြိုင်မြို့ပေါ်က သုံးဘီးဆိုင်ကယ်မောင်းသူတစ်ဦးက ပြောသည်။ ယင်းအပြင် ရောင်းချပေးနေသည့် စက်သုံးဆီဆိုင်အချို့ကလည်း ဆီကို အကန့်အသတ်ဖြင့်သာ […]

တောက်ထိန်တောင်အနီး စစ်ကောင်စီတပ်ကား မိုင်းဆွဲခံရ

Dawei Watch

December 7, 2023

သရက်ချောင်းမြို့နယ် ညောင်ဇင်ကျေးရွာနှင့် ရန်တောင်ကျေးရွာကြားရှိ တောက်ထိန်တောင်ဘုရား မုဒ်ရှေ့အနီးတွင် စစ်ကောင်စီတပ်ကား မိုင်းဆွဲခံရကြောင်း ဒေသခံများက ပြောသည်။ သရက်ချောင်းဘက်မှ ထားဝယ်ဘက်သို့ မြိတ်-ထားဝယ်ကားလမ်းအတိုင်း မောင်းလာသည့် စစ်တပ်ကားမှာ ဒီဇင်ဘာ ၅ ရက် ည ၈ နာရီခန့်တွင် မိုင်းဆွဲတိုက်ခိုက်ခံရသည်ဟု ဒေသခံများကပြောသည်။ “ခါတိုင်း အဲ့ဒီနားမှာ မိုင်းဆွဲခံရရင် သေနတ်ပစ်ဖောက်တာတွေရှိတယ်။ ဆိုတော့ ညကလည်း ရွာထဲမွှေဦးမလားမသိဘူးဆိုပြီး စောင့်ကြည့်နေသေးတယ်၊ ဒါပေမဲ့ ညက ဘာသံမှမကြားဘူး။ သူတို့လူ မနာလို့ဖြစ်မှာပေါ့။ လူထိခိုက်မှုမရှိလို့ထင်တယ်။ ကားတော့ ပျက်စီးတယ်လို့ ကြားရတယ်” ဟု ရန်တောင်ကျေးရွာက အမျိုးသမီးတစ်ဦးက ပြောသည်။ စစ်တပ်ကားသုံးစီးတက်လာခြင်းဖြစ်ပြီး ထိခိုက်ပျက်စီးသည့်ကားကို ရွှေဂူတံတားစစ်ဆေးရေးဂိတ်တွင် ထားခဲ့သည်ဟု ညောင်ဇင်ကျေးရွာက ဒေသခံအမျိုးသားက ပြောသည်။ ယင်းမိုင်းဆွဲတိုက်ခိုက်မှုကို ထားဝယ်နဂါး တပ်ခွဲ (၂)နှင့် ထားဝယ်လူငယ်လက်ရုံးတပ်တို့ […]