မောရဝတီရေတပ်စခန်းဌာနချုပ်ကို ဗုံးချတိုက်ခိုက်
Dawei Watch
December 16, 2023ရေဖြူမြို့နယ် ၊ ကံပေါက်ဒေသ ၊ အုန်းပင်ကွင်းကျေးရွာအုပ်စုတွင် အခြေစိုက်ထားသည့် မောရဝတီရေတပ်စခန်းဌာနချုပ်(ဟိန္ဇဲဒေသ) အတွင်းသို့ ဗုံးသီးချတိုက်ခိုက်ခံခဲ့ရကြောင်းသိရသည်။ ဒီဇင်ဘာလ ၁၅ ရက် မနက်ပိုင်းတွင် ဗုံးချတိုက်ခိုက်ခံရ၍ ပေါက်ကွဲမှုဖြစ်ပြီးနောက် ကံပေါက်တိုက်နယ် အဝင်လမ်းအားလုံးကို စစ်ကောင်စီတပ်က ပိတ်ချလိုက်ကြောင်း ယာဥ်မောင်းများထံမှသိရသည်။ “ ရေတပ်ထဲမှာပေါက်ကွဲသံတွေ ကြားပြီး ရုန်းရင်းဆန်ခတ်ဖြစ်သွားတယ်။ ပြီးတာနဲ့ကျောင်းပိတ်ပြီး ကျောင်းသားတွေကို ပြန်လွှတ်ပေးလိုက်တယ်” ဟု အုန်းပင်ကွင်းရွာမှ ကျောင်းသားမိဘတစ်ဦးက ပြောပြသည်။ ရေတပ်စခန်းဌာနချုပ်ဘက်ကလည်း လက်နက်ကြီးဖြင့် ပြန်လည်ပစ်ခတ်ခဲ့၍ အိန္ဒရာဇာကျေးရွာအုပ်စု ၊ ဆင်ကူးရွာရှိ ဥယျာဥ်ခြံတစ်ခုအတွင်း ကျရောက်ပေါက်ကွဲခဲ့ကြောင်း ဒေသခံများက ပြောသည်။ “ ကျွဲသုံးညီမရွာဘက်က လှေတွေလည်း တက်လာလို့မရဘူး၊ ပင်လယ်ဝဘက်မှာ လက်နက်ကြီးတွေထုနေတယ်” ဟု စက်လှေသမားတစ်ဦးက ဒီဇင်ဘာလ ၁၅ ရက်ညက ပြောသည်။ လမ်းပိတ်ဆို့ထားမှုကို ဒီဇင်ဘာလ […]


