ကံပေါက်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ NUG ၏ဒေါနတပ်ခွဲ ၄ အဖြစ် ပြောင်းလဲဖွဲ့စည်း
Dawei Watch
December 18, 2023ရေဖြူမြို့နယ် ၊ ကံပေါက်ဒေသအခြေစိုက် ၊ ကံပေါက်ဒေသ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (KBDF)က အမျိုးသားညီညွှတ်ရေးအစိုးရ ၊ တောင်ပိုင်းစစ်ဒေသ ၊ စစ်ဒေသခွဲ အမှတ် ၃ ၊ ဒေါနစစ်ကြောင်း၏ တပ်ခွဲ၄ အဖြစ် ဒီဇင်ဘာလ ၁၃ ရက်နေ့တွင် စတင်ပြောင်းလဲဖွဲ့စည်းလိုက်ပြီဖြစ်ကြောင်း ဒီဇင်ဘာလ ၁၇ ရက်က သတင်းထုတ်ပြန်သည်။ “ ကာကွယ်ရေးဝန်ကြီးဌာနရဲ့ တိုက်ရိုက်ကွပ်ကဲမှုအောက်ကနေ ဒေါနစစ်ကြောင်း တပ်ခွဲ ၄ အဖြစ်တာဝန်ပေးတာပါ။ အသေးစိတ် အချက်အလက် အင်အား ကိုယ်ရေး အချက်အလက် အားလုံးတင်ပြီးမှ တပ်ခွဲအဖြစ် ချတာပါ ။ တပ်ခွဲစုစည်းမှုအတွက် တစ်လခွဲလောက်ကြာတယ်။ တည်ဆောက်နေတာကတော့ အချိန်ရှစ်လလောက် သင်တန်း လက်နက် လူအင်အား ပြင်ဆင်ပြီး အခု ပြန်စတာပါ “ ဟု ကံပေါက်ဒေသ […]


