ထိုင်းတွင် မြန်မာလုပ်သားနှစ်ရာကျော် လုပ်အားခ ဘတ်လေးသန်းကျော်မရ၊ အလုပ်လည်း အထုတ်ခံရ
Dawei Watch
December 21, 2023ထိုင်းနိုင်ငံတွင် မြန်မာအလုပ်သမား နှစ်ရာကျော်သည် လုပ်အားခ ဘတ် လေးသန်းကျော်လည်း မရရှိသည့်အပြင် အလုပ်လည်း အထုတ်ခံထားရကြောင်း မြန်မာအလုပ်သမားများနှင့် ကူညီဆောင်ရွက်ပေးနေသော Union Brothers ပြည်သူ့အကျိုးဆောင်အဖွဲ့ထံမှ သိရသည်။ ရယောင်းခရိုင် နိခုံးဖတ်ထနာဒေသရှိ APL ကုမ္ပဏီ၏ ဆောက်လုပ်ရေးလုပ်ငန်းခွင်တွင် လုပ်ကိုင်နေသော မြန်မာအလုပ်သမား ၂၁၂ ဦး၏ လုပ်အားခများကို သူဌေးက ထုတ်မပေးခြင်းဖြစ်ကြောင်း မြန်မာအလုပ်သမားများထံမှ သိရသည်။ အလုပ်သမားများ၏ လုပ်ခလစာ နှစ်လစာမှ သုံးလစာအထိ ရရှိရန် ကျန်ရှိနေပြီး တစ်ဦးလျှင် အနည်းဆုံး ဘတ် နှစ်သောင်းကျော် ရရှိမည်ဖြစ်သဖြင့် စုစုပေါင်း ဘတ် ၄ သန်းကျော်ရှိကြောင်း အလုပ်သမားများက ပြောသည်။ လုပ်အားခ မရဘဲ နှစ်လကျော်ကြာပြီးနောက် လုပ်အားခပေးရန် မြန်မာအလုပ်သမားများက ဆန္ဒပြတောင်းဆိုရာ ဒီဇင်ဘာလ ၁၆ ရက်နေ့တွင် အလုပ်ထုတ်ခံရကြောင်း ၎င်းတို့က ဆိုသည်။ အလုပ်ထုတ်ခံရပြီးနောက် အခန်းရှိ ရေ၊ မီး အားလုံးလည်း ဖြတ်တောက် ခံထားရကြောင်း မြန်မာအလုပ်သမားတစ်ဦးက ပြောဆိုသည်။ “အခု စားဖို့ သောက်ဖို့တောင်မှ အခက်အခဲဖြစ်နေတာပေါ့။ လုပ်အားခလည်း မရဘူး။ မိသားစုကို […]


