ပုလော၊ ရှပ်ပုံရွာတွင် စစ်ကောင်စီတပ်နှင့် တော်လှန်ရေး ပူးပေါင်းတပ်များ တိုက်ပွဲပြင်းထန်
Dawei Watch
August 31, 2024ပုလောမြို့နယ် ၊ ရှပ်ပုံရွာဘက်သို့ စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီစစ်ကြောင်း နှင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များ တစ်နေ့လုံးနီးပါး တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု တိုက်ပွဲတွင်ပါဝင်သည့် မြိတ်ခရိုင်တပ်ရင်း ၁ က ယနေ့(သြဂုတ် ၃၁)ထုတ်ပြန်သည်။ ဩဂုတ်လ ၂၉ ရက် နံနက် ၇ နာရီခန့်တွင် ဝါးတန်းဘုန်းကြီးကျောင်းသို့ အင်အား ၇ဝ ဝန်းကျင်ပါ စစ်ကောင်စီစစ်ကြောင်း စရောက်သည်နှင့် တိုက်ပွဲစဖြစ်ခဲ့ပြီး ည ၈ နာရီအထိ ပစ်ခတ်မှုများရှိခဲ့သည်ဟု ယင်းတပ်ဖွဲ့ထံကသိရသည်။ ” ဒရုန်းနဲ့ စတိုက်ခိုက်တယ်။ ပြီးတာနဲ့ ထိတွေ့ပစ်ခတ်မှုတွေ ဆက်တိုက်ရှိခဲ့တယ်” ဟု မြိတ်ခရိုင် တပ်ရင်း ၁ ပြန်ကြားရေးတာဝန်ခံ ရဲဘော်အာနိုးက ပြောသည်။ ယင်းတိုက်ပွဲတွင် စစ်ကောင်စီဘက်က ၄ ဦးထက်မနည်း သေဆုံးပြီး ၇ ဦးဒဏ်ရာရသည်ကို မျက်မြင်အတည်ပြုနိုင်ခဲ့ပြီး တော်လှန်အင်အားစုများဘက်က […]


