ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

ထိုင်း-မြန်မာနယ်စပ် မောတောင်တွင် ပြောင်းရွှေ့နေထိုင်သူများလာ၍ အိမ်ငှားခဈေးတက်

Dawei Watch

October 2, 2024

တနင်္သာရီမြို့နယ်အတွင်းရှိ ထိုင်း-မြန်မာနယ်စပ် မောတောင်မြို့ကို ပြောင်းရွှေ့နေထိုင်သူများလာ၍ အိမ်ငှားခဈေးနှုန်း သိသိသာသာ မြင့်တက်လာကြောင်း မောတောင်မြို့ခံများထံမှ သိရသည်။ တိုက်ပွဲဖြစ်ပွားမှုနည်းပါးပြီး နယ်မြေတည်ငြိမ်နေခြင်း၊ နယ်စပ်ကုန်သွယ်ရေး ပုံမှန်နီးပါးလည်ပတ်နေခြင်း စသည့်အကြောင်းများကြောင့် အခြားဒေသမှ ပြောင်းရွှေ့နေထိုင်သူ များလာကြောင်း မြို့ခံများက ပြောသည်။ မောတောင်မြို့၏ အိမ်ငှားခနှုန်းထားမှာ ပြီးခဲ့သည့် ၂၀၂၃ နှစ်ကုန်ပိုင်းမှစကာ လက်ရှိအချိန်အထိ သိသိသာသာ ဈေးတက်လာခြင်းဖြစ်သည်။ ၂၀၂၃ ခုနှစ် အိမ်ငှားခအဖြစ် တစ်လလျှင် ဘတ် ၁၀၀၀ နှင့် ၁၅၀၀ ကြားသာရှိရာက လက်ရှိအချိန်တွင် ၂၅၀၀ ဘတ်နှင့် ဘတ် ၃၀၀၀ ကြားဖြစ်လာကြောင်း မြို့ခံများထံမှ သိရသည်။ “မြိတ်၊ ပုလော၊ တနင်္သာရီက သူတွေအပြင် အထက်(တိုင်းပြင်ပ)ဘက် မြဝတီတို့ဘက်ကသူတွေပါ လာငှားနေကြတာမျိုး ရှိလာတယ်” ဟု မောတောင်မြို့ခံ အမျိုးသားတစ်ဦးက […]

မြန်မာလုပ်သားလေးဦး၏ ဘဏ်စာအုပ်များကို ထိုင်းပွဲစားက အဓမ္မသိမ်းယူ

Dawei Watch

October 2, 2024

ထိုင်းပွဲစားက မြန်မာအလုပ်သမားလေးဦး၏ ပတ်စ်ပိုစ့်များဖြင့် ဘဏ်အကောင့်များ အတင်းဖွင့်ခိုင်းကာ ဘဏ်စာအုပ်များကို အဓမ္မသိမ်းယူထားသဖြင့် ကူညီဖြေရှင်းပေးနေရကြောင်း MHAC မဟာမိတ်အဖွဲ့ထံမှ သိရသည်။ မြန်မာအလုပ်သမား လေးဦးသည် ဘန်ကောက်မြို့အနီး နွန်ထဘူရီခရိုင်တွင် နေထိုင်နေစဉ် အလုပ်မရှိသေးသဖြင့် အလုပ်ရှာဖွေပေးရန် မြန်မာပွဲစားတစ်ဦးထံ ချိတ်ဆက်ခဲ့ကြောင်း၊ မြန်မာပွဲစားမှတစ်ဆင့် ထိုင်းပွဲစားတစ်ဦးထံ ချိတ်ဆက်ပေးခဲ့ပြီးနောက် စက်တင်ဘာလ ၃၀ ရက်နေ့တွင် ထိုင်းပွဲစားက မြန်မာအလုပ်သမားများကို ကားဖြင့် လာခေါ်ခဲ့ကြောင်း အဖွဲ့ထံမှ သိရသည်။ ထိုင်းပွဲစားက မြန်မာအလုပ်သမားများကို ဘဏ်သို့ ခေါ်ဆောင်သွားခဲ့ပြီး ၎င်းတို့၏ နိုင်ငံကူးလက်မှတ်စာအုပ်များဖြင့် ဘဏ်အကောင့်များကို အတင်းအကျပ်ဖွင့်စေခဲ့ကြောင်း သိရသည်။ ယင်းနောက် ဘဏ်စာအုပ်များကို ထိုင်းပွဲစားက အဓမ္မသိမ်းယူခဲ့ပြီး အလုပ်သမားများကို ကားပေါ်တင်ကာ အကြောင်းပြချက်မရှိဘဲ နာရီအတော်ကြာ လှည့်ပတ်မောင်းနေခဲ့ကြောင်း အဖွဲ့ထံမှ သိရသည်။ အလုပ်သမားများက ထိုင်းပွဲစားကို သွားရောက်မည့်နေရာအား […]

ပုလောတွင် စစ်ကောင်စီတပ်ရင်းနှင့် ရဲစခန်းများ လေးရက်အတွင်း ၁၆ကြိမ် တိုက်ခိုက်ခံရ

Dawei Watch

October 1, 2024

ပုလောမြို့နယ်အတွင်းရှိ စစ်ကောင်စီ၏ ခလရ ၁၇ တပ်ရင်း၊ ပလမြို့ရဲစခန်းနှင့် တာဝါတိုင်စခန်းကုန်းတို့ကို ဒေသတွင်း တော်လှန်ရေးတပ်များက လေးရက်အတွင်း ဒရုန်းဖြင့် ၁၆ကြိမ်အထိ တိုက်ခိုက်ခဲ့ကြောင်း ပုလောမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပကဖ) က ထုတ်ပြန်သည်။ စက်တင်ဘာလ ၂၆ရက်မှ ၂၉ရက်နေ့အထိ လေးရက်တာကာလအတွင်း စစ်ကောင်စီ၏ ခလရ -၁၇ တပ်ရင်းကို နှစ်ကြိမ်၊ ပလရဲစခန်းကို ခြောက်ကြိမ်၊ အော်သာယာဆက်သွယ်ရေး တာဝါကုန်းကို တစ်ကြိမ်နှင့် တိုတာဝါတိုင်စခန်းကုန်းကို ခုနစ် ကြိမ်အထိ တိုက်ခိုက်ခဲ့ကြောင်း ပုလောပကဖ ပြန်ကြားရေးတာဝန်ခံက ဆိုသည်။ “ပလရဲစခန်းကို (ဗုံး) ချတဲ့အချိန်မှာ လက်နက်ကြီးတွေနဲ့ ရမ်းသမ်းပြန်ပစ်တာတွေမျိုးရှိတယ်။ သူတို့ (စကစ) ကို တိုက်ခိုက် ခဲ့တဲ့အချိန်မှာ အဆောက်အအုံတွေပေါ်ကျတယ်။ စကစ ထိခိုက်မှုအသေးစိတ်ကိုတော့ မသိရသေးဘူး” ဟု အဆိုပါ […]

လက်ဘနွန်နိုင်ငံအတွင်း ကျူးကျော်ဝင်ရောက်ပြီး အစ္စရေးက မြေပြင်ထိုးစစ်စတင်

Dawei Watch

October 1, 2024

လက်ဘနွန်နိုင်ငံအတွင်း ဝင်ရောက်ကျူးကျော်တိုက်ခိုက်သည့် မြေပြင်ထိုးစစ်ကို အင်္ဂါနေ့(ယနေ့) နံနက်အစောပိုင်းတွင် အစ္စရေးဘက်က စတင်လိုက်သည်။ ၂၀၀၆ ခုနှစ်က လနှင့်ချီကြာမြင့်ခဲ့သည့် အစ္စရေး-ဟစ်ဇ်ဘိုလာစစ်ပွဲနောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် အစ္စရေးနှင့် ဟစ်ဇ်ဘိုလာအကြား မြေပြင်တိုက်ပွဲ ပြန်လည်ပေါ်ပေါက်လာခြင်း ဖြစ်သည်။ ဤစစ်ဆင်ရေးကို ‘လက်ဘနွန်တောင်ပိုင်းတွင် အကန့်အသတ်ဖြင့် ပစ်မှတ်ထားဖော်ဆောင်သည့် မြေပြင်စီးနင်းတိုက်ခိုက်မှု’ဟု အစ္စရေးဘက်က ကြေညာသည်။ ဟစ်ဇ်ဘိုလာအဖွဲ့အပေါ် အစ္စရေး၏ လေကြောင်းမှ တိုက်ခိုက်နေမှုများအပြင် ယခုစစ်ဆင်ရေးကြောင့် စစ်မက်ပဋိပက္ခပိုမိုအရှိန်မြင့်လာခဲ့ပြီ ဖြစ်သည်။ လက်ဘနွန်နိုင်ငံထဲ မြေပြင်စစ်ဆင်ရေးဖော်ဆောင်ရန် အဆင်သင့်ဖြစ်နေပြီ ဖြစ်ကြောင်း အစ္စရေးကာကွယ်ရေးဝန်ကြီး Yoav Gallant ၏ သွယ်ဝိုက်ပြောဆိုမှုများ ယခင်ကတည်းက ရှိခဲ့သည်။ ဟစ်ဇ်ဘိုလာအဖွဲ့ကို ပစ်မှတ်ထားတိုက်ခိုက်ရန် ကုန်း ၊ ရေ ၊ လေ တပ်ဖွဲ့အားလုံးကို အသုံးပြုရန် ပြင်ဆင်ထားကြောင်း အစ္စရေး – လက်ဘနွန်နယ်စပ်ရှိ […]

ဘန်ကောက်အနီး မူလတန်းကျောင်းကား မီးလောင်မှု သေဆုံးသူများပြား

Dawei Watch

October 1, 2024

ထိုင်းနိုင်ငံ ဘန်ကောက်မြို့အနီး ပထုံဌာနီခရိုင်တွင် မူလတန်းကျောင်းသားအများစု လိုက်ပါလာသော ကျောင်းလေ့လာရေးကားတစ်စီး ယနေ့ နေ့လယ်ပိုင်းတွင် မီးလောင်ခဲ့ရာ သေဆုံးသူအရေအတွက် များပြားနေကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြထားသည်။ ပထုံဌာနီခရိုင် လမ်လုကာဒေသရှိ ရန်စစ်နယ်မြေတွင် ယနေ့ အောက်တိုဘာလ ၁ ရက်နေ့ နေ့လယ် ၁၂ နာရီအချိန်ခန့်က မီးလောင်ခဲ့ခြင်းဖြစ်သည်။ ကားပေါ်တွင် KG ကလေးများအပါအဝင် မူလတန်း ကျောင်းသား ၃၈ ဦးနှင့် ဆရာ ၆ ဦး စုစုပေါင်း ၄၀ ကျော် လိုက်ပါလာကြပြီး ဥထိုင်းဌာနီခရိုင်ရှိ စာသင်ကျောင်းတစ်ကျောင်းမှ လေ့လာရေးခရီး ထွက်လာကြခြင်းဖြစ်ကြောင်း သိရသည်။ မီးလောင်မှုဖြစ်ပွားချိန် ကားပေါ်မှ ၁၉ ဦးသာ ထွက်ပြေးလွတ်မြောက်ခဲ့ပြီး အချို့ကို ဆေးရုံသို့ ပို့ဆောင်ထားကြောင်း သိရသည်။ မီးလောင်မှုကြောင့် ကားပေါ်ပါလာသော ကျန် […]

ဘန်ကောက်တွင် လူ ၄၀ ကျော်ပါသည့်ကျောင်းကား မီးလောင်

Dawei Watch

October 1, 2024

ထိုင်းနိုင်ငံ ဘန်ကောက်မြို့အနီး ပထုံဌာနီခရိုင်တွင် ကျောင်းလေ့လာရေးခရီး ထွက်လာသော ဘတ်စ်ကားတစ်စီး ယနေ့ နေ့လယ်ပိုင်းတွင် မီးလောင်ခဲ့ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြထားသည်။ ပထုံဌာနီခရိုင် လမ်လုကာဒေသရှိ ရန်စစ်နယ်မြေတွင် ယနေ့ (အောက်တိုဘာ ၁) နေ့လယ် ၁၂ နာရီအချိန်ခန့်က မီးလောင်ခဲ့ခြင်းဖြစ်သည်။ ကားပေါ်တွင် ကျောင်းသား ၃၈ ဦးနှင့် ဆရာ ၆ ဦးအပါအဝင် ၄၀ ကျော် လိုက်ပါလာကြပြီး ဥထိုင်းဌာနီခရိုင်ရှိ စာသင်ကျောင်းတစ်ကျောင်းမှ လေ့လာရေးခရီး ထွက်လာကြခြင်းဖြစ်ကြောင်း သိရသည်။ ကားမီးလောင်မှုကြောင့် ဒဏ်ရာရရှိသူအရေအတွက် များပြားနေပြီး ၁၀ ဦးကျော် သေဆုံးကြောင်း ကနဦးသတင်းများအရ သိရသော်လည်း အတည်မပြုနိုင်သေးပေ။ Ref: Khaosod English, Thai Enquirer

စစ်ကောင်စီ၏ သန်းခေါင်စာရင်း‌ကောက်ယူမှုနှင့် ရွေးကောက်ပွဲကို သပိတ်မှောက်ရန် တိုက်တွန်း

Dawei Watch

September 30, 2024

စစ်ကောင်စီက မနက်ဖြန်စတင် ပြုလုပ်မည့် သန်းခေါင်စာရင်းကောက်ယူမှုနှင့် လာမည့်နှစ်တွင် ကျင်းပမည်ဆိုသော ရွေးကောက်ပွဲကို ပြည်သူများ ဆန့်ကျင်ကြရန် တိုက်တွန်းသည့် လှုပ်ရှားမှုများ ထားဝယ်ခရိုင်တွင် ပြုလုပ်ခဲ့ကြသည်။ ယနေ့ (စက်တင်ဘာ ၃၀) နံနက်ပိုင်းက ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်အတွင်းရှိ ပြည်ထောင်စု ကားလမ်းမတစ်နေရာတွင် သရက်ချောင်းမြို့နယ် ဒီမိုကရေစီအရေးလှုပ်ရှားမှု သပိတ်ကော်မတီက ဦးဆောင်ပြုလုပ်ခဲ့ခြင်းဖြစ်သည်။ ယင်းကားလမ်းမပေါ်တွင် ” စစ်ကောင်စီ သန်းခေါင်စာရင်းကို ‌ဆန့်ကျင်ကြ ၊ အတုအယောင် ရွေးကောက်ပွဲကို သပိတ်မှောက်ကြ ” စသည့်စာသားများ ဆေးဖြင့် ရေးသား၍ စာရွက်များကြဲကာ လှုပ်ရှားမှုပြုလုပ်ခဲ့ခြင်းဖြစ်သည်။ လောင်းလုံးမြို့နယ်တွင်လည်း ယနေ့နံနက်ပိုင်း၌ ထားဝယ်ခရိုင် ဒီမိုကရေစီအရေး လှုပ်ရှားမှုသပိတ်ကော်မတီက ကျေးရွာဈေးတစ်ခုတွင် စစ်ကောင်စီကောက်ယူမည့် သန်းခေါင်စာရင်းကို ဆန့်ကျင်ရန် လူထုအသိပေး လှုပ်ရှားမှုတစ်ခု ပြုလုပ်ခဲ့သေးသည်။ အောက်တိုဘာလ ၁ ရက်ကစ၍ […]

ရေးမြို့ခံ အမျိုးသမီးနှစ်ဦးကို စစ်ကောင်စီက ထောင်ဒဏ် ၁၅ နှစ်စီချ

Dawei Watch

September 30, 2024

မွန်ပြည်နယ်၊ ရေးမြို့၊ အောင်မေတ္တာရပ်ကွက်မှ အမျိုးသမီးနှစ်ဦးကို စစ်ကောင်စီက ထောင်ဒဏ် ၁၅ နှစ်စီ ချမှတ်လိုက်ကြောင်း မြို့ခံများထံမှ သိရသည်။ ရေးမြို့၊ အောင်မေတ္တာရပ်ကွက်နေ မနန်းရီနှင့် မမိုးခိုင်တို့နှစ်ဦးကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) နှင့် ဆက်သွယ်သည်ဆိုသည့် စွပ်စွဲချက်ဖြင့် စစ်ကောင်စီက ပြီးခဲ့သည့် ဩဂုတ်လဆန်းပိုင်းက ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။ ယင်းနောက် ဖမ်းဆီးခံရသည့် မနန်းရီနှင့် မမိုးခိုင်တို့နှစ်ဦးကို အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေများဖြင့် အမှုဖွင့် အရေးယူခဲ့သည်။ စက်တင်ဘာလနောက်ဆုံးအပတ်တွင် စစ်ကောင်စီလက်အောက်ခံ ရေးခရိုင်တရားရုံးက မနန်းရီနှင့် မမိုးခိုင်တို့နှစ်ဦးကို ထောင်ဒဏ် ၁၅ နှစ်စီ ချမှတ်လိုက်ကြောင်း မိသားစုနှင့် နီးစပ်သူတစ်ဦးက ပြောသည်။ “သူတို့နှစ်ဦးကို ဩဂုတ်လဆန်းပိုင်းလောက်ကတည်းက ဖမ်းသွားတာ။ ဖမ်းပြီးတော့ PDF ကို ဆက်သွယ်တယ်၊ ထောက်ပံ့တယ်ဆိုပြီး ပုဒ်မတွေတပ် အမှုဖွင့်လိုက်တာ။ ထောင်ဒဏ်ချမှတ်လိုက်တာက […]