ထားဝယ်တွင် စစ်ကောင်စီတပ်က လုံခြုံရေးအပြည့်ချထားပြီးမှ သန်းခေါင်စာရင်းကောက်
Dawei Watch
October 3, 2024ထားဝယ်မြို့တွင် သန်းခေါင်စာရင်းကောက်ယူမှုကို စတင်လုပ်ဆောင်နေရာတွင် စစ်ကောင်စီတပ်က လုံခြုံရေးအပြည့်အဝယူပြီးမှသာ လုပ်ဆောင်နေကြောင်း မြို့ခံအချို့က ပြောသည်။ သန်းခေါင်စာရင်းကောက်မည့်ရပ်ကွက်သို့ ဝင်ရောက်နိုင်မည့် လမ်းများအားလုံးနှင့် လမ်းသွယ်၊ လမ်းကြားများအားလုံးကို စစ်ကောင်စီတပ်က ကြိုတင်လုံခြုံရေးယူထားပြီးမှ ကောက်ခံနေခြင်းဖြစ်ကြောင်း ကိုယ်တိုင်ကြုံရသည့် မြို့ခံအချို့က ပြောသည်။ “ရပ်ကွက်ထဲကို ဝင်မယ့်လမ်းတွေအကုန် ပိတ်ချပြီး လုံခြုံရေးချထားလိုက်တယ်။ လမ်းကြို၊ လမ်းကြားပါမကျန် အားလုံး အစောင့်တွေချပြီးမှကောက်တာ” ဟု သန်းခေါင်စာရင်းကောက်ယူပြီးသည့် ရပ်ကွက်တစ်ခုက မြို့ခံတစ်ဦးကဆိုသည်။ သန်းခေါင်စာရင်းကောက်ရာတွင် တစ်ရပ်ကွက်ပြီး တစ်ရပ်ကွက်ကောက်ခံနေခြင်းဖြစ်ကြောင်း မြို့ခံတို့ကဆိုသည်။ သန်းခေါင်စာရင်းကောက်ယူမည့် ရပ်ကွက်ကို ကြိုတင်ပြီး အသံချဲ့စက်ဖြင့် လိုက်လံကြေညာထားကြောင်း၊ ယင်းနောက် စာရင်းကောက်မည့်အဖွဲ့ မရောက်မီကတည်းက စစ်ကောင်စီတပ်ဖွဲ့က အဆိုပါရပ်ကွက်ကို လုံခြုံရေးတင်းကြပ်ထားလိုက်ပြီး အဝင်၊ အထွက်လမ်းများ ပိတ်ထားလိုက်သည်ဟု ဒေသခံများကဆိုသည်။ ရပ်ကွက်ထဲစာရင်းလိုက်ကောက်သည့် အဖွဲ့များကိုမူ ရဲယူနီဖောင်းနှင့် အရန်မီးသတ်တပ်ဖွဲ့ ယူနီဖောင်းဝတ်ဆင်ထားသူတို့က […]


