ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

တနင်္သာရီတွင် စစ်ကောင်စီစစ်ကြောင်း မိုင်းဆွဲတိုက်ခိုက်ခံရ

Dawei Watch

October 4, 2024

တနင်္သာရီမြို့နယ်၊ ဘန်းလမွတ်ကျေးရွာအုပ်စုတွင် စစ်ကောင်စီတပ်စစ်ကြောင်းကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တို့က တစ်ရက်အတွင်း နှစ်ကြိမ်မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း မြိတ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ (မြိတ်ပကဖ) ပြန်ကြာရေးတာဝန်ခံက ပြောသည်။ အောက်တိုဘာ ၂ ရက်နေ့ နေ့လယ် ၁၂ နာရီဝန်းကျင်တွင် ဘန်းလမွတ်ကျေးရွာအုပ်စုထဲရှိ ညောင်ပင်ကုန်းရွာအနီး၌ မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း မြိတ်ပကဖနှင့် ဒေသခံများထံမှ သိရသည်။ အဆိုပါတိုက်ခိုက်မှုတွင် စစ်ကောင်စီတပ်စစ်ကြောင်းက ထိခိုက်သေဆုံးမှုရှိသည်ကို ရဲဘော်များက မျက်မြင်တွေ့ရှိခဲ့ ကြောင်း မြိတ်ပကဖ ပြန်ကြားရေးတာဝန်ခံက ပြောဆိုသည်။ “စကစရဲ့ ၃၀၆ အမြောက်တပ်ဘက်က လက်နက်ကြီးနဲ့ တစ်ချက် နှစ်ချက်လောက်ပြန်ပစ်ခဲ့တာမျိုးတော့ ရှိတယ်” ၎င်းက ပြောသည်။ အဆိုပါ စစ်ကောင်စီတပ် ခြေလျင်စစ်ကြောင်းတွင် အင်အား ၆၀ ဝန်းကျင်ပါဝင်ပြီး တနင်္သာရီမြို့နယ် မော်တုန်းရွာ အခြေစိုက် (၃၀၆) အမြောက်တပ်ရင်းမှ မြိတ်ဘက်သို့ ဦးတည်သွားနေခြင်းဖြစ်ကြောင်း တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့ဝင် […]

မွန်တွင် လုံခြံရေးတင်းကျပ်ပြီး သန်းခေါင်စာရင်းကောက်၊ စစ်ဆေးမှုများလည်းလုပ်

Dawei Watch

October 4, 2024

မွန်ပြည်နယ်တွင် စစ်ကောင်စီက လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်သည့်ကာလတွင် ပြည်နယ်အနှံ့ လုံခြုံရေးတင်းကျပ်ထားပြီး စစ်ဆေးမှုများလည်း လုပ်ဆောင်နေကြောင်း ဒေသခံပြည်သူတို့ထံမှ သိရသည်။ စစ်ကောင်စီက စစ်ရေးပဋိပက္ခဖြစ်ပွားမှုနည်းသည့် မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာအချို့တို့ကို အောက်တိုဘာလ ၁ ရက်နေ့ကစပြီး လုံခြုံရေးအင်အားအပြည့်ဖြင့် သန်းခေါင်စာရင်း စကောက်ယူကြောင်း ၎င်းတို့က ပြောသည်။ သန်းခေါင်စာရင်း စကောက်သည့်နေ့ကစပြီး မြို့အဝင်အထွက်၊ လမ်းဆုံလမ်းခွနှင့် ရပ်ကွက်၊ ကျေးရွာတို့တွင် လုံခြုံရေး တင်းကျပ်ထားကာ စစ်ဆေးမှုများလည်း လုပ်ဆောင်နေကြောင်း ဒေသခံတို့က ဆိုသည်။ “မြို့အဝင်လို နေရာမျိုးတွေ၊ လမ်းဆုံလမ်းခွလိုနေရာတွေ နောက်ရပ်ကွက်မှာဆိုရင်လည်း လမ်းတွေမှာ လုံခြုံရေး ချထားတယ်။ စစ်ဆေးနေတာတွေလည်း ရှိနေတယ်။ သူတို့ သန်းခေါင်စာရင်းကောက်နေတာကို နှောင့်ယှက်တာမျိုး မရှိအောင် လုပ်တာထင်တယ်” ဟု မုဒုံမြို့ခံတစ်ဦးက ပြောသည်။ စစ်ကောင်စီက မော်လမြိုင်၊ ချောင်းဆုံ၊ […]

မောရဝတီရေတပ်က ဖမ်းထားသည့် ကံပေါက်ဒေသခံတစ်ဦးကို ထားဝယ်ထောင်ပို့

Dawei Watch

October 4, 2024

ရေဖြူမြို့နယ်၊ ကံပေါက်တိုက်နယ်၊ ဖောင်းတောနှင့် ဇာဒီရွာတို့တွင် မောရဝတီရေတပ်က သြဂုတ်လကတည်းက ဖမ်းဆီးထားသည့် ဒေသခံအမျိုးသားသုံးဦးအနက် တစ်ဦးကို စက်တင်ဘာလ နှောင်းပိုင်းတွင် ထားဝယ်အကျဥ်းထောင်သို့ ပို့လိုက်ကြောင်း ဒေသခံများထံမှ သိရသည်။ ထားဝယ်ထောင်သို့ ပို့ဆောင်ခံရသူမှာ ဇာဒီရွာသား အသက် ၂၀ အရွယ် ကိုသန်းထိုက်ဖြစ်ကြောင်း ၎င်းတို့က ဆိုသည်။ သြဂုတ်လ ၄ ရက်က ဇာဒီ-ခေါင်ပြန်လမ်းပိုင်းတွင် ဆိုင်ကယ်စီးလာသည့် ကိုသန်းထိုက်အား ကင်းပုန်းဝပ်နေသော စစ်ကောင်စီတပ်သားများက ဖမ်းဆီးပြီး မောရဝတီရေတပ်သို့ ဖမ်းခေါ်သွားခြင်းဖြစ်သည်။ လက်ကိုင်ဖုန်းအား စစ်ဆေးရာတွင် ပြည်သူ့ကာကွယ်ရေးတပ်များနှင့် အဆက်အစပ်ရှိသည်ကို တွေ့ရသဖြင့် ဖမ်းဆီးခြင်း ဖြစ်ကြောင်း ဇာဒီကျေးရွာအုပ်ချုပ်ရေးမှူးက မိသားစုထံ ပြောဆိုခဲ့ကြောင်း ဒေသခံအချို့က ဆိုသည်။ “ထားဝယ်ထောင်တော့ ပို့လိုက်ပြီ။ သူ့အဖေတို့ကတော့ အမှုရုံးချိန်းသွားနေရတယ်။ (အခု) ရွာမှာလည်း မနေကြတော့ဘူး ဆိုတော့ […]

ထောက်ပို့ထီ ပထမဆု ကျပ်သိန်းငါးရာ မြိတ်ခရိုင်က ရဲဘော်တစ်ဦး ဆွတ်ခူး

Dawei Watch

October 4, 2024

တော်လှန်ရေးအင်းအားစု ရန်ပုံငွေအတွက် ရောင်းချနေသည့် ထောက်ပို့ထီ ပထမဆု ကျပ်သိန်းငါးရာကို ပြည်သူ့ကာကွယ်ရေးတပ်မတော် မြိတ်ခရိုင်တပ်ရင်း (၁) က ရဲဘော်တစ်ဦး ဆွတ်ခူးသွားကြောင်း အဆိုပါတပ်ရင်း၏ ပြန်ကြားရေးတာဝန်ခံ ရဲဘော်အာနိုးက ပြောသည်။ ထောက်ပို့ထီကို ယခုနှစ် ဇန်နဝါရီလမှစပြီး တစ်လတစ်ကြိမ်ပုံမှန် ရောင်းချ၊ ဖွင့်လှစ်ပေးနေခြင်းဖြစ်ပြီး စက်တင်ဘလ ၂ ရက်တွင် ၉ ကြိမ်မြောက်ထီကို ဖွင့်လှစ်ခဲ့သည်။ ၉ ကြိမ်မြောက်ထီဖွင့်ပွဲတွင် မြိတ်ခရိုင်အမှတ် ၁ တပ်ရင်းမှ ရဲဘော်တစ်ဦးက ပထမဆု ကျပ်သိန်းငါးရာ ကံထူးသွားခြင်းဖြစ်သည်။ “ရောင်းမကုန်တဲ့အထဲက ကျွန်တော်တို့တပ်ရင်းက ရဲဘော်တွေကို မျှပြီးရောင်းလိုက်တာ။ ‌ရဲ‌ဘော်တွေက သူတို့မုန့်ဖိုးထဲက တတ်နိုင်သမျှဝယ်ကြတာ။ အဲဒီထဲက တစ်စောင် ပထမဆုပေါက်သွားတာပေါ့” ဟု ရဲဘော်အာနိုးက ပြောသည်။ ထောက်ပို့ထီကို ထိုင်းနိုင်ငံတွင် အခြေစိုက်ဖွင့်လှစ်ခြင်းဖြစ်ပြီး ထိုင်းထီကဲ့သို့ပင် ဘော်လုံးလေးများလိမ့်ကာ […]

မြိတ်မြို့ပေါ်တွင် ဆိုင်ကယ်စီးသွားလာစဉ် ရိုက်နှက်ခံရမှုများကြုံရ

Dawei Watch

October 4, 2024

မြိတ်မြို့ပေါ်တွင် စက်တင်ဘာလနှောင်းပိုင်းကစ၍ ဆိုင်ကယ်စီးသွားလာသူ အရိုက်ခံရမှု နှစ်ကြိမ်ထက်မနည်း ဖြစ်ပွား ကြောင်း ရိုက်ခံရသည့် ကာယကံရှင်၊ ကာယကံရှင်နှင့် နီးစပ်သူများတို့ထံမှ သိရသည်။ အောက်တိုဘာလ ၃ ရက် နေ့လယ်ပိုင်းက တပ်ပြင်ရပ်၊ ပြည်တော်သာဘုန်းကြီးကျောင်း အလှူခံမဏ္ဍပ်အနီးတွင် အမျိုးသမီး တစ်ဦး စီးလာသည့် ဆိုင်ကယ်အား အမျိုးသားတစ်ဦးက တုတ်ဖြင့် လှမ်းရိုက်ခဲ့ကြောင်း ရိုက်ခံရသည့် ကာယကံရှင် အမျိုးသမီးက ၎င်း၏ လူမှုကွန်ရက်အကောင့်တွင် ရေးသားထားသည်။ ရိုက်နှက်ခံရစဉ် ဆိုင်ကယ်ဦးထုပ် ဆောင်းထားသဖြင့် ဒဏ်ရာမရသော်လည်း ဦးထုပ်မှာမူ ကွဲကြေ သွားကြောင်း ဓာတ်ပုံနှင့်တကွ ဖော်ပြထားသည်။ ယင်းဖြစ်စဥ်ဖြစ်သည့် နေရာသည် လူပြတ်သဖြင့် ပတ်ဝန်းကျင်က သတိထားမိကြကြောင်း ကာယကံရှင်အမျိုးသမီးက ရေးသားထားသည်။ အဆိုပါအမျိုးသမီးကို Dawei Watch ဆက်သွယ်မေးမြန်းရန် ကြိုးစားသော်လည်း အဆက်အသွယ် မရသေးပေ။ […]

စစ်မှုထမ်းရှောင် မြန်မာတစ်ဦး ထိုင်းထီ ဘတ်ခြောက်သန်းပေါက်

Dawei Watch

October 4, 2024

ထိုင်းနိုင်ငံ ကန်ချဘူရီခရိုင်တွင် မြန်မာနိုင်ငံသားတစ်ဦးသည် အောက်တိုဘာလ ၁ ရက်နေ့က ဖွင့်လှစ်ခဲ့သော ထိုင်းထီ အမြင့်ဆုံးဆုဖြစ်သည့် ဘတ် ခြောက်သန်းပေါက်ကြောင်း AAC မဟာမိတ်အဖွဲ့ထံမှ သိရသည်။ အောက်တိုဘာလ ၁ ရက်နေ့က ဖွင့်လှစ်ခဲ့သော ထိုင်းထီ ပထမဆုဂဏန်း ၇၁၈၆၆၅ တွင် ခြောက်လုံးတိုက် ပထမဆုကို ကံထူးခဲ့ခြင်းဖြစ်သည်။ အဆိုပါမြန်မာသည် စစ်မှုထမ်းရန် အမည်စာရင်းပါလာသဖြင့် ထိုင်းနိုင်ငံသို့ တိမ်းရှောင်လာသူဖြစ်ပြီး ကန်ချဘူရီခရိုင်ရှိ ဆောက်လုပ်ရေးလုပ်ငန်းခွင်တွင် အလုပ်လုပ်ကိုင်နေခဲ့ကြောင်း AAC ထံမှသိရသည်။ သို့သော်လည်း ထိုင်းနိုင်ငံအတွင်း တရားမဝင် အလုပ်သမားများ ဖမ်းဆီးနှိမ်နှင်းရေး ရက်ပေါင်း ၁၂၀ စီမံချက်နှင့် လိုက်လံ ဖမ်းဆီးမှုများနေခဲ့သဖြင့် လပိုင်းမျှ အလုပ်လုပ်ပြီး ရပ်နားထားရကာ တောထဲတွင် ရှောင်နေခဲ့ရကြောင်း သိရသည်။ မြန်မာနိုင်ငံသားသည် အဖမ်းအဆီးကို တိမ်းရှောင်နေစဉ် ထီတစ်စောင်ကို […]

ထိုင်းတောင်ပိုင်းတွင် မြန်မာရေလုပ်သားတစ်ဦး လှေပေါ် ဓာတ်လိုက်သေဆုံး

Dawei Watch

October 4, 2024

ထိုင်းနိုင်ငံတောင်ပိုင်း ဖန်ငခရိုင်တွင် ငါးဖမ်းလှေလိုက်နေသော မြန်မာရေလုပ်သားတစ်ဦးသည် အောက်တိုဘာလ ၃ ရက်နေ့ နံနက်ပိုင်းတွင် လှေပေါ် အလုပ်လုပ်နေစဉ် ဓာတ်လိုက်သေဆုံးကြောင်း ဖန်ငခရိုင် ငါးဖမ်းလုပ်ငန်းဌာနက ထုတ်ပြန်သည်။ မြန်မာရေလုပ်သား အသက် ၄၁ နှစ်အရွယ် ဦးရွှေသိန်းသည် ဖန်ငခရိုင် ပင်လယ်ထဲရှိ ငါးဖမ်းလှေပေါ် ပိုက်ချငါးဖမ်းနေစဉ် စက်နှင့်ထိမိပြီး ဓာတ်လိုက်ကာ သေဆုံးခြင်းဖြစ်ကြောင်း ဖော်ပြသည်။ ရုပ်အလောင်းကို စစ်ဆေးနိုင်ရန် ခူရဘူရီကယ်ဆယ်ရေးအဖွဲ့များက ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း ရေးသားထားသည်။ သေဆုံးရသော အကြောင်းအရင်းကို စစ်ဆေးပြီးနောက် ဥပဒေအရ နစ်နာကြေးများ မိသားစုထံပေးအပ်နိုင်ရန် ဆက်လက် လုပ်ဆောင်မည်ဖြစ်ပြီး အလုပ်ရှင်ကိုလည်း ဥပဒေအရ တာဝန်ယူစေမည်ဖြစ်ကြောင်း ဖန်ငခရိုင် ငါးဖမ်းလုပ်ငန်းဌာနက ထုတ်ပြန်သည်။ အလုပ်သမား သေဆုံးမှုနှင့်ပတ်သက်၍ လှေဝင်လှေထွက်စစ်ဆေးသူများ (PIPO) က လှေပေါ်တွင် အခွင့်အရေး ချိုးဖောက်ထားခြင်း […]

မြိတ်တွင် ဆိုင်ကယ်နှစ်စီးတိုက်ပြီး အမျိုးသားတစ်ဦးသေဆုံး

Dawei Watch

October 3, 2024

မြိတ်မြို့နယ်၊ ပပြင်ကျေးရွာအုပ်စု၊ ဘဲမတီရွာ မြို့ရှောင်လမ်းပေါ်တွင် ဆိုင်ကယ်နှစ်စီး မျက်နှာချင်းဆိုင်တိုက်ပြီး အမျိုးသားတစ်ဦး သေဆုံးကြောင်း ရာသက်ပန် နာရေးနှင့်လူမှုကူညီရေးအသင်းထံမှ သိရသည်။ ပပြင်‌ရွာဘက်မှလာသည့် မော်တော်ဆိုင်ကယ်နှင့် အလယ်ချောင်းရွာဘက်မှလာသည့် မော်တော် ဆိုင်ကယ်တို့ ဘဲမတီရွာ၏ မြိတ်မြို့ရှောင်လမ်းမပေါ်တွင် အောက်တိုဘာလ ၂ ရက် နံနက်ပိုင်းက မျက်နှာချင်းဆိုင်တိုက်မိခြင်းဖြစ်ကြောင်း အဆိုပါအသင်းတာဝန်ရှိသူက ပြောသည်။ သမုတ်ရွာသား ဆိုင်ကယ်မောင်းသူ အသက် ၃၈နှစ်အရွယ် ကိုဇော်ဦး ဒဏ်ရာအပြင်းအထန်ရရှိကာ သေဆုံးပြီး ဆိုင်ကယ်မောင်းသူ နောက်တစ်ဦးမှာလည်း ဒဏ်ရာရကြောင်း အဆိုပါအသင်းထံမှ သိရသည်။ “(တိုက်တဲ့) အရှိန်က တော်တော်ပြင်းတယ်။ သေဆုံးသူက ပေါင်ရင်း ကြေသွားတယ်။ ဆိုင်ကယ်နှစ်စီးစလုံးလည်း လုံးဝ ပျက်စီးသွားတယ်” ဟု အထက်ပါ အသင်းတာဝန်ရှိသူက ပြောသည်။ ဒဏ်ရာရသည့် အမျိုးသားကို အခြားလူနာတင်ယာဉ်ဖြင့်သယ်ယူပြီး သေဆုံးသူ၏ ရုပ်အလောင်းကို […]