ပလမြို့နေပြည်သူများ မြိတ်သို့သွားလျှင် ရဲစခန်းထောက်ခံစာပါရမည်ဟု စစ်ကောင်စီတင်းကျပ်
Dawei Watch
September 30, 2024ပုလောမြို့နယ်၊ ပလမြို့နေ ပြည်သူများ မြိတ်မြို့သို့ သွားလာပါက ရဲစခန်းထောက်ခံစာ မဖြစ်မနေပါရမည်ဟု စစ်ကောင်စီက တင်းကျပ်ထားကြောင်း ပလမြို့ဒေသခံများက ပြောသည်။ ခရီးသွားထောက်ခံစာပါရမည်ဟု လမ်းခရီးတစ်လျှောက်တွင်ရှိသည့် စစ်ကောင်စီတပ် စစ်ဆေးရေးဂိတ်ရှိ စစ်ကောင်စီ တပ်သားများက စက်တင်ဘာလ ၂၉ ရက်နေ့မှစတင်ကာ ခြိမ်းခြောက်ပြောဆိုနေကြောင်း ဒေသခံတို့က ဆိုသည်။ စစ်ကောင်စီ လက်အောက်ခံ ရဲစခန်းထောက်ခံစာ မပါလျှင် စစ်ဆေးရေးဂိတ်များရှိ စစ်ကောင်စီတပ်သားများက ဖြတ်သန်းခွင့်မပြုဘဲ ပြန်လွှတ်နေကြောင်း ပလမြို့ခံတစ်ဦးက ပြောဆိုသည်။ ပုလောမြို့နယ် ပလမြို့မှ မြိတ်မြို့အထိ ၄၂ မိုင်ဝန်းကျင် ကွာဝေးပြီး စစ်ကောင်စီတပ်စစ်ဆေးရေးဂိတ် ခြောက်ခုထက် မနည်းရှိသည်။ “မနေ့ကမှ စနေတာလို့ ပြောတယ်။ မသိဘဲခရီးသွားကြတဲ့သူတွေက စကစ ဘုတ်ရွာ စစ်ဆေးရေးဂိတ်က ပေးမဖြတ်တော့ဘဲ အကုန်ပြန်လွှတ်ပြီး ထောက်ခံစာ သွားရေး (ယူ) ခိုင်းတော့ […]


