ကမ္ဘောဒီးယားတွင် ယခုနှစ်အတွင်း မိုးကြိုးပစ်ခံရမှုကြောင့် လူ ၅၀ သေဆုံး
Dawei Watch
September 26, 2024ကမ္ဘောဒီးယားနိုင်ငံတွင် ၂၀၂၄ ခုနှစ်အတွင်း မိုးကြိုးပစ်ခံရမှုကြောင့် လူ ၅၀ သေဆုံးခဲ့ပြီး ၄၃ ဦး ထိခိုက်ဒဏ်ရာရခဲ့သည်ဟု ကမ္ဘောဒီးယား နိုင်ငံလုံးဆိုင်ရာ သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုကော်မတီက ဆိုသည်။ ၂၀၂၃ ခုနှစ် တစ်နှစ်တည်းမှာပင် မိုးကြိုးပစ်ခံရမှုကြောင့် လူ ၁၃၀ နီးပါး သေဆုံးခဲ့ရသေးသည်ဟု အဆိုပါကော်မတီ၏ ပြောရေးဆိုခွင့်ရှိသူက ပြောသည်။ မိုးကြိုးပစ်ခံရသည့် လူသေဆုံးမှုများအပြင် မုန်တိုင်းဒဏ်ကြောင့် ထိခိုက်သေဆုံးမှုများလည်း ရှိနေသည်။ ၂၀၂၄ ခုနှစ်အတွင်း မုန်တိုင်းများကြောင့် လူ ၄ ဦး သေဆုံး၍ ၃၂ ဦး ထိခိုက်ဒဏ်ရာရခဲ့သည်။ နေအိမ် ၄၈၂ ဆောင် ထိခိုက်ပျက်စီးခဲ့သည်ဟု အထက်ပါ ပြောရေးဆိုခွင့်ရှိသူက ပြောသည်။ ရာသီဥတုဖောက်ပြန်မှုမှ ထိုသို့ သေဆုံးမှုများပြားရခြင်း အကြောင်းရင်းတစ်ရပ်ဖြစ်ကြောင်း သူက ဆိုထားဖူးသည်။ လူထုအနေနှင့် မိုးသည်းထန်၊ […]


