ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

မြိတ် ဂိုဏ်းပေါင်းစုံသံဃာတော်များ ဦးဆောင်သည့် ရေဘေးအလှူအဖွဲ့ မြို့နယ်လေးခုသို့ သွားကူမည်

Dawei Watch

September 23, 2024

မြိတ်မြို့နယ်အတွင်း သီတင်းသုံးကြသည့် ‌ဂိုဏ်းပေါင်းစုံ သံဃာတော်များ ဦးဆောင်ပါဝင်သည့် ရေဘေး အလှူအဖွဲ့ နေပြည်တော် တပ်ကုန်း၊ လယ်ဝေး၊ ရမည်းသင်းနှင့် တောင်ငူမြို့နယ်များသို့ သွားရောက်ကူညီမည်ဖြစ်ကြောင်း ဦးဆောင်ဆရာတော်များထံမှ သိရသည်။ တနင်္သာရီတိုင်း သံဃမဟာနာယက ဥက္ကဋ္ဌ မော်တောင်ဆရာတော်၏ ဩဝါဒကိုခံ၍ မြိတ်မြို့နယ် သံဃမဟာနာယကအဖွဲ့က ဦးဆောင်ကာ မြို့နယ်အတွင်းရှိ သုဓမ္မာ ၊ ဒွါရ ၊ ဝေဠုဝန် ဂိုဏ်းသုံးဂိုဏ်းဝင် ကျောင်းတိုက်များထံ စက်တင်ဘာလ ၁၈ ရက် ကစ၍ အလှူခံခဲ့ကြောင်း ဆရာတော်များထံမှ သိရသည်။ ကျောင်းတိုက်ဆရာတော်များမှတစ်ဆင့် တကာ၊ တကာမများ၏ လှူဒါန်းထည့်ဝင်ငွေသည် စက်တင်ဘာလ ၂၁ ရက် အလှူခံစာရင်း ပိတ်သိမ်းချိန်တွင် ကျပ်သိန်း တစ်ထောင့်ခုနစ်ရာကျော် ရရှိကြောင်း ဦးဆောင် ဆရာတော်တို့က မိန့်သည်။ မြိတ်မြို့နယ်အပြင် မော်တောင်မြို့ […]

ထိုင်းရောက်မြန်မာတွေ ထွက်သွားကြဟု ထိုင်းနိုင်ငံသားတွေ မြန်မာသံရုံးရှေ့ ဆန္ဒပြ

Dawei Watch

September 23, 2024

ထိုင်းရောက်မြန်မာနိုင်ငံသားများ ထွက်သွားကြရန် ထိုင်းနိုင်ငံသားများက ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ မြန်မာသံရုံးရှေ့တွင် ယနေ့ (စက်တင်ဘာ ၂၃) နေ့လယ်ပိုင်းက ဆန္ဒပြတောင်းဆိုခဲ့ကြသည်။ ဆန္ဒပြရာတွင် ပါဝင်သော အရပ်ဘက် အဖွဲ့အစည်းများသည် မြန်မာနိုင်ငံသားများကို အလုပ်လုပ်ခွင့် ရက် ၉၀ သာပေးရန်နှင့် ကိုယ်ဝန်ဆောင် အလုပ်သမားများကို အလုပ်လုပ်ခွင့်ပိတ်၍ နေရပ်ပြန်မီးဖွားစေရန် အချက်များ အပါအဝင် အချက် ၈ ချက်ကို ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနသို့ စာပို့တောင်းဆိုထားသော အဖွဲ့များဖြစ်သည်။ ယင်းအဖွဲ့ဝင်များသည် ယနေ့ နေ့လယ်ပိုင်းတွင် မြန်မာသံရုံးရှေ့သို့ ရောက်ရှိလာပြီး “မြန်မာနိုင်ငံသားတွေ ကိုယ့်အိမ်ကိုယ်ပြန်ကြ” ဟု အော်ဟစ်ကာ ဆန္ဒပြခဲ့ကြသည်။ မြန်မာအလုပ်သမားများ၏ တရားမဝင် လုပ်ရပ်များက ထိုင်းနိုင်ငံတော်၏ ဂုဏ်သိက္ခာကို ကျဆင်းနေစေပြီး ထိုင်းနိုင်ငံသားများ၏ အလုပ်အကိုင်များလည်း ဆုံးရှုံးနေရကြောင်း ဆိုထားသည်။ ယနေ့ နေ့လယ်ပိုင်းတွင် မြန်မာသံရုံးရှေ့ […]

ထားဝယ်မြို့တွင် ကျောင်းသားက ဆရာမအား ထိုးကြိတ်

Dawei Watch

September 23, 2024

ထားဝယ်မြို့၊ အမှတ် (၁) အထက်တန်းကျောင်းတွင် ကျောင်းသားတစ်ဦးက ဆရာမအား ကိုယ်ထိလက်ရောက် ထိုးကြိတ်ခဲ့ကြောင်း စုံစမ်းသိရှိရသည်။ စက်တင်ဘာလ ၁၉ ရက်က အမှတ် (၁) အထက်တန်းကျောင်း၊ Grade – 9၊ အခန်း B တွင် ပညာသင်ကြားနေသော ကျောင်းသားတစ်ဦးက သင်္ချာ ၂ ဘာသာရပ်သင်ကြားနေသည့် ဆရာမအား ထိုးကြိတ်ခဲ့ခြင်းဖြစ်ကြောင်း စုံစမ်းသိရသည်။ ကျောင်းသားဖြစ်သူက စာသင်ခန်းအတွင်းသို့ ဖုန်းယူလာပြီး အသုံးပြုနေသည်ကို ဆရာမက တားမြစ်ရာမှ ထိုးကြိတ်ခြင်း ဖြစ်ကြောင်း ယင်းဖြစ်စဉ်အားသိရှိသော ကျောင်းသားမိဘတစ်ဦးက ပြောသည်။ “ဖုန်းယူလာပြီး သုံးလို့ ဆရာမက လွှင့်ပစ်မယ်ပြောလို့ အဲဒီမှာ ထိုးတာ။ ဆရာမက အသက်ကြီးနေပြီ။ ဒဏ်ရာများတယ်။ ချုပ်ပါချုပ်လိုက်ရတယ်” ဟု ၎င်းက ပြောဆိုသည်။ အဆိုပါကျောင်းသားမှာ ထားဝယ်မြို့ထဲတွင် […]

ထားဝယ်တွင် ရွှေတစ်ကျပ်သား ၆၈သိန်းနီးပါးဈေးပေါက်၊ အရောင်းအဝယ်ပါး

Dawei Watch

September 23, 2024

ထားဝယ်ဈေးကွက်အတွင်း အခေါက်ရွှေတစ်ကျပ်သားလျှင် ၆၈ သိန်းနီးပါး ဈေးဖွင့်ထားပြီး အရောင်းအဝယ် နည်းပါးနေကြောင်း ဈေးကွက်အတွင်းမှ စုံစမ်းသိရသည်။ စက်တင်ဘာလ ၂၃ ရက် နံနက် ပေါက်ဈေးအရ အခေါက်ရွှေတစ်ကျပ်သားလျှင် ၆၇၇၀၀၀၀ ကျပ် (ခြောက်ဆယ့်ခုနစ်သိန်းခုနစ်သောင်းကျပ်) ကျပ် ဈေးဖွင့်ထားကြောင်း ထားဝယ်မြို့ရှိ ရွှေဆိုင်ပိုင်ရှင်တစ်ဦးက ပြောသည်။ ထားဝယ်ဈေးကွက်အတွင်း အခေါက်ရွှေဈေး တရားဝင်မဖွင့်တော့သည်မှာ ၁၁၁ ရက် မြောက်ရှိလာပြီဖြစ်သည်။ စစ်ကောင်စီသတ်မှတ်ဈေးအတိုင်း မရောင်းပါက ဖမ်းဆီးပြီး ပိုင်ဆိုင်မှုကိုပါ သိမ်းဆည်းမည်ဟု ခြိမ်းခြောက်ထားသည့်အတွက် ဇွန်လ ၅ ရက်နေ့မှစကာ အခေါက်ရွှေဈေး မဖွင့်တော့ခြင်းဖြစ်သည်။ ထို့ကြောင့် ထားဝယ်ဈေးကွက်တွင် အခေါက်ရွှေဈေးမဖွင့်တော့ဘဲ ကြိုက်ရောင်းကြိုက်ဝယ်ဖြစ်‌နေရာ စက်တင်ဘာလ ၂၃ ရက် နံနက်တွင် ၆၈ သိန်းနီးပါးဖြင့် အရောင်းအဝယ်လုပ်နေကြခြင်းဖြစ်သည်။ လက်ရှိတွင် ရွှေအရောင်းအဝယ်မရှိသလောက် နည်းပါးနေကြောင်း အထက်ပါရွှေဆိုင်ပိုင်ရှင်က […]

မြိတ်တွင် မူးယစ်ဆေး ကျပ်သိန်းခြောက်ထောင်တန်ဖိုးဖမ်းမိ

Dawei Watch

September 23, 2024

မြိတ်မြို့ တွင် စက်တင်ဘာလ ၂၁ ရက် ညနေပိုင်းက မူးယစ်ဆေးပြား ကျပ်သိန်းခြောက်ထောင်တန်ဖိုး ဖမ်းမိကြောင်း စစ်ကောင်စီလက်အောက်ခံ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေတတ်သောဆေးဝါးများ တားဆီးကာကွယ်ရေး ဗဟိုအဖွဲ့က ယနေ့ သတင်းထုတ်ပြန်သည်။ တလိုင်းစုရပ်ကွက်၊ ကမ်းနားအလယ်လမ်းတွင် အမျိုးသားသုံးဦးလိုက်ပါလာသည့် တိုယိုတာ SIENTA အမျိုးအစား မော်တော်ယာဉ်ကို ရပ်တန့်စစ်ဆေးရှာဖွေစဉ် စိတ်ကြွဆေးပြားနှစ်သိန်း ဖမ်းမိခြင်းဖြစ်ကြောင်း ဖော်ပြသည်။ အဆိုပါကားပေါ်တွင် လိုက်ပါလာသည့် အသက်၂၄ နှင့် ၄၄ နှစ်အရွယ်အကြားရှိ အမျိုးသားသုံးဦးကို ဖမ်းဆီးထား ပြီး မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေတတ်သောဆေးဝါးများဆိုင်ရာဥပဒေဖြင့် မြိတ်မြို့မရဲစခန်းတွင် အမှုဖွင့်ထားကြောင်း ဆိုသည်။ စက်တင်ဘာလ ၁၈ ရက်ကလည်း မြိတ်မြို့၊ ကန်ခေါင်းရပ်၊ မြနန္ဒာလမ်းရှိ နေအိမ်တစ်လုံးတွင် အမျိုးသားတစ်ဦးထံမှ စိတ်ကြွဆေး အပြားရေ တစ်သောင်းရှစ်ထောင် တန်ဖိုးအားဖြင့် ကျပ်သိန်းငါးရာကျော်ဖိုး ဖမ်းမိခဲ့သေးကြောင်း […]

ထိုင်းတွင် ရက်ပေါင်း ၁၀၀ ကျော်အတွင်း လုပ်ငန်းခွင်ထဲရှိ မြန်မာ တစ်ထောင်ကျော် အဖမ်းခံရ

Dawei Watch

September 23, 2024

ထိုင်းနိုင်ငံတွင် ရက်ပေါင်း ၁၀၆ ရက်အတွင်း လုပ်ငန်းခွင်ထဲရှိ မြန်မာ ၁၁၀၀ ကျော် ဖမ်းဆီးခံထားရကြောင်း ထိုင်းအလုပ်သမားဝန်ကြီးဌာနက စက်တင်ဘာလ ၂၁ ရက်နေ့က ထုတ်ပြန်ထားသည်။ ထိုင်းနိုင်ငံအတွင်း တရားမဝင် အလုပ်သမားများ ဖမ်းဆီးနှိမ်နှင်းရေး ရက်ပေါင်း ၁၂၀ စီမံချက်ဖြင့် လိုက်လံစစ်ဆေးနေရာ ဇွန်လ ၅ ရက်နေ့မှ စက်တင်ဘာလ ၁၉ ရက်နေ့အထိ မြန်မာအလုပ်သမားများအပါအဝင် နိုင်ငံခြားသားအလုပ်သမား နှစ်သိန်းခွဲကျော်ကို စစ်ဆေးခဲ့ကြောင်း ဖော်ပြထားသည်။ ထိုင်းတစ်နိုင်ငံလုံးရှိ စက်ရုံများ၊ ဈေးဆိုင်များ၊ စားသောက်ဆိုင်များ၊ ဆောက်လုပ်ရေးလုပ်ငန်းများ၊ ဟိုတယ်လုပ်ငန်းများနှင့် အခြားလုပ်ငန်းခွင်များ အပါအဝင် ခရိုင်အသီးသီးရှိ လုပ်ငန်းခွင်နေရာပေါင်း ၁၈၈၀၀ ကျော်ကို ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း ဖော်ပြထားသည်။ စစ်ဆေးခဲ့သော အလုပ်သမား နှစ်သိန်းခွဲကျော်တွင် မြန်မာအလုပ်သမား ၁၉၀၀၀၀ ကျော်ဖြင့် အများဆုံးပါဝင်ပြီး ကမ္ဘောဒီးယား […]

တစ်ပတ်အတွင်း မြန်မာ့ရေးရာ

Dawei Watch

September 21, 2024

မြန်မာနိုင်ငံတစ်ဝန်း ဖြစ်ခဲ့သည့် အဖြစ်အပျက်များထဲမှ ထူးခြားဖြစ်စဉ်များကို ကောက်နုတ်ကာ အပတ်စဉ် တနင်္ဂနွေနေ့တိုင်းတွင် စုစည်းဖော်ပြပေးသွားမည်ဖြစ်ပါသည်။ စက်တင်ဘာလ ၁၅ ရက်မှ ၂၁ ရက်အထိ လူခြောက်သိန်းကျော်ရေဘေးသင့်ပြီး လူသုံးရာနီးပါးသေဆုံး တောင်တရုတ်ပင်လယ်မှာ ဖြစ်ပေါ်ခဲ့တဲ့ ဆိုင်ကလုန်းမုန်တိုင် ယာဂိကြောင့် မြန်မာနိုင်ငံတစ်ဝန်း လူခြောက်သိန်းကျော် ရေဘေးသင့်ပြီး လူသုံးရာနီးပါးသေဆုံးခဲ့ပါတယ်။ တိုင်းနဲ့ပြည်နယ် ကိုးခုက မြို့နယ် ၅၉ ခုမှာ ရေဘေးဒဏ်ကို ခံစားကြရပြီး လူခြောက်သိန်းသုံးသောင်းကျော် ရေဘေးသင့် တယ်လို့ ကုလသမဂ္ဂက ထုတ်ပြန်ပါတယ်။ လူရာနဲ့ချီ သေဆုံးပြီး အများအပြား ပျောက်ဆုံးနေတယ်လို့လည်း ဆိုပါတယ်။ စစ်ကောင်စီရဲ့ စက်တင်ဘာလ ၁၉ရက်အထိ ထုတ်ပြန်ချက်မှာတော့ ပြည်သူ ၂၉၀ ကျော်သေဆုံးပြီး ၉၀နီးပါး ပျောက်ဆုံး နေတယ်လို့ ဖော်ပြပါတယ်။ နေအိမ်တစ်သိန်းခွဲကျော်ကတော့ ရေဝင်နစ်မြှုပ်ပြီး နေအိမ်နှစ်သောင်းကျော်နဲ့ စာသင်ကျောင်း […]

လောင်းလုံးတွင် စစ်ဘေးရှောင်တစ်ဦး ကားတိုက်သေဆုံး

Dawei Watch

September 21, 2024

လောင်းလုံးမြို့နယ် ကျေးရွာတစ်ရွာတွင် စစ်ဘေးရှောင်အမျိုးသားတစ်ဦး ယာဉ်တိုက်မှုဖြစ်ပြီး သေဆုံးသွားကြောင်း စုံစမ်းသိရှိရသည်။ စက်တင်ဘာလ ၁၉ ရက်နေ့က ဘုန်းတော်ကြီးတစ်ပါး ကိုယ်တိုင်မောင်းနှင်လာသည့်ကားနှင့် စစ်ဘေးရှောင် အမျိုးသားနှစ်ဦး မောင်းနှင်လာသည့်ဆိုင်ကယ်တို့ လောင်းလုံး-ထားဝယ် ကားလမ်းမပေါ်တွင် ယာဉ်တိုက်မှု ဖြစ်ပွားကြောင်း ဒေသခံတို့ထံမှ သိရသည်။ အဆိုပါယာဉ်တိုက်မှုတွင် ဆိုင်ကယ်မောင်းနှင်လာသည့် လူလတ်ပိုင်းအရွယ် စစ်ဘေးရှောင်အမျိုးသားတစ်ဦး နေရာတွင်ပင် သေဆုံးခဲ့ပြီး ကျန်တစ်ဦးမှာ ထိခိုက်ဒဏ်ရာရကြောင်း ယာဉ်တိုက်မှုဖြစ်သည့်ကျေးရွာက ဒေသခံတစ်ဦးက ပြောသည်။ “သေသွားတဲ့သူကိုတော့ အရေးပေါ်ကားနဲ့ သူ့ရွာကို သယ်ပို့လိုက်ကြတယ်” ဟု ၎င်းဒေသခံက ဆိုသည်။ ယာဉ်တိုက်မှုဖြစ်သူ၏ ဆွေမျိုး မိသားစုဝင်တို့၏ တောင်းဆိုချက်အရ ယာဉ်တိုက်မှုဖြစ်သည့်နေရာအပါအဝင် အချက်အလက်အချို့ကို ဖော်ပြနိုင်ခြင်းမရှိဘဲ ချန်ထားခဲ့ရသည်။ စက်တင်ဘာလထဲတွင် လောင်းလုံးမြို့နယ် မြောက်ဘက်ပိုင်းရှိ မောင်းမကန်၊ ကျောက်ဆင်၊ သဘော့ဆိပ် စသည့် ကျေးရွာများနှင့် တောင်ဘက်တွင်ရှိသည့် […]