မီးလောင်အော်ရွာတွင် အိမ် ၃၀ကျော် မီးရှို့ခံရ၊ ပြာပုံထဲတွင် စစ်ဘေးရှောင်အမျိုးသမီးအလောင်းတွေ့
Dawei Watch
September 19, 2024ပုလောမြို့နယ်၊ ရှပ်ပုံကျေးရွာအုပ်စု၊ မီးလောင်အော်ကျေးရွာတွင် နေအိမ် ၃၁ လုံး မီးရှို့ခံရပြီး စစ်ဘေးရှောင် အမျိုးသမီးကြီး တစ်ဦး မီးလောင်သေဆုံးကြောင်း ဒေသခံများနှင့် စစ်ရေးသတင်းအရင်းအမြစ်များ၏ ပြောဆိုချက်များအရ သိရသည်။ မီးလောင်အော်ရွာသည် ပင်လယ်ရွာငယ် တစ်ရွာဖြစ်ပြီး အိမ်ခြေ ၆၀ ကျော်ရှိကာ အိမ်အများစုမှာ ဓနိမိုး၊ ဝါးထရံကာထားသည့် နေအိမ်များဖြစ်သည်။ စက်တင်ဘာလ ၁၈ ရက်က ရှပ်ပုံရွာကို စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်နှင့် တော်လှန်ရေး မဟာမိတ်ပူးပေါင်း တပ်တို့ ထိတွေ့တိုက်ပွဲ သုံးကြိမ်ခန့်ဖြစ်ပွားခဲ့ပြီး အရပ်သားနေအိမ် သုံးလုံးကို စစ်တပ်က မီးရှို့ခဲ့ကြောင်း ၎င်းတို့က ပြောသည်။ ယင်းနောက် စက်တင်ဘာ ၁၉ ရက် နံနက် ၄ နာရီ အာရုံမတက်မီအချိန်တွင်လည်း မီးလောင်အော်ရွာက နေအိမ်များကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက ထပ်မံမီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒေသခံတို့က […]


