ထားဝယ်ခရိုင်တွင် ဥယျာဉ်ခြံတောထွင်ခဈေး ဆက်တိုက်တက်
Dawei Watch
October 23, 2024ထားဝယ်ခရိုင်တွင် ရော်ဘာ၊ ကွမ်းသီး ဥယျာဉ်ခြံများ၏ တောထွင်ခ(ခြံရှင်းခ)ဈေး ဆက်တိုက်တက်လာကြောင်း ကွမ်းသီး၊ ရော်ဘာ ဥယျာဉ်ခြံရှင်များက ပြောသည်။ ပြီးခဲ့သည့် ၂၀၂၁ ခုနှစ်က ဥယျာဉ်ခြံတွင်း မြက်ရိတ်စက်ဖြင့် တောထွင်ခဈေးမှာ တစ်ရက်ကို ၁၅၀၀၀ ကျပ်သာရှိသော်လည်း ယခု (၂၀၂၄ ခုနှစ်) တစ်ရက် ၂၅၀၀၀ မှ ၃၀၀၀၀ ကျပ်အထိဆက်တိုက်တက်လာကြောင်း၊ ယင်းနှုန်းထားမှာ မြက်ရိတ်စက်နှင့် လူလုပ်အားခ သီးသန့်ဈေးဖြစ်သည်ဟု ထားဝယ်ခရိုင်အတွင်းက ဥယျာဉ်ခြံရှင်တို့က ဆိုသည်။ တောထွင်မည့်သူက မြက်ရိတ်စက်၊ စက်သုံးဆီ၊ (ဓာတ်ဆီနှင့် ရောစပ်အသုံးပြုရသည့်) 2T နှင့် လူတစ်ဦးလုပ်အားခအပါ အားလုံးအပြီးအစီးဆိုလျှင် တစ်ရက်ငှားရမ်းခ ကျပ် ၄၀၀၀၀ ခန့်တောင်းကြသလို တောအထူအပါးနှင့် နယ်မြေတည်ငြိမ်အေးချမ်းမှုပေါ်မူတည်ပြီး ကျပ် ၅၀၀၀၀ အထိ ပေးရကြောင်း ၎င်းတို့ကဆိုသည်။ “စက်သုံးဆီဈေးကလည်းကြီးလာတယ်လေ၊ […]


