BREAKING
November 13, 2025

သတင်း

သရက်ချောင်း၊ ကင်းရှေ့ရွာတွင် နှစ်ဖက်ပစ်ခတ်မှုဖြစ်

Dawei Watch

February 7, 2024

သရက်ချောင်းမြို့နယ်၊ ကင်းရှေ့ရွာတွင် စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်တို့ နှစ်ဖက်ပစ်ခတ်မှု ဖြစ်ပွားနေကြောင်း ဒေသခံအချို့နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်အချို့က ပြောသည်။ ကင်းရှေ့ရွာစာသင်ကျောင်းနှင့် ဘုန်းကြီးကျောင်းတွင် စစ်ကောင်စီတပ်က တပ်စွဲထားသည့် စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်တို့ ယနေ့ နံနက် ၉ နာရီခန့်တွင် မိနစ် ၃၀ ကြာ နှစ်ဖက်ပစ်ခတ်မှုဖြစ်ပွားခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။ “အဲဒီနောက်ပိုင်းမှာတော့ သူတို့ဟာ သူတို့ တစ်ဖက်တည်းပစ်နေတာ။ ကျွန်တော်တို့တပ်ဖွဲ့တွေက ပြန်ဆုတ်လာပြီ” ဟု တာဝန်ရှိသူက ပြောသည်။ စစ်ကောင်စီတပ်က လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်နေကြောင်း စစ်ဘေးရှောင်နေသည့် ဒေသခံအချို့က ဆိုသည်။ “လူနဲ့ နေအိမ်ထိခိုက်မှုအခြေအနေတော့ မသိရသေးဘူး။ ရွာထဲမှာ လူတွေမရှိကြဘူး” ဟု အခြားရွာတွင် စစ်ဘေးရှောင်နေသည့် ကင်းရှေ့ရွာက အမျိုးသမီးတစ်ဦးက ပြောဆိုသည်။ မိုးရွှေကုန်းနှင့် စော်ဖျားက […]

ဘင်္ဂလားဒေ့ရှ်နယ်စပ်က နယ်ခြားစောင့်စခန်းတစ်ခုကို AA ထပ်မံသိမ်းယူ၊ ဘင်္ဂလားဒေ့ရှ်သို့ထွက်ပြေးသူ နှစ်ရာအထက်ရှိလာ

Dawei Watch

February 7, 2024

မောင်တောမြို့နယ်မြောက်ပိုင်း ဘင်္ဂလားဒေ့ရှ်နယ်စပ်က တောင်ပြို (လက်ဝဲ) စခန်းကို ဖေဖော်ဝါရီလ ၆ ရက်နေ့တွင် သိမ်းယူလိုက်ကြောင်း ရက္ခိုင့်တပ်တော် (AA) က ထုတ်ပြန်သည်။ တောင်ပြို (လက်ဝဲ) နှင့် တောင်ပြို (လက်ယာ) စခန်းများကို AA က ဖေဖော်ဝါရီလ ၄ ရက်တွင် စတင်တိုက်ခိုက်ခဲ့ပြီး ယင်းနေ့တွင် တောင်ပြို (လက်ယာ) စခန်းကို သိမ်းယူနိုင်ခဲ့ကြောင်း AA က ဆိုသည်။ စတင်တိုက်ခိုက်သည့်နေ့တွင် နယ်ခြားစောင့်နှင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၆၀ နီးပါး လက်နက်များဖြင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးသွားကြကြောင်း AA က ထုတ်ပြန်ထားသည်။ တိုက်ပွဲ သုံးရက်အတွင်း ဘင်္ဂလားဒေ့ရှ်သို့ ထွက်ပြေးသည့် စစ်ကောင်စီတပ်ဖွဲ့ဝင် နှစ်ရာနှင့် အထက်ရှိနေပြီဖြစ်ကြောင်းလည်း AA က ဆိုသည်။ တောင်ပြိုလက်ဝဲသည် […]

မင်းပြားမြို့တွင် ကျန်ရှိသည့် တပ်ရင်းနှစ်ခုစလုံးကို သိမ်းယူလိုက်ကြောင်း AA ထုတ်ပြန်

Dawei Watch

February 7, 2024

ရခိုင်ပြည်နယ် မင်းပြားမြို့တွင် ကျန်ရှိနေသည့် တပ်ရင်းနှစ်ခုစလုံးကို သိမ်းယူလိုက်ပြီဖြစ်ကြောင်း ရက္ခိုင့်တပ်တော် AA က ထုတ်ပြန်သည်။ တစ်လနီးပါးကြာတိုက်ခိုက်ပြီးနောက် ဖေဖော်ဝါရီလ ၆ ရက်တွင် အမှတ် ၉ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ-၉) လက်အောက်ခံ ခြေမြန်တပ်ရင်း ခမရ ၃၇၉နှင့် ၅၄၁ တို့ကို သိမ်းယူလိုက်ခြင်းဖြစ်ကြောင်း ဖော်ပြသည်။ စကခ-၉ မှာ ကျောက်တော်မြို့တွင် အခြေစိုက်သည်။ မင်းပြားတွင် စစ်ကောင်စီတပ်ရင်း သုံးခုရှိသည့်အနက် ခမရ ၃၈၀ တပ်ရင်းကို ဇန်နဝါရီလ ၂၈ ရက်တွင် AA က သိမ်းယူခဲ့သည်။ ထို့ကြောင့် မင်းပြားမြို့တွင်ရှိသည့် စစ်ကောင်စီတပ်ရင်း အားလုံးကို AA က သိမ်းယူထားပြီဖြစ်သည်။ လက်ရှိတွင် စစ်ကောင်စီတပ်က မြို့ကို ထိန်းချုပ်ထားကြောင်း ဒေသတွင်းသတင်းများနှင့် ဒေသခံအချို့က ပြောသည်။ […]

ထိုင်း-မြန်မာနယ်စပ်တွင် လူသားချင်းစာနာမှုကူညီရေးဇုန်ကို ယခုလကုန်တွင်တည်ဆောက်ရန်စီစဉ်

Dawei Watch

February 6, 2024

ထိုင်း-မြန်မာနယ်စပ် မဲဆောက်ဘက်တွင် မြန်မာဒုက္ခသည်များအတွက် လူသားချင်းစာနာမှု အကူအညီများ ပေးအပ်နိုင်ရေး လုံခြုံရေးဇုန်တစ်ခုကို ယခုလကုန်ပိုင်းတွင် တည်ဆောက်သွားရန် စီစဉ်နေကြောင်း Bangkok Post သတင်းဌာနတွင် ဖော်ပြထားသည်။ မြန်မာနိုင်ငံအတွင်း တိုက်ပွဲများကြောင့် ထွက်ပြေးလာသော ဒုက္ခသည်များကို ဆေးဝါးနှင့် အစားအသောက်များ ထောက်ပံ့ပေးနိုင်မည့် အကူအညီပေးရေးဇုန်တစ်ခုကို မြဝတီ-မဲဆောက် နယ်စပ်အနီးတွင် တည်ဆောက်သွားရန် စီစဉ်ထားကြောင်း ထိုင်းနိုင်ငံခြားရေး ဒုဝန်ကြီး Sihasak က ပြောသည်။ ယင်းအစီအစဉ်သည် ပဋိပက္ခဖြစ်ပွားနေမှုများကို ထိန်းညှိနိုင်ရန် ရည်ရွယ်ထားပြီး ဆွေးနွေးညှိနှိုင်းရေး လမ်းစများ ပေါ်ထွက်လာရေးအတွက်လည်း ရည်မှန်းထားကြောင်း ဒုဝန်ကြီး၏ ပြောကြားချက်ကို သတင်းတွင် ဖော်ပြထားသည်။ ထိုအစီအစဉ်ထဲတွင် ထိုင်းနှင့် မြန်မာကြက်ခြေနီအသင်းများ ပါဝင်လာမည်ဖြစ်ပြီး အာဆီယံ၏ လူသားချင်း စာနာမှုအကူအညီများကို မြေပြင်သို့ ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း ဖော်ပြထားသည်။ အကူအညီပေးရေးဇုန်တည်ဆောက်ရန်အတွက် အာဆီယံအထူးအစည်းအဝေးတွင် […]

လောင်းလုံးတရားရုံးမှ စာရွက်စာတမ်းများ သိမ်းဆည်းရမိဟု PDF ထုတ်ပြန်

Dawei Watch

February 6, 2024

လောင်းလုံးတရားရုံး၏ တရားရေးနှင့်သက်ဆိုင်သည့် စာရွက်စာတမ်းများနှင့် အသုံးအဆောင်ပစ္စည်းများကို နွေဦးပြောက်ကြားတပ်ဖွဲ့နှင့် ပူးပေါင်းအဖွဲ့တို့က လောင်းလုံးမြို့နယ်၏ လမ်းပိုင်းတစ်နေရာတွင် သိမ်းဆည်းရမိခဲ့ကြောင်း ထုတ်ပြန်ချက်အရသိရသည်။ ယနေ့(ဖေဖော်ဝါရီ ၆) နံနက် ၁၀ နာရီ ၅၀မိနစ်တွင် လောင်းလုံးထွေအုပ်ရုံးမှ ထွက်လာသည့် ကားတစ်စီးကိုဖမ်းဆီး စစ်ဆေးခဲ့ရာမှ ယင်းသို့သိမ်းဆည်းမိခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။ ကားပေါ်တွင် လောင်းလုံးမြို့နယ်တရာရုံးမှ အကြီးတန်းစာရေးဖြစ်သူ ဒေါ်စန္ဒာစိုးအပါအဝင် တရားရုံးဆိုင်ရာ စာရွက်စာတမ်းများ စစ်ဆေးတွေ့ရှိရကြောင်း ထုတ်ပြန်ချက်တွင်ပါရှိသည်။ “ဖမ်းခံရတယ်လို့တော့ကြားတယ်။ နှစ်ယောက်လုံးက မြို့ခံတွေပါပဲ၊ ကားသမားကတော့ အငှားယာဉ်မောင်းပါ” ဟု မြို့ခံတစ်ဦးကပြောသည်။ နှစ်နာရီခန့် စစ်ဆေးပြီးနောက် မွန်းတည့် ၁၂ နာရီခန့်တွင် ဒေါ်စန္ဒာစိုးနှင့် အငှားယာဉ်မောင်းဖြစ်သူ ကိုခင်‌ဇော်ဝင်းတို့ နှစ်ဦးကို ပြန်လွှတ်ပေးလိုက်ပြီး တရားရေးဆိုင်ရာ စာရွက်စာတမ်းနှင့် အသုံးဆောင်ပစ္စည်းများကိုမူ သိမ်းဆည်းခဲ့ကြောင်း သိရသည်။ ပြီးခဲ့သည့် ဇန်နဝါရီ […]

တနင်္သာရီမြို့နယ်၊ မောတောင်ငယ်ရွာကို စစ်ကောင်စီတပ်က လေယာဉ်ဖြင့်ဗုံးကြဲ

Dawei Watch

February 6, 2024

တနင်္သာရီမြို့နယ်၊ မောတောင်ငယ်ရွာတွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဖေဖော်ဝါရီလ ၅ ရက် မွန်းလွဲ ၁ နာရီ ၄၀ မိနစ်ခန့်တွင် စစ်ကောင်စီတပ်က Mi 2 ရဟတ်ယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း တောင်ပိုင်းညီနောင်စစ်ကြောင်းနှင့် ဒေသခံအချို့က ပြောသည်။ “ကြဲတဲ့အလုံးရေက ၁၁ လုံး၊ လေယာဉ်အမျိုးအစားက ဟယ်လီကော်ပတာ Mi 2 နဲ့လာပြီးပစ်တာ၊ အပေါ်က 81 ကျည်နဲ့ပစ်တယ်။ အဆောက်အဦးနဲ့ ဒေသခံတွေထိခိုက်မှုတော့မရှိဘူး” ဟု တောင်ပိုင်းညီနောင်စစ်ကြောင်းမှ ပြန်ကြားရေးအရာရှိ ကိုစိုင်းညီညီက ပြောသည်။ ထိုင်းနိုင်ငံနယ်စပ် မောတောင်မြို့၏ မြောက်ဘက်တွင်ရှိသည့် မောတောင်ငယ်ရွာသည် ထုံခါ-မောတောင်လမ်းပိုင်းတွင်တည်ရှိပြီး တနင်္သာရီမြို့နယ်၊ သိန်ခွန်းကျေးရွာအုပ်စု၊ သဲဖြူကျေးရွာနှင့်လည်း နီးသည်။ မောတောင်ငယ်မှာ ကရင်တိုင်းရင်းသားများ နေထိုင်သည့် ရွာငယ်လေးတစ်ခုဖြစ်သည်။ ထုံခါ-မောတောင် လမ်းပိုင်းတစ်လျှောက်ကို KTLA တပ်နှင့် တော်လှန်ရေးတပ်များက […]

မင်းပြားမြို့တွင် စစ်ကောင်စီတပ်ရင်းများကို AA သိမ်းလိုက်ပြီဟု သတင်းထွက်

Dawei Watch

February 6, 2024

ရခိုင်ပြည်နယ်၊ မင်းပြားမြို့ရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်များ လက်နက်ချသဖြင့် တပ်ရင်းများကို ရက္ခိုင့်တပ်တော် AA က သိမ်းယူလိုက်ဟု သတင်းထွက်ကြောင်း ဒေသတွင်းသတင်းများနှင့် ဒေသခံအချို့ထံမှ သိရသည်။ မင်းပြားမြို့တွင် စစ်ကောင်စီခြေမြန်တပ်ရင်း ခမရ ၃၇၉၊ ၃၈၀၊ ၅၄၁ တပ်ရင်း သုံးရင်းရှိသည်။ ယင်းအနက် ခမရ ၃၈၀ တပ်ရင်းကို ဇန်နဝါရီလ ၂၈ ရက်တွင် AA က သိမ်းယူခဲ့သည်။ ယနေ့ ဖေဖော်ဝါရီလ ၆ရက်တွင် မင်းပြားမြို့ရှိ တပ်ရင်းများက စစ်ကောင်စီတပ်ဖွဲ့ဝင် တစ်ရာကျော် လက်နက်ချကြပြီး ဌာနဆိုင်ရာ အကြီးအကဲအပါအဝင် မိသားစုဝင်များပါဆိုလျှင် လူငါးရာကျော်ရှိကြောင်း ဒေသတွင်းသတင်းဌာနတစ်ခု ဖြစ်သည့် နိရဉ္စရာသတင်းတစ်ရပ်တွင် ဖော်ပြသည်။ ဒေသခံအချို့ထံ ဆက်သွယ်မေးမြန်းချက်အရလည်း မင်းပြားမြို့ရှိ စစ်ကောင်စီတပ်ရင်းများကို AA က သိမ်းယူလိုက်ပြီဟု ယနေ့ […]

သံဖြူဇရပ်၊ ကရုပ္ပိရွာပြည်သူ့စစ်ခေါင်းဆောင်နှင့်အဖွဲ့ဝင် ပြန်မလွတ်လာသေး

Dawei Watch

February 6, 2024

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၊ ကရုပ္ပိကျေးရွာက ဖမ်းဆီးခံရသည့် ပြည်သူ့စစ်ခေါင်းဆောင်နှင့် အဖွဲ့ဝင်တစ်ဦးတို့ ပြန်လွတ်လာခြင်း မရှိသေးကြောင်း နီးစပ်သည့် ဒေသခံတို့ထံမှ သိရသည်။ ကရုပ္ပိကျေးရွာ ပြည်သူ့စစ်ခေါင်းဆောင် ဦးမောင်စိန်နှင့် အဖွဲ့ဝင် ဦးမောင်ကိုတို့ အပြင် ရော်ဘာခြံ လုပ်သား ဦးမြဝင်း၊ ဦးစိုးမင်းနှင့် ဦးမော်ကွန်းတို့ကို ပြီးခဲ့သည့်ဇန်နဝါရီ ၂၉ ရက်နေ့က တောင်ညိုစစ်ကြောင်း တပ်ခွဲ (၁) က ရော်ခြံတွင် လာရောက်ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်။ ဖမ်းဆီးသွားသူများအနက်မှ ရော်ဘာခြံလုပ်သားသုံးဦးကို ဇန်နဝါရီလ ၃၀ ရက်နေ့က ပြန်လွှတ်ပေးခဲ့ သော်လည်း ပြည်သူ့စစ်ခေါင်းဆောင် ဦးမောင်စိန်နှင့် အဖွဲ့ဝင် ဦးမောင်ကိုတို့ မလွှတ်လာသေးကြေင်း ဒေသခံတို့က ဆိုသည်။ ဦးမောင်စိန်နှင့် ဦးမောင်ကိုတို့ ဖမ်းဆီးခံထားရသည်မှာ တစ်ပတ်ကျော်ကြာလာပြီး သတင်းအစအနလည်း မရဖြစ်နေကြောင်း နီးစပ်သည့်ဒေသခံတစ်ဦးက ပြောဆိုသည်။ “ခြံသမား ၃ […]