မဟာချိုင်ရှိ ဆောက်လုပ်ရေးဆိုဒ်တွင် တရားမဝင် လုပ်ကိုင်နေသော မြန်မာလုပ်သားများ ထပ်မံဖမ်းဆီးခံရ
Dawei Watch
February 8, 2024ထိုင်းနိုင်ငံ စမွတ်စခွန်ခရိုင် မဟာချိုင်ဒေသရှိ ဆောက်လုပ်ရေးလုပ်ငန်းခွင်တစ်ခုတွင် တရားမဝင် လုပ်ကိုင်နေသော မြန်မာအလုပ်သမား ၂၄ ဦးကို ယမန်နေ့ (ဖေဖော်ဝါရီ ၇) က ဖမ်းဆီးရမိခဲ့ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြထားသည်။ မဟာချိုင်ရှိ ဆောက်လုပ်ရေးလုပ်ငန်းတစ်ခုတွင် မြန်မာနိုင်ငံသားများ တရားမဝင် လုပ်ကိုင်နေကြောင်း သတင်းရရှိခဲ့သဖြင့် စမွတ်စခွန် လဝက အရာရှိများက ဆိုဒ်အတွင်း ရှောင်တခင် ဝင်ရောက်စစ်ဆေးခဲ့ခြင်းဖြစ်သည်။ လုပ်ငန်းခွင်ထဲတွင် မြန်မာအလုပ်သမား အမျိုးသား ၁၃ ဦး၊ အမျိုးသမီး ၁၁ ဦး လုပ်ကိုင်နေကြပြီး အလုပ်ရှင်ဖြစ်သော ထိုင်းနိုင်ငံသား လင်မယားနှစ်ဦးက အလုပ်ခန့်ထားသည်မှာ ၁ လခန့်ရှိပြီဖြစ်သည်။ မြန်မာအလုပ်သမားများတွင် အလုပ်လုပ်ခွင့်လက်မှတ်များ မရှိဘဲ လုပ်ကိုင်နေကြသည်ကိုလည်းအလုပ်ရှင်များက သိနေကြပြီးဟုဆိုသည်။ မြန်မာအလုပ်သမားများသည် လုပ်ငန်းခွင်ရှိ ဆောက်လုပ်ရေးတန်းလျားများတွင်ပင် နေထိုင်လုပ်ကိုင်နေကြပြီး လုပ်အားခအဖြစ် အမျိုးသား ၄၀၀ […]


