BREAKING
November 13, 2025

သတင်း

လောင်းလုံးတွင် ဘာသာရပ်အားလုံးကို တစ်ရက်အတွင်း စာမေးပွဲဖြေဆိုခိုင်း

Dawei Watch

February 11, 2024

လောင်းလုံးမြို့ အထက်တန်းကျောင်းတွင် တက်ရောက်သင်ကြားနေသော ကျောင်းသား၊ ကျောင်းသူအချို့အား ဘာသာရပ်အားလုံးကို တစ်ရက်အတွင်း စာမေးပွဲဖြေဆိုခိုင်းကြောင်း မြို့ခံအချို့က ပြောသည်။ Grade 1 မှ Grade 4 အထိ ကျောင်းသား၊ ကျောင်းသူများကို ဖေဖော်ဝါရီလ ၁၁ ရက်နေ့အတွင်းအပြီး ဘာသာရပ်အားလုံးကို ဖြေဆိုခိုင်းခြင်းဖြစ်ကြောင်း မြို့ခံတို့က ဆိုသည်။ Grade 5 နှင့်အထက် ကျန်ကျောင်းသား၊ ကျောင်းသူများမှာ လောင်းလုံးအထက်တန်းကျောင်းတွင် စာမေးပွဲ မဖြေဆိုခိုင်းတော့ဘဲ ထားဝယ်မြို့သို့ ပြောင်းရွေ့ဖြေဆိုရမည်ဟု ဆိုသည်။ “ဘာဖြစ်လို့ ပြောင်းဖြေရလဲတော့ သေချာမသိဘူး။ လုံခြုံရေးအခြေအနေကြောင့်လို့ ပြောတဲ့သူလည်း ပြောတယ်။ တချို့ကလည်း အစိုးရစစ်မို့လို့ ထားဝယ်ပြောင်းဖြေခိုင်းတာလို့ ပြောနေကြတယ်” ဟု မြို့ခံတစ်ဦးက ပြောဆိုသည်။ ယနေ့ လောင်းလုံးအထက်တန်းကျောင်း၌ စာမေးပွဲဖြေဆိုသည့်နေ့တွင် စစ်ကောင်စီတပ်က မြို့တွင်း လုံခြုံရေးတင်းကြပ်ထားကြောင်းလည်း […]

ဖောင်းတောရွာအုပ်ချုပ်ရေးမှူးဟောင်းနှင့် ကံပေါက်ရွာသားတစ်ဦး ထပ်မံဖမ်းဆီးခံရ

Dawei Watch

February 11, 2024

ရေဖြူမြို့နယ်၊ ကံပေါက်ကျေးရွာ၊ မဂ္ဂင်ရပ်ကွက်က ကိုကျော်ဆက်လင်းနှင့် ဖောင်းတောကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးဟောင်း ဦးခင်မောင်သန်း (ခေါ်) ဦးရှုပ်တို့နှစ်ဦး မောရဝတီရေတပ်က လာရောက်ဖမ်းဆီးသွားကြောင်း နီးစပ်သူများထံက သိရသည်။ ဦးခင်မောင်သန်းကို ဖေဖော်ဝါရီလ ၁၀ ညတွင် ဖမ်းဆီးခေါ်ဆောင်သွားပြီး ကိုကျော်ဆက်လင်းကို ယနေ့ ဖေဖော်ဝါရီလ ၁၁ ရက် နံနက်ပိုင်းတွင် ဖမ်းဆီးသွားခြင်းဖြစ်ကြောင်း နီးစပ်သူတို့က ဆိုသည်။ “ည ၁၂ နာရီလောက် အိမ်ကိုဝင်စစ်ပြီး ဦးရှုပ်ကို ခေါ်သွားတယ်။ ကျန်တာတော့ ဘာမှယူမသွားဘူး” ဟု မိသားစုဝင်တစ်ဦး၏ပြောကြားချက်ကို ကိုးကား၍ နီးစပ်သူတစ်ဦးက ပြောသည်။ အာဏာသိမ်းပြီးနောက်ပိုင်း အုပ်ချုပ်ရေးမှူးအဖြစ်မှ အနားယူခဲ့သည့် ဦးရှုပ်၏ နေအိမ်သို့ စစ်ကောင်စီတပ်က နှစ်ကြိမ်ထက်မနည်း လာရောက်ရှာဖွေခဲ့ဖူးကြောင်း ရွာသားများက ဆိုသည်။ “ကျော်ဆက်လင်းကို မနက်တုန်းက လာခေါ်သွားတယ်။ ရေတပ်ကပဲ လာခေါ်သွားတယ်” […]

လောင်းလုံးရှိ မြို့မရဲစခန်းအပါအဝင် ဌာနဆိုင်ရာရုံးအချို့၏ ရုံးသုံးပစ္စည်းများ ပြောင်းရွှေ့

Dawei Watch

February 11, 2024

လောင်းလုံးမြို့ရှိ မြို့မရဲစခန်းအပါအဝင် ဌာနဆိုင်ရာရုံးအချို့ရှိ ရုံးသုံးပစ္စည်းများကို ယနေ့ ဖေဖော်ဝါရီလ ၁၁ရက် နံနက်ပိုင်းတွင် လာရောက်ပြောင်းရွှေ့သွားကြကြောင်း ဒေသခံများနှင့် ပြည်သူကာကွယ်ရေးတပ်ဖွဲ့ဝင်များထံမှ သိရသည်။ ထားဝယ်မြို့က စစ်အင်အားအလုံးအရင်းဖြင့် ယနေ့ နံနက် ၇ နာရီခန့်တွင် လာရောက်ပြောင်းရွှေ့သွားခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးကပြောသည်။ “ရဲစခန်းထဲက ပစ္စည်းတွေ သယ်ထုတ်နေတာလို့ ကြားတယ်” ဟု ၎င်းက ပြောဆိုသည်။ ယနေ့ နံနက် ၉ နာရီခန့်တွင် ကားကြီး၊ ကားငယ် ခုနစ်စီးခန့်ဖြင့် စာရွက်စာတမ်းများ တင်ဆောင်ပြီး ထားဝယ်မြို့ဘက်သို့ ထွက်ခွာသွားကြကြောင်း ဒေသခံများက ဆိုသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၆ ရက်နေ့ကလည်း လောင်းလုံးမြို့နယ်တရားရုံးက တရားရေးဆိုင်ရာ စာရွက်စာတမ်းများ သယ်ဆောင်လာသည့် ကားတစ်စီးကို လောင်းလုံး-ထားဝယ် လမ်းပိုင်းတစ်‌နေရာတွင် နွေဦးပြောက်ကျားတပ်ဖွဲ့နှင့် ပူးပေါင်းတပ်ဖွဲ့တို့က ဖမ်းဆီးပြီး စာရွက်စာတမ်းများကို […]

မြိတ်ဂရုဏာ နာရေးကူညီမှုအသင်းရုံးခန်း မီးလောင်

Dawei Watch

February 11, 2024

မြိတ်မြို့ ၊ ဇေယျာသီရိ ၂ ရပ်ကွက် ၊ အောင်သပြေလမ်းတွင် တည်ရှိသည့် ဂရုဏာ နာရေးကူညီမှုအသင်းရုံးခန်း ယနေ့(ဖေဖော်ဝါရီလ ၁၁) မနက် ၂နာရီ၂၀မိနစ်တွင် မီးလောင်ခဲ့ကြောင်း ယင်းအသင်းထံကသိရသည်။ မီးလောင်မှုကြောင့် ပျက်စီးဆုံးရှုံးသည့်ပမာဏ ကို ဂရုဏာအသင်းတာဝန်ရှိသူထံဆက်သွယ်မေးမြန်းရာ “ မီးလောင်ပြင် သန့်ရှင်းရေးလုပ်နေတုန်းပဲ ရှိသေးတယ် ။ ထိခိုက်ပျက်စီးသွားတာကို ပြောလို့မရသေးဘူး” ဟု ဖြေကြားသည်။ အဆိုပါမီးလောင်မှုအတွင်း လူထိခိုက်ဒဏ်ရာရမှုမရှိကြောင်း ၎င်းက ဆက်ပြောသည်။ မီးလောင်ရသည့်အကြောင်းအရင်း နှင့်ပတ်သက်၍ မြိတ်ခရိုင်မီးသတ်ဦးဌာနသို့ဆက်သွယ်မေးမြန်းရာ လုပ်ငန်းကိစ္စများ ဆောက်ရွက်နေဆဲဖြစ်သဖြင့် မဖြေကြားနိုင်သေးကြောင်း အကြောင်းပြန်ကြားသည်။ မြန်မာနိုင်ငံမီးသတ်ဦးစီးဌာနက ထုတ်ပြန်သည့် ဓာတ်ပုံမှတ်တမ်းများအရ ရုံးခန်းနှင့်လူနာတင်ယာဥ်တစ်စီး မီးလောင်ပျက်စီးနေကြောင်း တွေ့ရသည်။ ယခုနှစ်ဆန်းပိုင်း၌ မြိတ်ခရိုင်တွင် မီးလောင်မှုအနေဖြင့် မြိတ်မြို့တွင်၅ကြိမ်၊ပလောက်မြို့တွင် တစ်ကြိမ် စုစုပေါင်း ၆ ကြိမ်ဖြစ်ပွားခဲ့သည်။

တစ်ပတ်အတွင်း မြန်မာ့ရေးရာ

Dawei Watch

February 10, 2024

မြန်မာနိုင်ငံတစ်ဝန်း ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်များထဲမှ ထူးခြားဖြစ်စဉ်များကို ကောက်နုတ်ကာ အပတ်စဉ် တနင်္ဂနွေနေ့တိုင်းတွင် စုစည်းဖော်ပြပေးသွားမည်ဖြစ်ပါသည်။ ဖေဖော်ဝါရီလ ၄ ရက်နေ့မှ ၁၀ ရက်နေ့အထိ တစ်လကျော်ကာလမှာ လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေး ၂၀ သေဆုံး တစ်လကျော်ကာလမှာ လေကြောင်းတိုက်ခိုက်တာကြောင့် ကလေးငယ် ၂၀ဦး သေဆုံးတယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP က ထုတ်ပြန်ထားပါတယ်။ ဒီနှစ် ဇန်နဝါရီလ ၁ ရက်နေ့ကနေ ဖေဖော်ဝါရီလ ၇ ရက်နေ့အထိ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် အသက် ၁၈နှစ်အောက် မိန်းကလေး လေးဦးနဲ့ ယောင်္ကျားလေး ၁၆ ဦး သေဆုံးခဲ့တာလို့ ဖေဖော်ဝါရီလ ၇ ရက်နေ့က ထုတ်ပြန်ပါတယ်။ လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးသူ လူကြီး၊ လူငယ် စုစုပေါင်း ၄၅ ဦးအထိ […]

၁၈ နှစ်ပြည့်သူတိုင်း စစ်​ကောင်စီတပ်ထဲ ဝင်ရမည့်ဥပဒေ စစ်​ခေါင်း​ဆောင် လက်မှတ်ထိုး

Dawei Watch

February 10, 2024

အသက် ၁၈ နှစ်ပြည့်သူတိုင်း စစ်​ကောင်စီတပ်ထဲ ဝင်​ရောက်ရမည့် ပြည်သူ့စစ်မှုထမ်းဥပဒေကို စစ်​ခေါင်း​ဆောင် ဗိုလ်ချုပ်မှူးကြီး မင်း​အောင်လှိုင်က ဖေဖော်ဝါရီလ ၁၀ ရက်(ယနေ့)တွင် လက်မှတ်​ရေးထိုး ထုတ်ပြန်လိုက်သည်။ အချိန်အနည်းဆုံး ၂ နှစ် (၂၄ လ)စစ်မှုထမ်းရမည့် အဆိုပါဥပဒေကို စစ်အာဏာရှင်ဟောင်း ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ဦးဆောင်သည့် နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ လက်ထက် ၂၀၁၀ ပြည့်နှစ်က ပြဌာန်းခဲ့ခြင်းဖြစ်သည်။ အဆိုပါ ဥပဒေအရ အမျိုးသားဖြစ်ပါက အသက် ၁၈ နှစ်မှ ၃၅ နှစ်မပြည့်သေးသူများနှင့် အမျိုးသမီးဖြစ်ပါက ၁၈ နှစ်မှ ၂၇ နှစ်မပြည့်သေးသူများဟုဆိုကာ ခွဲခြားထားပြီး မဖြစ်မနေ စစ်မှုထမ်းရမည်ဟု ရေးသားထားသည်။ စစ်အာဏာသိမ်ပြီးနောက် နိုင်ငံတဝန်း မြို့သိမ်း စခန်းသိမ်းတိုက်ပွဲများ နေရာအနှံ့ဖြစ်ပွားပြီး စစ်ကောင်စီတပ်အင်အား အများအပြား ပြုန်းတီးနေချိန်တွင် ပြည်သူ့စစ်မှုထမ်းဥပဒေကို […]

စစ်​ကောင်စီက ကံပေါက်တိုက်နယ်တွင် ဖမ်းဆီးမှုများ ဆက်တိုက်လုပ်​ဆောင်

Dawei Watch

February 10, 2024

ရေဖြူမြို့နယ် ၊ ကံပေါက်ကျေးရွာအုပ်စု ၊ အုန်းပင်ကွင်းကျေးရွာအုပ်စု နှင့် ဖောင်းတောကျေးရွာအုပ်စုတို့တွင် ဖေဖော်ဝါရီလ ပထမအပတ်အတွင်း ဖမ်းဆီးခံရသူ ၄ ဦးအထိရှိပြီး စစ်ဆေးတင်းကြပ်မှုလည်း ယခင်ကထက်ပိုမိုလုပ်ဆောင်လာကြောင်း ဒေသခံများထံကသိရသည်။ ဖေဖော်ဝါရီလ ၄ ရက်နေ့ တစ်ညတည်းတွင်ပင် အုန်းပင်ကွင်းရွာတွင် စားသောက်ဆိုင်ဖွင့်လှစ်ထားသည့် ကိုကျော်ဇင်နှင့် ၎င်း၏ဇနီး ၊ဖောင်းတောရွာမှ ကိုထွန်းပိုင်နှင့်ဇနီးဖြစ်သူမလဲ့ချို စုစုပေါင်း လေးဦး အဖမ်းခံခဲ့ရသည်။ “ကိုကျော်ဇင်တို့လင်မယားနဲ့ ကိုထွန်းပိုင်တို့လင်မယား အဖမ်းခံရတာ ၅ရက်လောက်တောင်ရှိပြီ။ အခုထိတော့ပြန်မလွတ်လာသေးဘူး“ ဟု အုန်းပင်ကွင်းရွာသားတစ်ဦးက ပြောသည်။ အဆိုပါ အဖမ်းခံရသူလေးဦးစလုံးကို မောရဝတီရေတပ်က စစ်ကောင်စီတပ်သားများ လာရောက်ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး ဖမ်းဆီးရသည့်အကြောင်းအရင်းကိုမသိရသေးပေ။ ဖေဖော်ဝါရီလ ၆ ရက် ညကလည်း ကံပေါက်ရွာတွင် နေအိမ်တစ်လုံးကိုမောရဝတီရေတပ်စစ်သားများလာရောက်ရှာဖွေခဲ့သေးကြောင်း ရွာသားများကပြောသည်။ ကံပေါက်တိုယ်နယ် နှင့် နဘုလယ်တိုက်နယ် ကို တိုက်ရိုက်သွားလာနိုင်သည့် ကံပေါက်- […]

မြန်မာပြည်အတွက် လူထုတေးသံ

Dawei Watch

February 10, 2024

စစ်အာဏာသိမ်းမှု ၃ နှစ်ရှိလာသော်လည်း မြန်မာပြည်သားများနှင့်အတူ ရပ်တည်လျက်ရှိကြောင်း ပြသသည့်အနေဖြင့် ထိုင်းနိုင်ငံသားများက မြန်မာနိုင်ငံသားများနှင့်အတူ မြန်မာပြည်အတွက် လူထုတေးသံ အစီအစဉ်ကို ကျင်းပခဲ့သည်။ ယင်းအစီအစဉ်ကို ဘန်ကောက်မြို့ lido connect ခန်းမတွင် ယနေ့ညနေ ၄ နာရီမှစ၍ ကျင်းပခဲ့ခြင်းဖြစ်သည်။ အစီအစဉ်တွင် မြန်မာပြည်သူများ၏ အသံများ၊ သံချပ်များ၊ တော်လှန်ရေးသီချင်းများ ပါဝင်ခဲ့သည်။ အစီအစဉ်မှရရှိသော ရန်ပုံငွေများကို မြန်မာနိုင်ငံရှိ စစ်ဘေးရှောင်များအတွက် လှူဒါန်းသွားမည်ဖြစ်ကြောင်း ပွဲစီစဉ်သူများထံမှ သိရသည်။ ပွဲကျင်းပြရသည့်ရည်ရွယ်ချက်မှာ မြန်မာပြည်သူများ၏ အသံကို နိုင်ငံတကာက မမေ့စေရန်၊ ကျယ်ကျယ်လောင်လောင် ကြားနိုင်ရန် အဓိက ရည်ရွယ်ထားကြောင်း ပွဲစီစဉ်သူတစ်ဦးက ပြောသည်။