BREAKING
November 13, 2025

သတင်း

မီဒီယာထံ သတင်းပေါက်သည်ဟုဆိုကာ ကော့သောင်း ကံမော်ကြီးရွာသားများကို စစ်ကောင်စီတပ်ခြိမ်းခြောက်

Dawei Watch

February 14, 2024

ဒေသခံများကို ဖမ်းဆီးရိုက်နှက်ခဲ့ဖူးသည့်ဖြစ်စဉ်ကို သတင်းဌာနထံ ဖြေကြားပေးသည်ဟုဆိုကာ ကော့သောင်းခရိုင် ကရသူရိမြို့ရှိ ကံမော်ကြီးရွာသားများကို ကျေးရွာအုပ်ချုပ်ရေးအဖွဲ့မှတစ်ဆင့် စစ်ကောင်စီတပ်က ခြိမ်းခြောက်ခဲ့ကြောင်း ဒေသခံအချို့ထံမှ သိရသည်။ ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလ ၂၄ ရက်နေ့က အင်အား ၅၀ ခန့်ပါသည့် စစ်ကောင်စီတပ်က စစ်သင်္ဘောဖြင့် ဝင်လာပြီး PDFများကို လာရှာသည်ဟုဆိုကာ ကင်းပုန်းလာဝပ်ချိန် ဒေသခံလူငယ် ၃ ဦးကို ရိုက်နှက်စစ်ဆေးခဲ့သလို အမျိုးသမီးတစ်ဦးကိုလည်း ၎င်းတို့ သွားလေရာဖမ်းခေါ်သွားပြီး နောက်ပိုင်းမှ ပြန်လွှတ်ခဲ့ဖူးကြောင်း Dawei Watch က သတင်းဖော်ပြခဲ့သည်။ ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ ဒေသခံအချို့က သတင်းဌာနထံ ပြောကြားသည်ဟုဆိုကာ ကံမော်ကြီးရွာ၏ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးဖြစ်သည့် ဦးစံရွှေအောင် အပါအဝင် အုပ်ချုပ်ရေးအဖွဲ့ဝင်ဆယ်ဦးခန့်ကို ဖေဖော်ဝါရီလ ၁၀ ရက်နေ့က ဘာလိအော်ရွာရှိ စစ်ကောင်စီတပ်စခန်းသို့ခေါ်ပြီး ခြိမ်းခြောက်ပြောဆိုခဲ့ကြောင်း […]

မြိတ်ထောင်မှ အကျဥ်းသားအချို့ ကို ပြောင်းရွှေ့

Dawei Watch

February 14, 2024

မြိတ်မြို့ရှိ အကျဥ်းထောင်မှ အကျဥ်းသားအချို့ကို ယနေ့ (ဖေဖော်ဝါရီ ၁၄) တွင် ရွှေ့ပြောင်းမှုများပြုလုပ်နေကြောင်း မြိတ်မြို့ခံများထံကသိရသည်။ အကျဥ်းသူ ၅၀ ဝန်းကျင်ခန့် အပါအဝင် အကျဥ်းသားဦးရေ ၃၀၀ ခန့် ပြောင်းရွှေ့ရာတွင်ပါဝင်ကြောင်း အတည်ပြုနိုင်ပြီး နိုင်ငံရေးအကျဥ်သားများ ပါဝင်ခြင်းရှိမရှိကိုမူ အတည်မပြုနိုင်ကြောင်း မြိတ်ထောင်မှ နိုင်ငံရေးအကျဥ်းသားဟောင်းတစ်ဦးက ပြောသည်။ “ အကျဥ်းသားတွေကို သယ်ဆောင်သွားတာတွေ့ရတယ်။ အင်းလေးမြိုင်ဘက်ကနေ ရွှေ့ဆောင်သွားတယ်။ အင်းလေမြိုင်ဘက်ကိုရွှေ့တော့ နည်းနည်းစဥ်စားစရာရှိတယ်။ အဲဒါက မြို့ပြင်လည်းမဟုတ်ဘူး။ ရေကြောင်းနဲ့ရွှေ့ဖို့ထင်တယ်“ ဟု ၎င်းကဆက်ပြောသည်။ အကျဥ်းသားများပြောင်းရွှေ့ရန် ပြီးခဲ့သည့်လကတည်းက သတင်းများထွက်ပေါ်ခဲ့ပြီး ၅ နှစ်အထက် အကျဥ်းသားများကို ရွှေ့ပြောင်းရန်စီစဥ်နေကြောင်း အကျဥ်းထောင်နှင့်နီးစပ်သူများထံကသိရသည်။ ရွှေ့ပြောင်းမည့်အကျဥ်းသားများကို ကော့သောင်းထောင်နှင့်မော်လမြိုင်ထောင်များသို့ ပို့ဆောင်မည်ဟု ကြားသိရကြောင်း ၎င်းတို့ကဆိုသည်။ အကျဥ်းသားများ ရွှေ့ပြောင်းနေမှုနှင့်ပတ်သက်၍ မြိတ်အကျဥ်းထောင်ဘက်ကို ဖုန်းဖြင့်ဆက်သွယ်ခဲ့သော်လည်း လက်ခံဖြေဆိုခြင်းမရှိခဲ့ပေ။ ယနေ့ […]

စစ်မှုထမ်းဥပဒေပြဋ္ဌာန်းပြီးနောက် PDF ထဲဝင်ရန် ဆက်သွယ်သူများလာ

Dawei Watch

February 14, 2024

စစ်ကောင်စီက ပြည်သူ့စစ်မှုထမ်းဥပဒေကို အသက်သွင်းပြဋ္ဌာန်းလိုက်ပြီးနောက်ပိုင်းတွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ ထံတွင် တာဝန်ထမ်းဆောင်ရန် ဆက်သွယ်စာရင်းပေးလာသူ များပြားလာကြောင်း တနင်္သာရီတိုင်းတွင်းက တော်လှန်ရေး အင်အားစုများထံက သိရသည်။ ၂၀၁၀ ပြည့်နှစ်တွင် စစ်အာဏာရှင်ဟောင်း ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ပြဋ္ဌာန်းခဲ့သည့် အရွယ်ရောက်သူ နိုင်ငံသားတိုင်း စစ်တပ်ထဲတွင် ၂ နှစ်မှ ၅ အထိ တာဝန်ထမ်းဆောင်ရမည်ဆိုသည့် ပြည်သူ့စစ်မှုထမ်းဥပဒေကို စစ်ကောင်စီက ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် စတင်အသက်သွင်းခဲ့သည်။ ယင်းဥပဒေကို အသက်သွင်းပြီးနောက်ပိုင်း စစ်ကောင်စီတပ်ထံ စစ်မှုမထမ်းလိုသဖြင့် တော်လှန်ရေးအဖွဲ့များထံ စစ်မှုထမ်းရန် ဆက်သွယ်လာသူများလာခြင်းဖြစ်ကြောင်း တနင်္သာရီတိုင်းတွင်းရှိ တော်လှန်ရေးအင်အားစုများနှင့် တော်လှန်ရေးတပ်ဖွဲ့ဝင် အချို့က ဆိုသည်။ ထားဝယ်မြို့မှ လူငယ်အမျိုးသားတစ်ဦးက မဖြစ်မနေ စစ်မှုထမ်းရလျှင် တော်လှန်ရေးတပ်ဖွဲ့များထံတွင်သာ ထမ်းဆောင်မည် ဖြစ်ကြောင်း ပြောဆိုသည်။ “စစ်ကောင်စီတပ်ထဲသွားလည်း သေမယ့်အတူတူ PDF ထဲပဲ […]

ထိုင်းတွင် ဒစ်ဂျစ်တယ်သမားများကို နှစ်ရှည်ဗီဇာပေးရန် အဆိုပြု

Dawei Watch

February 14, 2024

ကမ္ဘာတဝန်းမှ ရွှေ့လျား ဒစ်ဂျစ်တယ်သမားများကို ထိုင်းနိုင်ငံက နှစ်ရှည်ဗီဇာပေးရန် အစိုးရနှင့် ပုဂ္ဂလိကကော်မတီအဖွဲ့က ပူးပေါင်း အဆိုတင်သွင်းခဲ့ကြောင်း ထိုင်းဝန်ကြီးချုပ်အကြံပေးက ယနေ့တွင် ပြောကြားခဲ့သည်။ Remote workers သမားဟု အများစုခေါ်ကြသော ရွေ့လျားသွားလာရင်း ကွန်ပြူတစ်လုံးဖြင့် အလုပ်လုပ်ကိုင်ကြမည့် ဒစ်ဂျစ်တယ် ကျွမ်းကျင်သူများ (Digital nomads) များအတွက် ထိုင်းနိုင်ငံတွင် တရားဝင် ရေရှည်လာရောက်လုပ်ကိုင်နိုင်ရန် နှစ်ရှည်ဗီဇာပေးနိုင်ရေး ဆွေးနွေးခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။ ထိုင်းနိုင်ငံ၏ ကုန်ကျစရိတ်သက်သာမှု၊ ပွဲတော်များဖြင့် စည်ကားမှု၊ ကမ်းခြေများ၊ ကျွန်းများက ရွေ့လျားအလုပ်လုပ်သူများကြား ရေပန်းစားနေခဲ့ပြီး ကိုယ်ပိုင်လုပ်ငန်းရှင်များ၊ ရွေ့လျားအလုပ်လုပ်သူများ (Remote workers) ၊ စွန့်ဦးတီထွင်အလုပ်လုပ်သူများ စသော အွန်လိုင်းကအလုပ်လုပ်သူများစွာ လာရောက်နေထိုင်လုပ်ကိုင်နေကြသည်။ ထိုင်းနိုင်ငံတွင် ဒစ်ဂျစ်တယ်ရွှေ့လျားသမားများ နေထိုင်မှုများပြားခဲ့ပြီး တရားဝင် ဒစ်ဂျစ်တယ် နှစ်ရှည်ဗီဇာမရကြဘဲ ခရီးသွားဗီဇာနှင့် အခြား […]

ထိုင်းတွင် ပြစ်ဒဏ်ကျခံပြီးသည့် မြန်မာလုပ်သား ၂၀၀ ကျော်ကို ကော့သောင်းဘက်ပြန်ပို့

Dawei Watch

February 14, 2024

ထိုင်းနိုင်ငံတောင်ပိုင်းတွင် အကြောင်းအမျိုးမျိုးကြောင့် ပြစ်ဒဏ်ကျခံခဲ့ပြီးသော မြန်မာအလုပ်သမား ၂၀၀ ကျော် ကို ယနေ့ ဖေဖော်ဝါရီ ၁၄ ရက် နေ့လယ်ပိုင်းတွင် ရနောင်းမြို့မှတစ်ဆင့် ကော့သောင်းမြို့သို့ ပြန်လည် ပို့ဆောင်ပေး ခဲ့ကြောင်း ရွှေအဏ္ဏဝါပရဟိတလူငယ်အဖွဲ့ထံမှ သိရသည်။ မြန်မာအလုပ်သမားများသည် ထိုင်းနိုင်ငံတောင်ပိုင်းရှိ အချုပ်များတွင် ပြစ်ဒဏ်အမျိုးမျိုးဖြင့် ကျခံခဲ့ရပြီးနောက် ရနောင်းလဝကထိန်းသိမ်းရေးစခန်းတွင် ထိန်းသိမ်းခံခဲ့ရပြီး မြန်မာနိုင်ငံသို့ ပြန်လည်ပို့ဆောင်ပေးခဲ့ခြင်းဖြစ်သည်။ အလုပ်သမားများကို ရနောင်းမြို့မှတစ်ဆင့် စက်လှေများဖြင့် ကော့သောင်းမြို့သို့ ပြန်လည်ပို့ဆောင်ပေးခဲ့ခြင်းဖြစ်သည်။ နေရပ်ပြန်ပို့ခံရသူများတွင် မြန်မာအလုပ်သမား အမျိုးသား ၁၆၀ ဦးနှင့် အမျိုးသမီး ၄၆ ဦး ပါဝင်ကြောင်း အဖွဲ့တာဝန်ရှိသူထံမှ သိရသည်။ နေရပ်ပြန်ရောက်လာသော မြန်မာနိုင်ငံသားများကို မြန်မာနိုင်ငံသားဖြစ်ကြောင်း စိစစ်ပြီး နောက်ပိုင်းတွင် မိမိနေရပ်အသီးသီးသို့ ပြန်လည်ပို့ဆောင်မည်ဖြစ်ကြောင်း ရွှေအဏ္ဏဝါပရဟိတလူငယ်အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ “သူတို့ကို […]

ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုအဖွဲ့ကို ဖွဲ့စည်း၊ သင်္ကြန်အပြီးတွင် စစ်မှုထမ်းစခေါ်မည်ဟု စစ်ကောင်စီဆို

Dawei Watch

February 14, 2024

ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုအဖွဲ့ကို စစ်ကောင်စီက ဖွဲ့စည်းလိုက်ပြီး ဧပြီလ နှစ်သစ်ကူး ရုံးပိတ်ရက်အပြီး ကာလတွင် စစ်မှုထမ်းစခေါ်မည်ဖြစ်ကြောင်း စစ်ကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသည်။ စစ်ကောင်စီ ဒုတိဝန်ကြီးချုပ်လည်းဖြစ် ကာကွယ်ရေးဝန်ကြီးလည်းဖြစ်သူ ဦးဆောင်ပြီး ၁၈ဦးပါဝင်သည့် ပြည်သူ့စစ်မှုထမ်း ဆင့်ခေါ်ရေး ဗဟိုအဖွဲ့ကို စစ်ကောင်စီက ဖေဖော်ဝါရီလ ၁၃ ရက်တွင် ဖွဲ့စည်းလိုက်ခြင်းဖြစ်သည်။ ဧပြီလ သင်္ကြန်နှစ်သစ်ကူးရုံးပိတ်ရက်ကာလပြီးတွင်း စစ်မှုထမ်းစတင်ခေါ်ယူမည်ဖြစ်ပြီး အပတ်စဉ် တစ်ခုလျှင် လူဦးရေ ငါးထောင်အထိ ခေါ်ယူမည်ဖြစ်ကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ဘီဘီစီမြန်မာပိုင်းနှင့် အင်တာဗျူးတွင် ပြောဆိုထားသည်။ ပြည်သူ့စစ်မှုထမ်း ခေါ်ယူသူများကို ရှေ့တန်းသို့လွှတ်မည်လောဟု မေးမြန်းရာ ဗိုလ်ချုပ်ဇော်မင်းထွန်းက “သူရဲ့ ကျွမ်းကျင်မှု တတ်မြောက်မှုအပေါ် မူတည်လိမ့်မယ်။ စစ်တိုက်တာ တစ်ခုတည်းနဲ့ နိုင်ငံတော်ကာကွယ်ရေးတာဝန် ထမ်းဆောင်တာ မဟုတ်ပါဘူး” ဟု ဖြေကြားခဲ့သည်။ အသက် ၁၈နှစ်ပြည့်ပြီးသူ့တိုင်း […]

လူသန်း ၂၀၀ ကျော်မဲပေးမည့် ကမ္ဘာ့အကြီးဆုံး တစ်ရက်တည်းရွေးကောက်ပွဲ အင်ဒိုနီးရှားတွင် ယ​နေ့ကျင်းပ

Dawei Watch

February 14, 2024

အင်ဒိုနီးရှားနိုင်ငံတွင် တစ်ရက်တည်း ကျင်းပမည့် ကမ္ဘာ့အကြီးဆုံးရွေးကောက်ပွဲကို ယနေ့ မနက်ပိုင်းက စတင်ကျင်းပနေပြီဖြစ်သည်။ ရွေးကောက်ပွဲတွင် မဲပေးခွင့်ရှိသူဦးရေ လူပေါင်း ၂၀၅ သန်းကျော် ပါဝင်လာမည်ဖြစ်ပြီး ရွေးကောက်ပွဲကိုလည်း တစ်ရက်တည်း ကျင်းပသော ကမ္ဘာ့အကြီးဆုံး ရွေးကောက်ပွဲဖြစ်သည်။ ကျွန်းပေါင်း ၁၈,၀၀၀ ကျော်က အင်ဒိုနီးရှားပြည်သူ သန်း ၂၀၀ ကျော်သည် မတူညီသည့် အချိန်ဇုန် အပိုင်းအခြား ၃ ခုတွင် မဲပေးကြမည်ဖြစ်သည်။ ယခုရွေးကောက်ပွဲတွင် သမ္မတ၊ ဒုသမ္မတနှင့် လွှတ်တော်ကိုယ်စားလှယ်များကို ရွေးချယ်ကြမည်ဖြစ်သည်။ အင်ဒိုနီးရှားလူငယ်များက တိုင်းပြည်အနာဂတ်ကို ရွေးချယ်ကြမည်ဖြစ်ပြီး မဲပေးခွင့်ရှိသူများတွင် အသက် ၄၀ အောက်လူငယ်များက တစ်ဝက်ပါဝင်နေကြောင်း ရွေးကောက်ပွဲကော်မရှင် စာရင်းအရ သိရသည်။ ရွေးကောက်ပွဲတွင် အသက် ၇၂ နှစ်အရွယ် ဗိုလ်ချုပ်ကြီးဟောင်း ကာကွယ်ရေးဝန်ကြီးဟောင်း ပရာဘိုဝို ဆူဘီယန်တို […]

ကျောက်တော်မြို့ကို သိမ်းယူထိန်းချုပ်ထားသည့် AA

Dawei Watch

February 14, 2024

ကျောက်တော်မြို့အခြေစိုက် စစ်ကောင်စီတပ်ရင်းများကို သိမ်းယူပြီး မြို့ကိုထိန်းချုပ်ထားသည့် ဓာတ်ပုံမှတ်တမ်းများကို ရက္ခိုင့်တပ်တော် AA က ဖေဖော်ဝါရီလ ၁၃ ရက်တွင် ထုတ်ပြန်သည်။ ကျောက်တော်အခြေစိုက် စစ်ကောင်စီ၏ ခမရ (၃၇၄) ၊ ခမရ (၃၇၅) ၊ ခမရ (၃၇၆) နှင့် တပ်မဌာနချုပ် စကခ (၉) တို့ကို သိမ်းယူပြီး မြို့ကိုထိန်းချုပ်ထားခြင်း ဖြစ်သည်။ စစ်ကောင်စီတပ်ဌာနချုပ်၊ တပ်ရင်းစခန်းအားလုံးကို သိမ်းယူပြီးနောက် ရရှိသည့် လက်နက်ခဲယမ်းများနှင့် ဌာနဆိုင်ရာရုံးများရှေ့တွင် AA တပ်ဖွဲ့ဝင်များ ရိုက်ကူးထားသည့် ဓာတ်ပုံမှတ်တမ်းများကို ထုတ်ပြန်ထားသည်။ ကျောက်တော်မြို့ကို ဖေဖော်ဝါရီလ ၇ ရက်နေ့တွင် AA က သိမ်းယူခဲ့ခြင်းဖြစ်သည်။