ပုလောတွင် မြေမြှုပ်မိုင်းကြောင့် အရပ်သားထိခိုက်မှုများလာ
Dawei Watch
November 25, 2024ပုလောမြို့နယ်အတွင်း မြေမြှုပ်မိုင်းပေါက်ကွဲမှုကြောင့် အရပ်သားထိခိုက်မှု များလာကြောင်း ဒေသခံများထံမှ သိရသည်။ အောက်တိုဘာလနှင့် နိုဝင်ဘာလအတွင်း မြေမြှုပ်မိုင်းပေါက်ကွဲမှုကြောင့် ဒဏ်ရာရသည့်ဖြစ်စဉ် ငါးကြိမ်ထက်မနည်းရှိခဲ့ပြီး ဆယ်ကျော်သက်တစ်ဦးအပါအဝင် အရပ်သားခြောက်ဦး ဒဏ်ရာရကြောင်း ဒေသခံများက ပြောသည်။ အရပ်သားပြည်သူများ အဓိကအသုံးပြုသွားလာနေသည့် လမ်းများ၊ ဥယျာဉ်ခြံသွားလမ်းနှင့် ကျေးရွာချင်းဆက် လမ်းများတွင် အများဆုံးပေါက်ကွဲခဲ့ကြောင်း ပုလောဒေသခံတစ်ဦးက ဆိုသည်။ “မိုင်းထိတဲ့ လူများလာတယ်။ တိုက်ပွဲဖြစ်ခဲ့တဲ့နေရာတိုင်းကို (မိုင်း) ပေါက်နေတာပါ။ ထိလိုက်ရင်လည်း ပြင်းပြင်း ထန်ထန်ကြီးတွေ။ ကိုယ်တွေတောင် ဘယ်အချိန်ထိမလဲ စိတ်ပူနေရတယ်” ဟု ၎င်းက ပြောသည်။ နိုဝင်ဘာလ ၁၇ ရက်တွင် စပူပြင် (လေးမိုင်) ကျေးရွာမှ ဥယျာဉ်ခြံသို့ သွားသည့် ဇနီးမောင်နှံနှစ်ဦးထိခိုက်သလို ၂၀ ရက် တွင်လည်း ကဒဲရွာတွင် မိုင်းပေါက်သည့်အတွက် ဆိုင်ကယ်စီးလာသည့် အမျိုးသားတစ်ဦး […]


