ဘုတ်ပြင်းက အလယ်မန်ရွာတွင် ဂုံးချော အထွက်များနေပြီး ဈေးကောင်းရ
Dawei Watch
December 30, 2024ဘုတ်ပြင်းမြို့နယ် အလယ်မန်ကျေးရွာတွင် ရှပ် ဟုခေါ်သည့် ဂုံးချော ယခုနှစ် အထွက်များနေပြီး ဈေးကောင်းရနေကြောင်း ဒေသခံများထံမှ သိရသည်။ အလယ်မန်ကျေးရွာ၏ အနောက်ဘက်ပင်လယ်ကမ်းစပ်တွင် ဒီဇင်ဘာလ ၂၀ရက်မှစကာ ရှပ် အများအပြား ပေါ်နေကြောင်း ဒေသခံများထံမှ သိရသည်။ “ရှပ် မပေါ်ဘဲနေတာ တော်တော်ကြာပြီ။ အခုတစ်ပြင်လုံးရှပ်တွေ အားပဲ (အရမ်း) ပေါ်နေတာ” ဟု အလယ်မန်ကျေးရွာနေ အမျိုးသမီးတစ်ဦးက ပြောသည်။ လက်ရှိတွင် ရှပ်တစ်ကီလိုလျှင် ကျပ်ငါးထောင် ပေါက်ဈေးရှိနေကြောင်း ဒေသခံများထံမှ သိရသည်။ ယမန်နှစ်ကမူ ရှပ်တစ်ကီလိုလျှင် ကျပ် သုံးထောင်ကျော်သာ ဈေးရခဲ့ကြောင်း ၎င်းတို့က ဆိုသည်။ “ရှပ်ငုပ်လှေတွေလည်း တအားပဲ (အရမ်းများတယ်)။ တချို့ဆို ပင်လယ်ငါးဖမ်းတောင် မထွက်ကြတော့ဘူး။ ရှပ်ပဲလာငုပ်နေကြတယ်” ဟု အလယ်မန်ကျေးရွာနေ အမျိုးသမီးအခြားတစ်ဦးက ပြောသည်။ လက်ရှိတွင် […]


