ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

တနင်္သာရီတွင် CDM စစ်သားတစ်ဦးက အသက် ၁၅ နှစ်အရွယ် ကျောင်းသူကို မုဒိမ်းကျင့်

Dawei Watch

December 30, 2024

တနင်္သာရီမြို့နယ်ရှိ ကျေးရွာတစ်ရွာမှ အသက် ၁၅ နှစ်အရွယ် ၇ တန်းကျောင်းသူကို CDM စစ်သားတစ်ဦးက မုဒိမ်းကျင့်ခဲ့ကြောင်း မြို့နယ်ပညာရေးဘုတ်အဖွဲ့(ယာယီ) က ယနေ့ထုတ်ပြန်သည်။ ဒီဇင်ဘာလ ၉ ရက်ညက ၇ တန်းကျောင်းသူနေအိမ်တွင် မောင်နှမများနှင့်အတူ အိပ်ပျော်နေစဉ် CDM စစ်သားက ‌ကျောင်းသူအိပ်ခန်းသို့‌ ဝင်လာခဲ့ကြောင်း၊ ကျောင်းသူ လည်ပင်းကို ဓားထောက်ခြိမ်းခြောက်ကာ အဓမ္မပြုကျင့်( မုဒိမ်းကျင့်) ခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ယင်းညက ကျောင်းသူ၏ မိဘနှစ်ပါးမှာ စပါးရိတ်သိမ်းရန် လယ်ထဲသို့သွားနေခဲ့ပြီး နောက်ရက် နံနက်ပိုင်း လယ်ထဲမှပြန်လာချိန်တွင် မုဒိမ်းကျင့်ခံရသည့်အကြောင်းကို ကျောင်းသူက ဖွင့်ပြောပြခဲ့ကြောင်း သိရသည်။ မုဒိမ်းကျင့်ခဲ့သည့် အသက် ၃၅ နှစ်အရွယ် အိမ်ထောင်ရှင် CDM စစ်သားကို တော်လှန်ရေးတပ်ဖွဲ့က ဖမ်းဆီးထိန်းသိမ်းထားကြောင်း ယင်းဖြစ်စဉ်ကို သိသည့် […]

ထားဝယ်မြို့ပေါ်တွင် အမျိုးသမီးအလောင်းတွေ့

Dawei Watch

December 30, 2024

ထားဝယ်မြို့ပေါ်တွင် ယနေ့ (ဒီဇင်ဘာ ၃၀) နံနက်ပိုင်းတွင် အမျိုးသမီး ရုပ်အလောင်းတစ်လောင်း တွေ့ရှိရကြောင်း ဇမ္ဗူသီရိ အရေးပေါ်လူနာကူညီသယ်ဆောင်ရေးအဖွဲ့ထံမှ သိရသည်။ သေဆုံးသူမှာ အသက် ၄၀ ဝန်းကျင်အရွယ်ရှိ အမျိုးသမီးဖြစ်ပြီး ၎င်း၏ရုပ်အလောင်းကို ယနေ့ နံနက် ၉ နာရီခွဲအချိန်တွင် ထားဝယ်မြို့ ဝဲကျွန်းမြို့သစ် ရပ်ကွက်၊ ၇ လမ်းနှင့် ၁၀ လမ်းထောင့် အနီးတွေ့ရခြင်းဖြစ်ကြောင်း ဇမ္ဗူသီရိအဖွဲ့ထံမှသိရသည်။ သေဆုံးသူအမျိုးသမီးမှာ ခန္ဓာကိုယ်အပေါ်ပိုင်းတွင် အတွင်းခံအင်္ကျီသာရှိပြီး၊ ရုပ်အလောင်းအနီးတွင် အတွင်းခံဘောင်းဘီတစ်ထည်နှင့် စက်ဘီးတစ်စီး၊ ပိုက်ဆံတစ်ထောင်၊ ပေါင်ဒါဘူးတစ်ဘူးတွေ့ရကြောင်း ဇမ္ဗူသီရိ အရေးပေါ်လူနာ ကူညီသယ်ဆောင်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးကပြောသည်။ “ကျွန်တော်တို့စတွေ့ချိန်မှာတော့ အလောင်းကပက်လက်အနေထားပေါ့နော်။ အပေါ်ပိုင်းအင်္ကျီမရှိဘူးအတွင်းခံပဲရှိတယ်။ ဘောင်းဘီအရှည်ဝတ်ထားတယ်။ နဖူးမှာချိုင့်ဝင်ဒဏ်ရာ တွေ့တယ်”ဟု အထက်ပါတာဝန်ရှိသူပြောသည်။ သေဆုံးသူမှာ မည်သူမည်ဝါဖြစ်ကြောင်း မသိရသေးသလို ၎င်း၏ရုပ်အလောင်းကို ဇမ္ဗူသီရိအဖွဲ့မှ ‌အရေးပေါ်လူနာတင်ယာဉ်ဖြင့် […]

နှစ်မိနစ်စာ ကမ္ဘာ့ရေးရာ

Dawei Watch

December 30, 2024

အကြောင်းအရာများစွာ လျင်လျင်မြန်မြန် ဖြစ်ပျက်နေသည့် ယနေ့ကမ္ဘာ့အခြေအနေများကို စာဖတ်သူများ သိရှိနိုင်စေရန်အတွက် သတင်းဖြစ်စဉ်အချို့ကို ကောက်နုတ်ကာ လိုတိုရှင်း ဖော်ပြလိုက်ပါသည်။

ဘုတ်ပြင်းက အလယ်မန်‌ရွာတွင် ဂုံးချော အထွက်များနေပြီး ဈေးကောင်းရ

Dawei Watch

December 30, 2024

ဘုတ်ပြင်းမြို့နယ် အလယ်မန်ကျေးရွာတွင် ရှပ် ဟုခေါ်သည့် ဂုံးချော ယခုနှစ် အထွက်များနေပြီး ဈေးကောင်းရနေကြောင်း ဒေသခံများထံမှ သိရသည်။ အလယ်မန်ကျေးရွာ၏ အနောက်ဘက်ပင်လယ်ကမ်းစပ်တွင် ဒီဇင်ဘာလ ၂၀ရက်‌မှစကာ ရှပ် အများအပြား ပေါ်နေကြောင်း ဒေသခံများထံမှ သိရသည်။ “ရှပ် မပေါ်ဘဲနေတာ တော်တော်ကြာပြီ။ အခုတစ်ပြင်လုံးရှပ်တွေ အားပဲ (အရမ်း) ပေါ်နေတာ” ဟု အလယ်မန်ကျေးရွာနေ အမျိုးသမီးတစ်ဦးက ပြောသည်။ လက်ရှိတွင် ရှပ်တစ်ကီလိုလျှင် ကျပ်ငါးထောင် ပေါက်ဈေးရှိနေကြောင်း ဒေသခံများထံမှ သိရသည်။ ယမန်နှစ်ကမူ ရှပ်တစ်ကီလိုလျှင် ကျပ် သုံးထောင်ကျော်သာ ဈေးရခဲ့ကြောင်း ၎င်းတို့က ဆိုသည်။ “ရှပ်ငုပ်လှေတွေလည်း တအားပဲ (အရမ်းများတယ်)။ တချို့ဆို ပင်လယ်ငါးဖမ်းတောင် မထွက်ကြတော့ဘူး။ ရှပ်ပဲလာငုပ်နေကြတယ်” ဟု အလယ်မန်ကျေးရွာနေ အမျိုးသမီးအခြားတစ်ဦးက ပြောသည်။ လက်ရှိတွင် […]

မြိတ်မြို့ တွင် မူးယစ်ဆေးဝါး ကျပ်သိန်း ၁၂၀ ဖိုး ဖမ်းမိ

Dawei Watch

December 29, 2024

မြိတ်မြို့ တွင် ကာလတန်ဖိုး ကျပ် သိန်း ၁၂၀ တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား လေးထောင် ကို ဖမ်းဆီးရမိကြောင်း ယနေ့ ဒီဇင်ဘာလ ၂၉ ရက်တွင် စစ်ကောင်စီလက်အောက်ရှိ မြန်မာနိုင်ငံ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေတတ်သော ဆေးဝါးများ တားဆီးကာကွယ်ရေး ဗဟိုအဖွဲ့ (CCDAC Myanmar) က သတင်းထုတ်ပြန်သည်။ ဒီဇင်ဘာလ ၂၇ ရက်တွင် မြိတ်တောင်နယ်မြေ၊ စက်ဝင်းရပ် ၊ ဦးမြတ်လေးလမ်းရှိ အိမ်တွင် ဝင်ရောက်ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး မူးယစ်ဆေးဝါး များနှင့်အတူ ဖမ်းမိခဲ့သည့် အသက် ၅၁ နှစ်အရွယ် ဦးတင်ထွေးကို မြိတ်မြို့မရဲစခန်းတွင် အမှုဖွင့်အရေးယူထားကြောင်း ထုတ်ပြန်ချက်အရသိရသည်။ စစ်အာဏာသိမ်းပြီးနောက်ပိုင်း တနင်္သာရီတိုင်းတွင် မူးယစ်ဆေးဝါး ရောင်းဝယ်မှုများ ပေါ်ပေါ်တင်တင် လုပ်ဆောင်လာနေပြီး မူးယစ်ဆေးသုံးသူ အလွန်ပေါများလာနေသည်။ WY စိတ်ကြွဆေးပြားနှင့် […]

ရက်ရှည်ပြတ်တောက်နေသည့် အက်တမ်ဖုန်းလိုင်း ထားဝယ်မြို့အပါအဝင် နေရာအချို့တွင်ပြန်ရ

Dawei Watch

December 29, 2024

တနင်္သာရီတိုင်းတွင် ရက်ရှည်ပြတ်တောက်သွားသည့် အက်တမ်ဖုန်းလိုင်း ထားဝယ်မြို့အပါအဝင် နေရာအချို့တွင် လိုင်းပြန်ရနေပြီဖြစ်ကြောင်း ဒေသခံတို့ထံမှ သိရသည်။ ထားဝယ်မြို့ပေါ်တွင် ဒီဇင်ဘာလ ၂၈ ရက်မှစပြီး အက်တမ်ဖုန်းလိုင်း ပြန်ရနေပြီဖြစ်ကြောင်း မြို့ခံတစ်‌ဦးက ပြောသည်။ “ဖုန်းလိုင်းတွေကတော့ မနေ့ကတည်းက ရတယ်။ အင်တာနက်ကတော့ လိုင်းမကောင်း‌သေးဘူး” ဟု ၎င်းက ဆိုသည်။ လောင်းလုံးမြို့နယ်တွင်မူ ဒီဇင်ဘာလ ၂၈ ရက်မှစပြီး အက်တမ်ဖုန်းလိုင်း ရလိုက် ပြန်ပြတ်တောက်လိုက် ဖြစ်နေကြောင်း ဒေသခံများထံမှ သိရသည်။ “ဖုန်းလိုင်းတက်လာရင် အင်တာနက်ပါရတယ်။ ပြတ်နေတဲ့အချိန်က ပိုများနေတယ်။ ရတဲ့အချိန်က တစ်နေ့လုံးမှ တစ်နာရီ၊ နှစ်နာရီလောက်ပဲ” ဟု ဒေသခံတစ်ဦးက ပြောသည်။ အက်တမ်ဖုန်းလိုင်းသည် တနင်္သာရီတိုင်းအတွင်း နေရာအများစုတွင် နိုဝင်ဘာလ ၂၄ ရက်မှစပြီး ပြတ်တောက်သွားခြင်း ဖြစ်သည်။ ယင်းနေ့မှစပြီး ရက်ပေါင်း […]

ဘန်ကောက်မှ တောင်ကိုးရီးယားသို့ ပျံသန်းသည့်လေယာဉ် အဆင်းတွင်ပေါက်ကွဲမှုဖြစ်ပြီး သေဆုံးမှုများ

Dawei Watch

December 29, 2024

ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှ တောင်းကိုးရီးယားတောင်ပိုင်းသို့ ယနေ့ ဒီဇင်ဘာလ ၂၉ရက် နံနက်ပိုင်းက ပျံသန်းလာသော Jeju Air လေယာဉ်သည် လေဆိပ်အဆင်းတွင် ဘီးချ၍ မရဘဲ လေဆိပ်ခြံစည်းရိုးနှင့်တိုက်မိပြီး ပေါက်ကွဲမှုဖြစ်ခဲ့သည်။ လေယာဉ်ပေါ်တွင် ခရီးသည် ၁၇၅ ကျော်နှင့် လေယာဉ်အမှုထမ်း ၆ ဦး စုစုပေါင်း ၁၈၁ ဦး လိုက်ပါလာပြီး လက်ရှိအချိန်အထိ နှစ်ဦးကို ကယ်တင်နိုင်ကာ ကယ်ဆယ်ရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်နေဆဲဖြစ်သည်။ ထိုင်းစံတော်ချိန် နံနက် ၁၁ နာရီ (မြန်မာစံတော်ချိန် ၁၀နာရီခွဲ) တွင် ရရှိထားသော နောက်ဆုံးအချက်အလက်များအရ လေယာဉ်ပေါ် လိုက်ပါလာသူများအနက် နှစ်ဦးကို ကယ်တင်ထားနိုင်ပြီး ကျန် ၁၇၉ ဦးစလုံး သေဆုံးသည်ဟု တောင်ကိုရီးယား မီးသတ်တပ်ဖွဲ့က အတည်ပြုထားသည်။ လေယာဉ်ပေါ်လိုက်ပါလာသူများသည် တောင်ကိုးရီးယားနိုင်ငံသားအများစုဖြစ်ပြီး ထိုင်းနိုင်ငံသားများလည်း […]

မေတ္တာဗျူဟာစခန်းသို့ပို့မည့် စစ်ကောင်စီတပ်ရိက္ခာကားကို KNU ဖမ်း

Dawei Watch

December 28, 2024

ထားဝယ်အရှေ့တောဒေသ မေတ္တာဗျူဟာစခန်းသို့ မြေသယ်ကားဖြင့် ပို့ဆောင်သည့် စစ်ကောင်စီတပ်၏ ရိက္ခာကားတစ်စီးကို ဟိန္ဒူးချောင်းရွာအနီးတွင် ဖမ်းဆီးရရှိကြောင်း KNU တပ်မဟာ (၄) မြိတ်-ထားဝယ်ခရိုင်အတွင်းရေးမှူး ပဒိုစောအယ်နားက ပြောသည်။ ဒီဇင်ဘာလ ၂၆ ရက်က ကျောက်မဲတောင်မှ မေတ္တာဘက်သို့ ဆန်အိတ် ၆၈ အိတ်၊ စားသုံးဆီပုံးများနှင့် အခြားစားသောက်ကုန်များ တင်ဆောင်လာသည့် ကားကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA တပ်ရင်း ၁၂ က ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။ “ကားသမားကို ကျွန်တော်တို့ ဖမ်းထားတယ်။ ကားသမားက အရပ်သားပဲ။ ကားသမားနဲ့ကားကို လွှတ်ပေးပြီလား၊ မလွှတ်ပေးသေးဘူးလားဆိုတာ အသေးစိတ် တင်ပြလာမှု မရှိသေးဘူး” ဟု ပဒိုစောအယ်နားက ပြောဆိုသည်။ ကားသမားမှာ အရပ်သားဖြစ်နေသည့်အတွက် အရေးယူမည် မဟုတ်ဘဲ သတိပေးသည့်အဆင့်သာရှိမည်ဖြစ်ပြီး ရိက္ခာများနှင့် (မြေသယ်) ကားကိုမူ […]