တိုက်ပွဲမဖြစ်ဘဲ စစ်ကောင်စီတပ် ဘန်းချောင်းဒေသကို လေယာဉ်ဖြင့်ဗုံးကြဲ၊ ဒေသခံနှစ်ဦးဒဏ်ရာရ
Dawei Watch
January 7, 2025တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီတပ်က ဘန်းချောင်းဒေသ ကွမ်းချောင်းကြီးရွာကို ယနေ့ ဇန်နဝါရီလ ၇ ရက်တွင် တိုက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်သဖြင့် ဒေသခံနှစ်ဦး ထိခိုက်ဒဏ်ရာရကြောင်း KNU တပ်မဟာ (၄) ထံမှ သိရသည်။ ထားဝယ်အရှေ့တောဒေ မေတ္တာမြို့၏တောင်ဘက်ရှိ ကွမ်းချောင်းကြီးကျေးရွာကို စစ်ကောင်စီတပ်က ယနေ့ နေ့လယ်ပိုင်း ၁၁နာရီ ၄၅မိနစ်ခန့်တွင် ဗုံးကြဲတိုက်ခိုက်ခြင်းဖြစ်ကြောင်း KNU တပ်မဟာ (၄) မြိတ်-ထားဝယ်ခရိုင် အတွင်းရေးမှူး ပဒိုစောအယ်နားက ပြောသည်။ “ဘာကြောင့်ဗုံးလာကြဲလဲဆိုတော့ ကျွန်တော်တို့သုံးသပ်တာ မေတ္တာစခန်းနဲ့ ကျောက်မဲတောင်စခန်းက စစ်တပ်က လုံခြုံရေး အတွက် တော်တော်စိုးရိမ်တယ်လေ။ အဲဒါကြောင့်သူတို့က တစ်ခုခုထင်ပြီးတော့ ကျွန်တော်တို့လှုပ်ရှားတဲ့နေရာမှာ ကြိုပြီး တော့ ဗုံးကြဲသလိုမျိုး ဖြစ်နိုင်တာပေါ့နော်။ ဒါပေမဲ့သူတို့ကြဲတာက ကျွန်တော်တို့အဖွဲ့နေတဲ့စခန်း မဟုတ်ဘူး။ ရွာအလယ် တည့်တည့်ကြဲတာ” ဟု ၎င်းက […]


